0

ရွှေတောင် ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ဆင်မကြပ်လမ်းဆုံ ပြည်-ရန်ကုန် အဝေးပြေးကားလမ်းမပေါ်၌ ဇွန် ၁၂ ရက် နံနက် ၈ နာရီခွဲခန့်က ပရိုဘောက်ယာဉ်ပေါ်၌ အထောက်အထားမပါရှိသည့် လူသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းနိုင်ဦးနှင့်အဖွဲ့သည် ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် AA/----ပရိုဘောက်ယာဉ်ပေါ်တွင် အထောက်အထားမဲ့လူ များပါလာကြောင်း၊ ရွှေတောင်မြို့နယ်တပ်ဖွဲ့သို့ တာဝန်သိပြည်သူများက သတင်းပေးပို့ သဖြင့် ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရွှေတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူးတို့ဦးဆောင်သော ပူးပေါင်းအဖွဲ့က အဆိုပါယာဉ်အား စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နေ လှအောင်(ခ)ဆာလေး (၄၅ နှစ်) မောင်းနှင်ပြီး ပရိုဘောက်ယာဉ်ပေါ်၌ မာမွတ်ဂျာဘယ်(၂၁ နှစ်) (မှတ်ပုံတင်မရှိ) ကျောက်အို့ရွာ မင်းပြားမြို့ ၊ မာမွတ်ဆာဒဲ(၂၂ နှစ်) (မှတ်ပုံတင်မရှိ) တိမ်ဆိပ်ရွာ မင်းပြားမြို့၊ လော်ဟီး(၂၁ နှစ်)(မှတ်ပုံတင်မရှိ) ကိုင်းတောရွာ မြောင်းဘွေမြို့ မြောက်ဦးမြို့နယ်တို့ လိုက်ပါလာကြောင်း စစ်ဆေးတွေ့ရှိရ၍ ရွှေတောင်မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင် (ဆွာ)
MOI Webportal Myanmar

Post a Comment

 
Top