0

 ယနေ့ခေတ်ရဲ့ ညဏ်အကောင်းဆုံးသူတွေထဲမှာ မူးယစ်ဆေးဝါးတွေကို မှောင်ခိုတင်သွင်းနေသူများလည်း အပါအဝင်ဖြစ်ပါတယ်။ သူတို့ရဲ့ပစ္စည်းတွေကို အချိန်မှန် နေရာမှန် လူမှန်ရောက်အောင် ပို့ဆောင်ပေးနိုင်ဖို့အတွက် သူများတွေနဲ့မတူတဲ့ ပရိယာယ်ပေါင်းများစွာနဲ့ ပို့ဆောင်ကြလေ့ရှိပါတယ်။ အခုလည်း ကိုလံဘီယာနိုင်ငံက မူးယစ်ဆေးမှောင်ခိုသမားများဟာ စစ်တပ်ပိုင် ရေငုပ်သင်္ဘောကိုသုံးပြီး မူးယစ်ဆေးတွေကို ပို့ဆောင်ခဲ့ပြန်ပါတယ်။

 PopularMechanics ရဲ့ ဖော်ပြချက်အရ ဂွာတီမာလာနိုင်ငံက ရဲတပ်ဖွဲ့ဝင်များဟာ Very Slender Vessels ( VSV ) အမည်ရတဲ့ ရေငုပ်သဘောင်္တစ်စင်းကို တွေ့ရှိခဲ့ပြီး ရာဇဝတ်သားများအနေနဲ့ ဒီရေယာဉ်ကို အသုံးပြုကာ သူတို့ရဲ့မှောင်ခိုလုပ်ငန်းတွေကို လျှို့ဝှက်လုပ်ကိုင်နေကြောင်းပါ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ တကယ်တော့ ဒီရေငုပ်သင်္ဘောကြီးဟာ ဂွာတီမာလာစစ်တပ်ပိုင် သင်္ဘောတစ်စင်းဖြစ်ပြီး ဂွာတီမာလာနိုင်ငံရဲ့ကမ်းခြေကနေ ၂၃မိုင်အကွာ Sipacate နဲ့ Nahualate မြစ်နှစ်စင်းကြားမှာ စွန့်ပစ်ထားခဲ့တဲ့ ရေယာဉ်တစ်စင်းဖြစ်ပါတယ်။

 ဒီလိုစွန့်ပစ်ထားတဲ့ ရေငုပ်သင်္ဘောထဲမှာ အင်ဂျင်စက်နဲ့ ရေကြောင်းပြကိရိယာများကိုတော့ ဖြုတ်ထားခဲ့တယ်လို့ Covert Shores ဝက်ဆိုဒ်ရဲ့စာရေးဆရာ HI Sutton က ရေးသားဖော်ပြထားခဲ့ပါတယ်။ Sutton က VSV ရေငုပ်သင်္ဘောကို စစ်တပ်မှာအသုံးပြုဖို့နဲ့ လူတွေစီးနင်းလိုက်ပါဖို့ကိုသာ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး အခုလို Narco ရေငုပ်သင်္ဘော ( ကိုယ်ပိုင်ပြန်လုပ်ထားတဲ့ ရေငုပ်သင်္ဘော ) မျိုး ပြုလုပ်ထားတာကိုတော့ အခုမှသာ တွေ့မြင်ရတာဖြစ်ကြောင်း ပြောဆိုရှင်းပြထားပါတယ်။

 VSV ရေငုပ်သင်္ဘောဟာ အလယ်အလတ်တန်းစား ရေငုပ်သင်္ဘောပုံစံတစ်ခုဖြစ်ပြီး ရေအောက်မှာ လျင်မြန်စွာ သွားလာနိုင်သလို ရေဒါတွေထဲမှာ ရှာဖွေ့လို့မရနိုင်အောင် ပြုလုပ်နိုင်စွမ်းလည်းရှိပါတယ်။ ရေငုပ်သင်္ဘောရဲ့အောက်ခြေမှာ ကုန်စည်တွေထည့်ဖို့ အခန်းအနည်းငယ်သာ ရှိနေပေမယ့် တန်ချိန်မီလျီယံလောက်ကို ကုန်ပစ္စည်းတွေ တင်ဆောင်နိုင်တာကြောင့် မူးယစ်ဆေးမှောင်ခိုတင်သွင်းသူများရဲ့ စိတ်ကြိုက်ဖြစ်ခဲ့ရတယ်လို့ HI Sutton က ရှင်းပြထားပါတယ်။ Sutton ရဲ့ အဆုံးသတ်ခန့်မှန်းချက်အရ ရာဇဝတ်သားများအနေနဲ့ VSV ရေယာဉ်ကိုအသုံးပြုပြီး ကိုလံဘီယာနိုင်ငံကနေ မက္ကဆီကို သို့မဟုတ် ဂွာတီမလာနိုင်ငံကို လေးရက်အတွင်း ရောက်လာပြီး မူးယစ်ဆေးတွေ တင်သွင်းခဲ့တယ်လို့ သိရှိထားရပါတယ်ခင်ဗျာ။

VitamiN


Ref:elitereders

Post a Comment

 
Top