0

 
 သူ့ရုပ်ရည်လေးနဲ့ မထင်ရက်စရာပါပဲ။

စူပါမော်ဒယ် ကိတ်မော့စ်ရဲ့ညီမငယ် အသက် ၁၉ နှစ်အရွယ် လော်တီမော့စ်တစ်ယောက် လူမြင်ကွင်းမှာ အပေါ့စွန့်ခဲ့တာဖြစ်ပြီး သူမလို ငယ်ရွယ်လှပတဲ့ မိန်းကလေးတစ်ယောက်က ဒီလိုလုပ်တယ်ဆိုတာ ဓာတ်ပုံတွေသာ မမြင်ရရင် ယုံနိုင်စရာတောင် မရှိပါဘူး။
 

လော်တီမော့စ် (Lottie Moss) ဟာ သူမရဲ့ချစ်သူ အဲလက်စ်မက်သွန်နဲ့ သူငယ်ချင်း အဲလာဝီစ်တို့နဲ့အတူ စပိန်နိုင်ငံ၊ အီဗီဇာမြို့မှာ ညဘက် သောက်စားလျှောက်လည်ကြရင်း အခုလို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
လော်တီမော့စ်ဟာ အနေအေးပြီး တည်ငြိမ်တဲ့အတွက် အခုလို လမ်းဘေးဆန်တဲ့ အပြုအမူ လုပ်လိုက်တာကို အားလုံးက အံ့သြနေကြပါတယ်။
မော်ဒယ်မလေးဟာ သူမရဲ့ဘောင်းဘီတိုကို ချွတ်နေပုံကို ဓာတ်ပုံထဲမှာ မြင်တွေ့ရပြီး ဘေးမှာလည်း သူမရဲ့သူငယ်ချင်းကို တွေ့ရပါတယ်။
လော်တီမော့စ်ဟာ အသက် ၄၃ နှစ်အရွယ် စူပါမော်ဒယ် ကိတ်မော့စ်ရဲ့ အဖေတူ အမေကွဲညီမငယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Teen Vogue မှာ ပါဝင်ပြီးနောက် စတင်နာမည်ကြီးလာတာ ဖြစ်ပါတယ်။
 

သူမရဲ့အမည်ရင်းက ချားလော့စ်မော့စ်ဖြစ်ပြီး ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က လန်ဒန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်လောကကို မဝင်ခင်မှာတော့ မိသားစုလုပ်ငန်းဖြစ်တဲ့ ဂန္ထဝင် (Vintage) အဝတ်အထည်ဆိုင်မှာ ကူညီလုပ်ကိုင်ခဲ့သူပါ။
 
လော်တီမော့စ်၊ အဲလက်စ်မက်သွန်နဲ့ အဲလာဝီစ်



Source : Daily Mail

Post a Comment

 
Top