0

အောက်မှာ ဖော်ပြထားတဲ့ ကုန်ကြမ်းပစ္စည်းတွေဟာ မြန်မာနိုင်ငံမှာပင် အလွယ်တကူရရှိနိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေပါ။ တန်ဖိုးလည်း နည်းပါးလှပြီး၊ ဓာတုဗေဒနဲ့ ထုတ်လုပ်ပြုပြင်ထားတဲ့ ပေါင်းတင်ဆေးတွေ၊ မျက်နှာသစ်ဆေးတွေထက် ပိုထိ ရောက်ပါတယ်။

၁) ခရမ်းချဉ်သီး


ခရမ်းချဉ်သီးဟာ အသားရေးအတွက် လိုအပ်တဲ့ ဗီတာမင်တွေ အပြည့်အ၀ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးကို ပေါင်းတင်တဲ့ အနေနဲ့ အသုံးပြုမယ်ဆိုရင်လည်း ခက်ခက်ခဲခဲ မလုပ်ရပါဘူး။ ပါးပါးလှီးလို့ပဲဖြစ်ဖြစ်၊ ဒီအတိုင်း အနှစ်ဖြစ်အောင် ကြိတ်လို့ပဲ ဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ အသားရေးကို ဖြူစင်ချောမွေ့စေပြီး၊ ၀က်ခြံတင်းတိပ် မှဲ့ခြောက် စတာတွေကို ဖယ်ရှားပေးပါတယ်။

(၂) အာလူး

အာလူကိုလည်းတော့ ခပ်ပါးပါးလေး လှီးပြီး မျက်နှာနဲ့ မိမိအသားရေထိမ်းသိမ်းလိုတဲ့ နေရာအနှံ့ကို ကပ်ပေးနိုင်ပါတယ်။ တစ်ရက်ကို ပေါင်းတင်ချိန် 10 မိနစ်မှ မိနစ် 20 လောက်အထိ လုပ်နိုင်ပါတယ်။ အားလူးသီးမှာ အစက်အပြောက်နဲ့ နေ လောင်ဒဏ်ကို ကြိုတင်ကာကွယ်ပေးနိုငတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။

(၃) သံပုရာ


သံပုရာသီးကတော့ အများသိတဲ့အတိုင်း အက်စစ်ဓာတ်လွန်ကဲတဲ့ အသီးဖြစ်ပါတယ်။ အသားရေပေါ်မူတည်ပြီး၊ သံပုရာရေ
အနည်းအများကို လိုသလိုအသုံးပြုနိုင်ပါတယ်။ တစ်ချို့ကတော့ မုန့်ဖုန်းဆိုဒါကို ရေနဲ့ ပြစ်ပြစ်လေး ဖျော်ပြီးမှ သံပုရာရေ နှစ်စက် သုံးစက် စသည်ထည့်ကာ ပေါင်းတင်လေ့ရှိပါတယ်။ အသားရေဖြူဝင်းမှုရဲ့ ဖြတ်လမ်းလို့တောင် ဆိုကြပါတယ်။

၎) လျှားစောင်းလက်ပတ်

ပျိုမေတို့ လုံးဝမကင်းနိုင်တဲ့ အလှကုန်ကြမ်းပစ္စည်းကို ပြပါဆိုရင် လျှားစောင်းလက်ပတ်ပါဘဲ။ အရည်ဓာတ်လွန်ကဲပြီး၊ အသားရေအားလုံးနဲ့ သင့်တော်ပါတယ်။ ရှားစောင်းလက်ပတ်ကို Gel ဖြစ်အောင် ကြိတ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ကို သုတ်လိမ်းကာ မိနစ် 20 အထိ ပေါင်းတင်နိုင်ပါတယ်။ တစ်ရက်ကို တစ်ကြိမ်လောက် ပြုလုပ်ပေးရုံနဲ့ ဖြူစင်ဝင်းပပြီး၊ အစက်အပျောက် ကင်းတဲ့ အသားရေကို ပိုင်ဆိုင်စေမှာပါ။

(၅) သခွားသီး


သခွားသီးကို မိမိကြိုက်နှစ်သက်တဲ့ နည်းနဲ့ ပေါင်းတင်ရာမှာ အသုံးပြုနိုင်ပါတယ်။ ပါးပါးလှီးပြီး သုံးတဲ့နည်းက လူသုံးများ ပေမယ့် အရည်ပြစ်အောင်ဖျော်ပြီး သုံးတဲ့နည်းက ပိုပြီးထိရောက်တယ်လို့ အလှပြင်ပညာရှင်တစ်ဦးက ပြောဖူးပါတယ်။ အသားရေအတွက် အသင့်တော်ဆုံး ကုန်ကြမ်းပါဘဲ။

(၆) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါတော့ ဓာတုဗေဒနည်းနဲ့ သဘာဝကုန်ကြမ်းတွေကို ထုတ်လုပ်ထားတဲ့ ဆိုဒါတစ်မျိုးဖြစ်ပါတယ်။ ရေချိုးခန်းသုံး ဆားအဖြစ်လည်း သုံးစွဲကြသလို၊ ပေါင်ဒါအဖြစ်လည်း သုံးကြပါတယ်။ အနံ့အသက် ပါဝင်မှုနည်းပါးပြီး၊ အသားရေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ယင်းဆိုဒါကို ခပ်ပြစ်ပြစ်ကလေး ဖျော်ပြီး ပေါင်းတင်ပစ္စည်းအဖြစ်လည်း သုံးနိုင်ပါတယ်

၇) ပျားရည်


ပျားရည်မှာ အသားရေကို အများကြီးအထောက်အပံပေးတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ အထူးသဖြင့် အရေပြားကင်
ဆာနဲ့ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက် စတဲ့ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်ကို ပါးပြင်နဲ့ ခန္ဓာကိုယ် အနှံ့အပြားပေါ်မှာ ခပ်ပါးပါးလေးသုတ်လိမ်းပေးပြီး၊ မိနစ် 20 လောက် ပေါင်းခံလိုက်ပါက ယခင်နဲ့ မတူတဲ့ အသားရေကို ခဏချင်း ပိုင်ဆိုင်စေမှာပါ။

(၈) သကြား


သကြားအမျိုးမျိုးရှိတဲ့အနက် ပေါင်းတင်ရာမှာ သုံးတဲ့သကြားကတော့ သကြားအညို အ၀ါတို့က ပိုကောင်းတယ်လို့ အလှပြင် ပညာရှင်တစ်ဦးက ပြောဖူးပါတယ်။ ဒါပေမယ့် တစ်ချို့ကလည်း သန့်စင်ပြီးသား ဖြူစွတ်နေတဲ့ သကြားက လည်း ကောင်းပါတယ်လို့ ညွှန်းကြပါတယ်။ သကြားကို ခပ်ပြစ်ပြစ်လေး ဖျော်ပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးရုံပါ။ အမည်းစက်တွေကို ဖယ်ရှားပေးတဲ့အပြင် နုပျိုတဲ့အသားရေကို ပေးစွမ်းနိုင်ပါတယ်။



source : brightside.me


Post a Comment

 
Top