0

sa3
နေပြည်တော်၊ဇွန် ၁၂
‘စစစ’ က လစ်လပ်နေသော လက်ထောက်စုံစမ်းရေးမှူး နေရာ အပါအ၀င်ရာထူးနေရာ (၃၀၀) အတွက် အလုပ်ခေါ် ထားသည်ကို တွေ့ရသည်။ထိုထဲတွင် လက်ထောက်စုံစမ်းရေးမှူး နေရာ ၁၀၀ လည်း ပါသည်ဟု အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန က ပြောခွင့်ရ အရာရှိ ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေးဌာန) ဦးသိန်းနိုင်ထွန်း က ပြောသည်။
တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရထားပြီး ၁-၈-၂၀၁၇ နေ့တွင် အသက် ၂၇နှစ် မကြီးသူဖြစ်ရမည်စု အရည်အချင်းသတ်မှတ်ချက်ထဲ ဖော်ပြထားသည်။”တိုင်းနဲ့ပြည်နယ် အသီးသီးမှာ တာဝန် ချထားမှာပါ”ပြောခွင့်ရ အရာရှိက ပြောသည်။ပြီးခဲ့သည့် ၄လကျော်၊၅လ ပိုင်းကလည်း ဒုတိယစုံစမ်းရေးမှူး နေရာ ၁၁၀ ကို ယင်းဦးစီးဌာနက ခေါ်ခဲ့သေးသည်။

Post a Comment

 
Top