0

မန္တလေးတိုင်းဒေသကြီး ကူမဲမြို့ နယ် ကဆွန်ကျေးရွာအုပ်စုပိုင် မင်းကိုးပါးတောအနီးမှာ ဇွန်လ ၁၃ ရက်နေ့ မနက် ၁၀နာရီခွဲခန့် က သမီးရည်းစားချိန်းတွေ့ရာမှ စကားများပြီး လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။


ဖြစ်စဉ်မှာ ကူမဲမြို့ လမ်းခွအုပ်စု ပေါမောကျေးရွာနေ ဆယ်အိမ်စုမှူးဦးရွှေမြင့် ကူမဲမြို့သို့  ရောက်ရှိနေစဉ် တစ်ရွာတည်းနေဦးတိုင်းကျော်မှ ၄င်း၏သားဖြစ်သူ မောင်ပြည့်ဖြိုးဦး(ခ)ဖြိုးတင့် အသက်(၂၁နှစ်)သည် ၁၃ ၆ ၂၀၁၇နံနက် ၁၀း၃၀အချိန်ခန့်က သီလင်ကျေးရွာ ထန်းတောကုန်းနေ (အဘ) ဦးထွန်းစီ၏ သမီးဖြစ်သူ မသင်းသင်းနွယ် အသက်(၃၁နှစ်)နှင့် ချစ်သူတို့သဘာဝ ကဆွန်ကျေးရွာအုပ်စုပိုင် မင်းကိုးပါးတောအနီး ချိန်းဆိုတွေ့ဆုံခဲ့ကြရာမှ စိတ်အခန့်မသင့်ကြပဲ စကားများရန်ဖြစ်ခဲ့ကြကြောင်း ထိုသို့စကားများရာမှ ပြည့်ဖြိုးဦး(ခ)ဖြိုးတင့်မှ စိတ်မထိန်းနိုင်ပဲပါလာသည့် အရိုးအသွား ၁၁လက်မရှိ စတီးဒါးဦးချွန်နှင့် ထိုးလိုက်ရာ မသင်းသင်းနွယ်၏ ဝဲဖက်ရင်အုံအောက်ထိုးမိပြီး လဲကျသေဆုံးခဲ့ကြောင်း လက်ကိုင်ဖုန်းဖြင့် သတင်းပေးခဲ့ပါသည်။


ဦးရွှေမြင့်မှ ဆက်လက်၍ သက်ဆိုင်ရာ ကူမဲနယ်မြေရဲစခန်းသို့ သတင်းပေးပို့ခဲ့ရာ ကူမဲနယ်မြေရဲစခန်းမှူးရဲအုပ်အောင်မိုး သက်သေများဖြစ်သူ ကူမဲအုပ်ချူ ပ်ရေးမှူးဦးမောင်မောင် ပေါမောကျေးရွာဆယ်အိမ်စုမှူးဦးရွှေမြင့်တို့သည် အခင်းဖြစ်ပွားရာနေရာသို့ ပြည့်ဖြိုးဦး(ခ)ဖြိုးတင့်အားခေါ်ဆောင်လျက်သွားရောက်ခဲ့ရာ ဦးဥာဏ်လင်း ပိုင် နှမ်းနှင့်ပဲတီစိမ်းစိုက်ခင်းအတွင်း သေဆုံးနေသော မသင်းသင်းနွယ်၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရပါသည်။


ရုပ်အလောင်းအား ကူမဲမြို့ဗြဟ္မပါလနာရေးကူညီမှုယာဉ်ဖြင့် သယ်ဆောင်ပြီး ကူမဲဆေးရုံသို့ပို့အပ်ကာ မသင်းသင်းနွယ်အား သေဆုံးအောင် ရန်ပြုလုပ်ဆောင်ခဲ့သူ ပြည့်ဖြိုးဦး(ခ)ဖြိုးတင့်အားကူမဲနယ်မြေရဲစခန်းမှူးရဲအုပ်အောင်မိုးမှ တရားလိုပြုလုပ်ပြီး သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Crd - ကူမဲ အုပ်ချုပ်ရေးမှူး
https://www.facebook.com/kumecitynews

Post a Comment

 
Top