0

ရန်ကုန်၊ဇွန်လ ၂၁။ ကျောက်တန်းမြို့၊ စံချိန်မီရပ်ကွက်မှာ အိမ်ပိုင်ရှင်အမျိုးသားဟာ အိမ်အလည်လာတဲ့ အသက် ၁၈နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ်။
“ ပြုကျင့်ခံရတဲ့ မိန်းကလေးက ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားရဲ့ဇနီးနဲ့ဆွေမျိုးတော်စပ်တယ်လို့သိရတယ်။ ပြုကျင့်ခံရတဲ့မိန်းကလေးက အိမ်ထောင်နဲ့ကွဲနေတယ်။ ပြစ်မှုကျူးလွန်တဲ့အမျိုးသားကို ဖမ်းဆီးအရေးယူထားပြီးပါပြီ။”လို့ကျောက်တန်းမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ မ.. အသက်( ၁၈)နှစ်ဖြစ်ပြီး ကျောက်တန်းမြို့၊ ကွနီးကျေးရွာမှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တဲ့အမျိုးသားဟာ ဦးခင်မောင်ဦး အသက် (၅၁)ဖြစ်ပြီး ကျောက်တန်းမြို့ ၊ စံချိန်မီရပ်ကွက်မှာနေထိုင်တယ်လို့သိရပါတယ်။
ဇွန်လ ၁၉ရက်နေ့ ည၁၁နာရီခန့်က ဦးခင်မောင်ဦးဟာ မ..အိပ်ရာ ထဲကိုဝင်လာပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
ဇွန်လ ၂၀ရက်နေ့မှာ ကျုးလွန်ခံရတဲ့အမျိုးသမီးဟာ ကျောက်တန်းမြို့မရဲစခန်းကို သွားရောက်တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ကျောက်တန်းမြို့မရဲစခန်းက ဦးခင်မောင်ဦးကို (ပ)၄၀၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆နဲ့အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။


Post a Comment

 
Top