0
အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ အိမ်ထောင်ကွဲဖို့ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ အသက် ၄၀ အရွယ် ကာရိုလာအာနောဆိုသူ အမျိုးသမီးတဦးဟာ အိပ်ပျော်နေတဲ့ သူ့ရဲ့ကလေး ၂ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး သူ့ကိုယ်သူ လည်း သတ်သေခဲ့ပါတယ်။
ဇွန်လ ၆ ရက်နေ့က သတင်းပေးချက်အရ အခင်းဖြစ်နေအိမ်ကို ကယ်ဆယ်ရေးဝန်ထမ်းတွေ မနက် ၃ နာရီ ဝန်းကျ င်ေ လာက် ရောက်ရှိခဲ့ချိန်မှာတော့ အလောင်းတွေကို အိပ်ခန်းတွင်း အိပ်ရာထဲမှာ တွေ့ခဲ့ရတာဖြစ်ပြီး အိမ်မှာမွေးထားတဲ့ ခွေး ပါ သေဆုံးနေတာ တွေ့ခဲ့ကြရတာပါ။


သေမှုသေခင်းဆိုင်ရာ မှုခင်းဆရာဝန် ဒေါက်တာစတီဗင်က ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ခွဲစိတ်စစ်ဆေးပြီးေ နာက် မှာေ တာ့ ကာရိုလာနဲ့ သူ့ရဲ့ ကလေး ၂ ဦး သေဆုံးမှုဟာ လူသတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ကာရိုလာဟာ ၁၀ နှစ်အရွယ် သမီးဖြစ်သူ ဦးခေါင်းနဲ့ ၄ နှစ်အရွယ် သားရဲ့ ခန္ဓာကိုယ်ထဲကို သေနတ်နဲ့ အချက်ပေါင်း များ စွာ ပစ်ခဲ့ပြီးနောက် သူ့ကိုယ်သူ သေနတ်နဲ့ပစ် သတ်သေခဲ့တာလို့ ဒေါက်တာစတီဗင်က ပြောပါတယ်။
သူဟာ ခွဲပြီးနေနေတဲ့ ခင်ပွန်းဖြစ်သူ မီဂယ်လ် နေထိုင်ရာ အိမ်က ကားဂိုဒေါင်အပါအဝင် အိမ်မှာရှိတဲ့ ပစ္စည်းတွေကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သေးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် ခင်ပွန်းဖြစ်သူက ည ၁၀ နာရီကတည်းက အလုပ်ဝင်နေလို့ အခင်းဖြစ်ချိန်မှာ မရှိခဲ့ပါဘူး။ ကာရို လာဆီမှာ တွေ့ရတဲ့ သေနတ်ဟာ ကျည်ဆံတွေနဲ့အတူ ဇွန် ၅ ရက်နေ့က တရားဝင် ဝယ်ခဲ့တာဖြစ်တယ်လို့ အာဏာပို င်ေ တွက ပြောပါတယ်။

“နည်းနည်းလေး သက်သာရာရစေတာကတော့ သူဟာ ကလေးတွေအိပ်ပျော်နေတုန်း သေနတ်နဲ့ ပစ်ခဲ့ပုံပေါ်တယ်” လို့ ခရိုင်ရှေ့နေ စတက်ဒ်မန်းက သတင်းဌာနတွေကို ပြောပါတယ်။
အခင်းဖြစ်ပွားပြီး ခင်ပွန်းဖြစ်သူ မီဂယ် အိမ်ပြန်ရောက်လာပုံကတော့ တကယ့်ကို “ကြောက်လန့်ဒေါသဖြစ်ပြီး စိတ်မထိ န်းနိုင်တဲ့” အခြေအနေပါပဲလို့ အိမ်နီးချင်းတဦးက ဆိုပါတယ်။
အိမ်နီးချင်းတဦးဖြစ်သူ အသက် ၇၀ အရွယ် ရွန်က ဒီမိသားစုက “သိပ်ချစ်စရာကောင်းတဲ့” မိသားစုဖြစ်ကြောင်း၊ ဖခင်က အမေအတွက် ပန်းတွေခူးဖို့ ဝက်ဂွန်ကားထဲကနေ ကလေး ၂ ယောက်ကို အိမ်ဘေးနားကလမ်းပေါ် ချပေးလေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။တရားရုံးမှတ်တမ်းတွေအရ ကာရိုလာက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သူတို့ရဲ့ ဆယ်နှစ်သက် တမ်းရှိ အိမ်ထောင်ရေးက “အဖတ်ဆယ်မရအောင် ပြိုကွဲနေပြီ” ဖြစ်တယ်လို့ ရေးသားပြီး ခင်ပွန်းဖြစ်သူ မီဂယ်လ်နဲ့ ကွဲ ကွာဖို့ တရားရုံးမှာ အမှုဖွင့်ခဲ့တယ်လို့ လန်ကက်စတာအွန်လိုင်းသတင်းမှာ ရေးသားထားပါတယ်။
ရှေ့နေ စတက်ဒ်မန်းက “ခါးသီးလှတဲ့ အိမ်ထောင်ကွဲတာကနေ” ဒီဖြစ်ရပ်တွေ ဖြစ်လာတာလို့ ပြောလိုက်ပြီး ကာရိုလာက စိတ်ပိုင်းဆိုင်ရာကုသမှု ခံနေရသူလို့လည်း ပြောပါတယ်။
အာဏာပိုင်တွေကတော့ သူ့ရဲ့ဆွေမျိုးတွေနဲ့ တခြား ရင်းနှီးသူတွေဆီကတဆင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေ အနေကို သိရှိဖို့ စိတ်ဝင်စားနေကြတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၇ ရက်နေ့က ရေးထားပါတယ်။
———————————

Post a Comment

 
Top