0
ကလေးသရုပ်ဆောင်ကနေ ပရိသတ်တွေ ချစ်ခင် အားပေးမှု့ များစွာ ရရှိလာခဲ့တဲ့ ၀ါဆိုမိုးဦးက ပရိသတ်တောင်းဆိုတဲ့အခါ ဘက်စုံ ရနေတာမျိုး ဖြစ်ချင်လို့ သရုပ်ဆောင်ရော၊ အဆိုရော၊ အကကိုပါ လုပ်နိုင်အောင် ကြိုးစားထားတာပါဆိုတဲ့ အတွက် သူမနဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ဘယ်လိုကာရိုက်တာတွေကို လက်ခံဖြစ်လဲ…
ဖြေ။ ။ကိုယ့်အတွက် လုပ်ကွက်ရှိတာလေးတွေ၊ ဇာတ်လမ်းက ကိုယ့်အတွက် ဘယ်လိုဖြစ်နိုင်လဲ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းလား၊ ပရိသတ်ရင်ထဲရောက်မယ့် ဇာတ်လမ်းမျိုးဖြစ်မလား၊ အဲဒါမျိုးလေးတွေ တစ်ချက်ကြည့်တယ်။ အဆင်ပြေမယ်ဆို ရိုက်တယ်။ မပြေရင်တော့ မရိုက်ဖြစ်ဘူး။
Dql4t3cibwzohakhi4qv
မေး။ ။ကာရိုက်တာရွေးတဲ့ အတွက် ပရိသတ်နဲ့ အဆက်ပျက်မှာမျိုးကို စိတ်ပူလား…..
ဖြေ။ ။မပူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဇာတ်လမ်းရွေးချယ်မှု့ ပိုင်နိုင်မှ ပရိသတ်ရင်ထဲရောက်အောင် လုပ်ပြနိုင်ဖို့ အခွင့်အရေးပိုရလာနိုင်မယ်လို့ ထင်တယ်။ ကိုယ်လုပ်နိုင်မှ လုပ်တာပိုကောင်းတယ်။ ကိုယ့်ဆီလာတဲ့ ဇာတ်ကို လုပ်နိုင်လား အရင်ကြည့်တယ်။ လုပ်နိုင်လား အရင်ကြည့်ပြီး လက်ခံတာပိုကောင်းတယ်။ ကိုယ်သေချာလုပ်မှ ထွက်လာတဲ့ အခါကြရင် ကြည့်တဲ့ပရိသတ်က သူသေချာလုပ်ထားတယ်၊ ဇာတ်ကောင်အပေါ်မှာ ပီပြင်စွာ သရုပ်ဆောင်ထားတယ်ဆိုပြီး ပိုပြီးကြိုက်မယ်လို့ ထင်တယ်။
Merhnmox0yqxqwcmoie8
မေး။ ။အနုပညာလောကမှာ ကျင်လည်ခဲ့တာ ကြာပြီဆိုတော့ ကိုယ်ရောက်နေတဲ့ နေရာကို ကျေနပ်ပြီလား….
ဖြေ။ ။သိပ်တော့ မကျေနပ်သေးဘူး။ အားမရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၀ါဆိုခံယူထားတာပေါ့နော် အနုပညာသမားတစ်ယောက်က ဘက်စုံ တတ်သင့်တယ်။ အရာရာတိုင်း Perfect ကြီးမဟုတ်တောင် ပရိသတ်တောင်းဆိုတဲ့ အခါကျရင် သရုပ်ဆောင်ဆိုသရုပ်ဆောင်၊ အဆိုဆိုရင် အဆို၊ အကဆိုရင် အက အဲလိုမျိုးလေးရအောင် နဲနဲဆီတတ်သင့်တယ်ထင်လို့ ၀ါဆို ရပ်တည်နေတဲ့ လမ်းကြောင်းမှာ ကြိုးစားပြီးတော့ လုပ်ဆောင်နေတယ်။ ကိုယ့်ရဲ့ကြိုးစားမှု့ကိုလဲ ပရိသတ်က အသိအမှတ်ပြု့ ပေးကြတယ်။ ပရိသတ်အားပေးလို့ ၀ါဆိုမိုးဦး ဆိုပြီး ရပ်တည်နေနိုင်တာပါ။
O4cjv8rltbsthfobthpb
မေး။ ။သီချင်းခွေရော ထပ်လုပ်ဖို့ရှိလား….
ဖြေ။ ။သီချင်းခွေတော့ မလုပ်ဖြစ်သေးဘူး။ ၂၀၁၈ထဲမှာ ရုပ်ရှင်တစ်ကားတော့ ထုတ်ရိုက်ဖို့ ရှိတယ်။ ရုပ်ရှင်ဘက်ကို ပြန်လှမ်းမယ်ပေါ့နော်။ ကိုယ်တိုင်ထုတ်လုပ်ရေးနဲ့ပဲ ပရိသတ်ရင်ထဲကိုရောက်မယ့် ဇာတ်လေးရွေးမယ်။ ဒီသီချင်းခွေ ထွက်ပြီးရင် ကားကြီးတစ်ကားရိုက်မယ်ဆိုပြီး စီစဉ်ထားတာပေါ့နော်။ အခုက အခွေထွက်ထားတာလဲ မကြာသေးဘူးဆိုတော့ ခဏနားထားတာ။ ဖျော်ဖြေရေးလေးတွေ ကြော်ညာတွေ ရိုက်ဖြစ်နေပါတယ်။
M3ojdxwgbtcgyp0jdhk2 မေး။ ။ပရိသတ်အတွက် စကားလက်ဆောင်လေး ပြောပေးပါဦး...
ဖြေ။ ။ဝါဆိုကို ဒီနေ့ ဒီအချိန်ထိ အားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၀ါဆိုလဲ အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။

Post a Comment

 
Top