0
ပယင်းတုံးထဲမှာ ပိတ်မိနေ သော သက်တမ်း နှစ်၉၉ သန်းရှိ ကမ္ဘာဦးခေတ် ငှက်ကလေးတစ်ကောင် ကို မြန်မာနိုင်ငံမှ သုတေသီများ က ရှာဖွေတွေ့ရှိခဲ့သည်။ ထိုရှေး ကမ္ဘာဦးခေတ်က ငှက်သည် မွေးခါစရက်အနည်းငယ်သာရသေး သည့် ငှက်ပေါက်စကလေးတစ် ကောင်ဖြစ်သည်။ သစ်ပင်မှ ချွဲ ကပ်နေသော အစေးများက သူ့ ကိုယ်ပေါ်ကျလာပြီးသည့်နောက် မှာ သူ၏ ကိုယ်ခန္ဓာတစ်ဝက်သည် သစ်စေးထဲမှာကာလကြာရှည်စွာ ခဲပြီး နစ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။
သုံးလက်မရှိ အဆိုပါပယင်း တုံးကို လေ့လာသုတေသနပြုရန် တရုတ်နိုင်ငံဘူမိသိပ္ပံတက္ကသိုလ် က ရှန်လီဒါက နိုင်ငံတကာသုတေသီအဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ သည်။
 ဂွန်ဝါနာသုတေသန ဂျာ နယ်မှာဖော်ပြခဲ့သော သူတို့၏ သုတေသနပြုချက်သည် ဒိုင်နို ဆောများနှင့်အတူ ကမ္ဘာဦးခေတ် က ကြီးပြင်းခဲ့သည့် သွားပါသော ငှက်များအကြောင်းကို သိပ္ပံပညာ ရှင်များပိုနားလည်လာစေရန် ထို ငှက်များနှင့် ယနေ့ခေတ်မှာရှင် သန်နေသော ငှက်များမည်သို့ ကွဲပြားကြောင်းကို သိလာစေရန် ကူညီပေးလိမ့်မည် ဖြစ်၏။
ထိုပယင်းတုံးလေးက ငှက် ကလေး၏ ဦးခေါင်းခွံ၊ လည်ပင်း၊ တောင်ပံတစ်စိတ်တစ်ပိုင်း၊ နောက်ကျောရိုးနှင့် ခြေထောက်တစ် ဖက်တို့ကို ဖုံးအုပ်ထား၏။ အဆို ပါ ငှက်ပေါက်စလေးသည် ဒိုင်နို ဆောခေတ်ကုန်ခါနီးအချိန်က နေ ထိုင်ခဲ့သော သွားနှင့် ခြေသည်း လက်သည်းများပါရှိသော မျိုးတုံး သွားသည့် ကမ္ဘာဦးငှက်အုပ်စုဝင် ထဲမှ ဖြစ်နိုင်သည်။ ထိုငှက်အုပ်စု ၀င်များသည် ဒိုင်နိုဆောများကို သေဆုံးစေခဲ့သော ကမ္ဘာဦးတိရစ္ဆာန်အမြောက်အမြားသေဆုံးမှုအတွင်းမှာ သေဆုံးမျိုးတုံးခဲ့ကြခြင်း ဖြစ်သည်။
နေရှင်နယ်လ်ဂျီအိုဂရပ်ဖစ် ၏ လေ့လာတူးဖော်ရေးအဖွဲ့က အဆိုပါသုတေသနကို တစ်စိတ် တစ်ပိုင်းငွေကြေးပံ့ပိုးခဲ့သည်။ ယခုကမ္ဘာဦးငှက်ကလေးပါ ပယင်းတုံးကို မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းတောင်ကြားက တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုငှက်လေးသည် အသွင် အမျိုးမျိုးဖြင့် ယနေ့ငှက်များဖြင့် မတူကွဲပြားနေသည်ကို သိပ္ပံပညာ ရှင်များက တွေ့ရှိခဲ့ကြသည်။ သူ ၏ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် တောင်ပံများက ယနေ့ခေတ်ပျံ သန်းသော ငှက်များနှင့် အလွန် ဆင်တူ၏။
  သို့သော် အချို့လက္ခဏာများက ယနေ့ခေတ်ငှက်များ ဖြစ်လာမည့် ကမ္ဘာဦးခေတ်က ဒိုင်နိုဆော အုပ်စုများမှာတွေ့ရသည့် ပုံစံမျိုး ဖြစ်သည်။
ယူနန်ပြည်နယ်ရှိ ပြတိုက် တစ်ခု၏ ပိုင်ရှင်၊ အဆိုပါပယင်း တုံးကို ပိုင်ဆိုင်သူ ချန်ဂွမ်က ‘‘လူ အတော်များများက အဲဒီအကောင်ကို တောက်တဲ့လို့ ထင်ကြတယ်။ ဒါပေမဲ့ အရေခွံတွေ၊ အမွေးအ တောင်လို အမျှင်တွေ၊ ခြေထောက်ပေါ်က ချွန်နေတဲ့ ခြေသည်းလက် သည်းတွေက အရမ်းသိသာနေ တယ်။ ဒါကြောင့် ကျွန်တော်က ဒါငှက်ဖြစ်ရမယ်လို့ပဲ ထင်တယ်’’ ဟု ဆင်ဟွာသတင်းဌာနအား ပြော ကြားခဲ့သည်။
ထိုငှက်လေးသည် မွေးခါစ ကတည်းက ပျံနိုင်လိမ့်မည်ဟု သုတေသီအဖွဲ့က ပြောကြား၏။ ဆိုလိုသည်မှာ သူကိုယ့်သူဂရုစိုက်ဖို့အတွက် မိဘများကို မှီခိုမှုနည်းပါးလိမ့်မည် ဖြစ်သည်။ ထိုအချက်မှာ ယနေ့ခေတ်ငှက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ယနေ့ ငှက်ပေါက်စလေးများသည် မပျံသန်းတတ် သေးခင်အထိ ငှက်သိုက်ထဲမှာပဲ နေတတ်ကြသည်။
တိုင်ပေတက္ကသိုလ်က သု တေသီဆန်ကိုဝီက ထိုငှက်လေး သည် အစာရှာရင်း သေဆုံးခဲ့သည်နှင့်တူသည်ဟု ဆို၏။
‘‘သူ့ကိုယ်ပေါ်မှာ ရုန်းကန် လှုပ်ရှားထားတဲ့ပုံစံမရှိဘူး။ သူ့ရဲ့ မတင်ထားတဲ့ ကိုယ်ခန္ဓာပွင့်နေတဲ့ ခြေသည်းတွေ၊ အစွယ်တွေ၊ တောင်ပံဖြန့်ထားတဲ့ သူ့ပုံစံကို ခြုံပြီး ကြည့်ရင် အစာရှာနေတဲ့ ပုံနဲ့တူ တယ်။ အစာရှာနေတုန်းပြုတ်ကျ လာတဲ့ သစ်ပင်ကအစေးတွေနဲ့ ဖုံးသွားတာဖြစ်နိုင်တယ်’’
သည်ပယင်းတုံးထဲက ငှက် ကလေးသည် ဒိုင်နိုဆောခေတ် ကုန်ခါနီးက ငှက်ပေါက်စလေးတို့ ၏ အမွေးအတောင်များ၏ မြင် ကွင်းအပြည့်အစုံကိုပြပေးခဲ့သည် ဟု သုတေသနပညာရှင်များက ယုံကြည်ကြသည်။ ထို့အပြင် တ ခြားကျောက်ဖြစ်ရုပ်ကြွင်းငှက် များ၏ ကိုယ်ခန္ဓာနှင့် ပယင်းတုံးထဲက တွေ့ရသော အမွေးအတောင် များကို နှိုင်းယှဉ်ရန်လည်း အကောင်းဆုံးကိုးကားမှုကို သူက ပံ့ပိုးပေးနိုင်သည်။
‘‘ခြုံပြောရရင်တော့ ဒီငှက် မျိုးစိတ်သစ်ကလေးက ယနေ့ ခေတ် ငှက်တွေဖြစ်လာမယ့် ငှက် တွေရဲ့ ငယ်စဉ်ဘ၀ ခန္ဓာဗေဒအ ပေါ် ကျွန်တော်တို့ရဲ့ နားလည် ထားမှုကို နောက်ထပ်အဆင့်သစ် တစ်ခုတက်လာစေတယ်။ ဒီနေ့ ခေတ်ငှက်တွေနဲ့ လုံးဝကွဲပြားတဲ့ ကမ္ဘာဦးခေတ်ငှက်တွေရဲ့ ကြီး ထွားဖွံ့ဖြိုးပုံနဲ့ ပတ်သက်ပြီး အ ချက်အလက်တွေ အမြောက်အ  မြားပေးပါတယ်’’ဟု သုတေသန ပညာရှင်များက ရေးသားခဲ့သည်။
(Newsweek ပါ ဆောင်းပါးရှင် Lesevier ၏ 99 MILLION-YEAR-OLD BABY BIRD TRA-PPED IN AMBER DISCOVER-ED IN MYANMAR ကို ထားထားမြင့် ဘာသာပြန်ဆိုသည်)
 
7days

Post a Comment

 
Top