0

အသက်၄၀နား နီးလာပြီဖြစ်တဲ့ ဂျူဗင်တပ် ဂိုးသမားဘူဖွန်ရဲ့ ကစားသမားဘ၀ဟာ မကြာခင်မှာ အဆုံးသတ်တော့မှာပါ။ ၁၆နှစ်ကျော်ကြာ ဖြတ်သန်းလာတဲ့ ဂျူဗင်တပ်အသင်းကို ဘူဖွန်ဘယ်လောက်ထိ သံယောဇဉ်ရှိလဲဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။ ဒ့ါကြောင့်လဲ သူမရှိတော့တဲ့နောက်ပိုင်း ဂျူဗင်တပ်အသင်းအတွက် သူ့နေရာမှာ အစားထိုးသင့်တဲ့ ကစားသမားကို အကြံပေး ပြောကြားခဲ့ပါတယ်။

Jfeoiil0x4vitacjwhjz
အဆိုပါကစားသမားကတော့ ရိုးမားအသင်းရဲ့ ဂိုးသမားဆက်ဇီနီနဲ့ အေစီမီလန်အသင်းရဲ့ လူငယ်ဂိုးသမား ဒွန်နာရမ်မာတို့ပဲ ဖြစ်ပါတယ်။ ဘူဖွန်က “ကျွန်တော်ကစားသမားဘ၀က အနားယူခဲ့မယ်ဆိုရင် ဂျူဗင်တပ်အသင်းအနေနဲ့ ကျွန်တော့နေရာမှာ အစားထိုးဖို့ ဂိုးသမားတစ်ဦး ရှာဖွေရပါလိမ့်မယ်။ လက်ရှိအချိန်မှာ ကျွန်တော်နေရာအတွက် အသင့်တော်ဆုံး ကစားသမားကတော့ ဆက်ဇီနီဖြစ်ပြီး ရေရှည်စီမံကိန်း အတွက်ဆိုရင်တော့ ဒွန်နာရမ်မာကို ခေါ်ယူသင့်ပါတယ်။ လက်ရှိအချိန်မှာ ဆက်ဇီနီက အတွေ့အကြုံ အများကြီးရှိနေပြီး ဒွန်နာရမ်မာကတော့ ငယ်သေးတဲ့အပြင် အတွေ့အကြုံပိုင်းလဲ လိုအပ်ပါသေးတယ်” လို့ပြောကြားခဲ့တာပါ။

Utmhdbknt9jefxwwhym6

Post a Comment

 
Top