0
Mdnhiijuy9m7wjzkes6g

မော်ရင်ဟိုဟာ ဘာစီလိုနာ ဘယ်နောက်ခံလူ ဂျော်ဒီအယ်ဘာကို ခေါ်ယူဖို့အတွက် အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားကို အသုံးပြုသွားဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် မန်ယူပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရပါတယ်။
Auxrw8i5qgfo58igz0sh
ဟာရဲရား ကိုယ်တိုင်ကလဲ ဘာစီလိုနာက ကမ်းလှမ်းခဲ့တာတောင် မန်ယူအသင်းမှာပဲ ဆက်နေမယ်ဆိုပြီး အခိုင်အမာ ပြောကြားခဲ့ပြီးသားပါ။ မန်ယူပရိသတ်တွေကလဲ ဟာရဲရားကို အသင်းခေါင်းဆောင် ဖြစ်ဖို့အထိ မျှော်မှန်းထားတဲ့အချိန်မှာ အဆိုပါသတင်းကြောင့် ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။
Mprygj3bl5gg8bmmvh2a
မော်ရင်ဟိုက သူသဘောမကျတဲ့ လုခ်ရှောနေရာမှာ ဘယ်တောင်ပံတစ်လျှောက် အတက်အဆင်း ကစားနိုင်တဲ့အပြင် ဥရောပအတွေ့အကြုံပါရှိတဲ့ ဂျော်ဒီအယ်ဘာကို ခေါ်ယူလိုနေတာပါ။ ဂျော်ဒီအယ်ဘာကိုခေါ်ယူဖို့ မန်ယူအသင်းက ပြောင်းရွှေ့ကြေး အများအပြား သုံးနိုင်ပေမယ့် ဘာစီလိုနာအသင်းကလဲ သူတို့ရဲ့အဓိက နောက်ခံလူကို လက်လွှတ်ဖို့မရှိပါဘူး။ ဒါ့ကြောင့်လဲ မော်ရင်ဟိုက ဘာစီလိုနာအသင်း အလိုရှိနေတဲ့ ဟာရဲရားကို အသုံးပြုဖို့ စီစဉ်နေတာပါ။ သူ့စိတ်ကူးနဲ့သူက မှန်တယ်လို့ထင်ရပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။

Post a Comment

 
Top