0
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်တိုက်နယ်အပိုင်၊ ငါးလာချောင်းကျေးရွာအုပ်စု ဧရာဝတီမြစ် ကမ်းပါး တလျှောက်တွင် ညစဉ်ညတိုင်း တရားမဝင်ကျောက်စုပ်မော်တော်ကြီးများမှ မော်တော်စီးရေ( ၂၅ ) စီးခန့် တရားမဝင်ေ ကျာက်စုပ်နေသည်မှာတစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်ပါသည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင် တွဲတင်ပေးထားပါသည် )

၎င်းကိစ္စနှင့်ပတ်သတ်၍ တားမြစ်ပေးပါရန် သက်ဆိုင်ရာအာဏာပိုင်များအား အသိပေးအကြောင်းကြားခဲ့သော်လည်း ထိေ ရာက်သောအရေးယူမှုများ (လုံးဝ) ( လုံးဝ) မပြုလုပ်ပေးပါသဖြင့် တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် ငါးလာချော င်းကျေးရွာတစ်ရွာလုံး မြစ်ကမ်းပါးပြိုကျပြီး ရွာလုံးကျွတ် ဒုက္ခမျိုးစုံကြုံတွေ့ရမည့်ဘေးမှ ကာကွယ်နိုင်ရန်နှင့် ထိရောက်စွာ အရေးယူတားဆီးပေးနိုင်မည့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအားလုံးအား အကူအညီပေးနိုင်ပါရန် အကူအညီေ တာင်းခံအပ်ပါသည်။

ငါးလာချောင်းကျေးရွာသူကျေးရွာသားအားလုံးမှ မခံမရပ်နိုင်သဖြင့်ညစဉ်ညတိုင်း မြစ်ကမ်းပါးသို့ဆင်းကာ စုပေါင်းအင် အားဖြင့် အော်ဟစ်တားဆီးနေသည့် ဗီဒီယို၊ ဓာတ်ပုံများကိုလဲ ပူးတွဲတင်ပြအပ်ပါသည်

Post a Comment

 
Top