0


ကျိုင်းတုံ၊ ဇွန် ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် မိုင်းကန် သစ်တောကြိုးဝိုင်း အတွင်း၌ သစ်များ တရားမဝင် ထုတ်ယူသူများကို ဇွန်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေခဲ့ရာ သစ်ခွဲသားများ ဖမ်းဆီးရမိကြောင်း ယင်းပြည်နယ်သစ်တောဦးစီးမှူး ဦးစိုးမြင့်သိန်းက ပြောကြားသည်။

“နယ်ခြားစောင့်တပ်နဲ့ နယ်မြေခံတပ်ရင်း အပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ နှစ်ရက်ဆက်တိုက် ရှာဖွေခဲ့ရာမှာ အင်ကြင်းခွဲသားနဲ့ သစ်အယ်ခွဲသား ၁၂ တန်ကျော် ဖမ်းမိတယ်။ တရားခံတွေတော့ မတွေ့ရှိပေမယ့် အနီးနားကျေးရွာတွေက ဖြစ်ဖို့များလို့ စုံစမ်းဖော်ထုတ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မိုင်းကန်သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်ခိုးထုတ်သူများကို ရှာဖွေခဲ့ရာ အကွက်အမှတ် ၁ တွင် အင်ကြင်းခွဲသား ၈ ချောင်း (၀ ဒသမ ၉၂၆၆ တန်)၊ အကွက်အမှတ် ၄ တွင် အင်ကြင်းခွဲသား ၈၂ ချောင်း (၅ ဒသမ ၄၀၀၈ တန်) နှင့် အကွက်အမှတ် ၅ တွင် အင်ကြင်းခွဲသား ၂၁ ချောင်း (၃ ဒသမ ၅၆၆၀ တန်)၊ သစ်အယ်ခွဲသား ၂၅ ချောင်း (၂ ဒသမ ၈၅၂၆ တန်) ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

R-16
ဓာတ်ပုံ - သစ်တော

Post a Comment

 
Top