ပုံစံတစ်မျိုးစီနဲ့ ထူးထူးခြားခြားဖြစ်နေတဲ့ လူသားတစ်ချို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်..။
Yu Zhenhuan (Hairiest Man On Earth)
ဗြုန်းခနဲ မြင်လိုက်သူအဖို့ ဒါဟာ လူဝံလား လူလားဆိုပြီး အနည်းငယ်တော့ တွေဝေမိမှာပါ။ သူဟာ တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ၉၆% နှုန်းလောက်ဟာ အမွှေးအမျှင်တွေနဲ့ ဖုံးလွှမ်းနေပြီး သူဟာရှားပါးလူသားတစ်ဦးလိုဖြစ်နေပါတယ်။ ယခုတော့သူဟာ သူ့မျက်နှာပေါ်က အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ ပြုလုပ်နေပြီး သူငယ်ငယ်တည်းက မက်ခဲ့ရတဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ဖို့ ဆိုတဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားအားထုတ်နေပါတယ်။

Tom Staniford (Man With No Fat)
Tom Staniford ဆိုတဲ့ ၂၇ အရွယ် အမျိုးသားဟာလည်း MDP လို့ခေါ်တဲ့ ရှားပါးတဲ့ အခြေအနေမျိုးနဲ့ မွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူလိုလူမျိုးဟာ တစ်ကမ္ဘာလုံးမှာမှ ၈ ယောက်လောက်သာ ရှိနိုင်တဲ့ အခြေနေဖြစ်ပါတယ်။ သူ့ရဲ့မွေးရာပါလက္ခဏာကြောင့် သူခန္ဓာကိုယ်ဟာ ပြည့်ဖြိုးလာဖို့ ရာခိုင်နှုန်း လုံးဝမရှိနိုင်ပါဘူး။ သူဟာ မသန်စွမ်းစက်ဘီးစီးသူ တစ်ဦးဖြစ်ပြီး ၂၀၁၁ မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ သူရဲ့ အရပ်အမြင့်က တော့ ၆ ပေ ၃ လက်မ ဖြစ်ပါတယ်။

Carlos “Halfy” Rodriguez (Man With Half Head)
ကားမတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့ဦးခေါင်းဟာ ယခုလိုဖြစ်ခဲ့ရတာပါ။ ဒီမတော်မဆမှုဟာ သူ့ဦးခေါင်းကို အများကြီးပျက်စီးစေခဲ့ပါတယ်။ ဆရာဝန်တွေဟာ သူ့ရဲ့ဦးနှောက်နဲ့ပတ်သတ်ပြီး ကြီးမားတဲ့ ခွဲစိတ်မှုတွေကို ပြုလုပ်ခဲ့ရပေမယ့် သူဟာ ကံကောင်းစွာနဲ့ အသက်ရှင်နိုင်ခဲ့ပါတယ်။

Amoo Hadji (Dirtiest Man On Earth)
ဒါကတော့ ဟောလီးဝုဒ် ရုပ်ရှင်ထဲက အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။ သူဟာအပြင်မှာ တကယ်စင်စစ်ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ နှစ် ၆၀ လုံးလုံး ရေလုံးဝ မချိုးခဲ့သူပါ။ သူရဲ့ အသားအရေက ခြောက်သွေ့ မာကျောနေပါတယ်။ သူဟာ အီရန်လို့ခေါ်တဲ့သေးငယ်တဲ့ ရွာလေးတစ်ရွာက သချိုင်္င်းတွင်း တစ်ခုမှာ နေထိုင်ပါတယ်။ သူဟာ တောထဲမှ တိရိစ္ဆာန်ကောင်လေးများကို ဖမ်းယူစားသောက်ပြီး ဆေးလိပ်အဖြစ် တိရိစ္ဆာန်တွေပါတဲ့ မစင်ကို ပိုက်ထဲထည့်ကာ မီးညှိလို့ သောက်ပါတယ်။ တစ်ခါတစ်ရံမှာတော့ စီးကရက်သောက်တယ်လို့ဆိုပါတယ်။

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.