0

ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့ အဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတာလည်းဖြစ်ပါတယ်။ Sousou လို့ခေါ်တဲ့ ဒီဟိုတယ်ကြီးမှာ အလောင်းတွေဟာမီးသင်္ဂြိုဟ်ဖို့ စောင့်ဆိုင်းကြရတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက မီးသင်္ဂြိုဟ် တဲ့နေရာတွေဟာ အမြဲတမ်း ပြည့်နှက်နေလေ့ရှိတာကြောင့် ဒီဟိုတယ်ကနေ စောင့်ဆိုင်း ကြရတာဖြစ်ပါတယ်။


မီးသင်္ဂြိုဟ်တဲ့နေရာတွေကို ပိုမိုတည်ဆောက်ဖို့လိုနေပေမယ့် ဆောက်စရာနေရာမရှိဘူးဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းကို Hisao Takegishiက မီးသင်္ဂြိုဟ်ခြင်းမခံရသေးခင် စောင့်ဆိုင်းနိုင်ဖို့ ဒီလုပ်ငန်းကိုစတင်ခဲ့တာဖြစ်ပါတယ်။ တစ်နေ့ကို ယန်း ၉၀၀၀ (၅၇ပေါင်)ခန့်ပေးရပြီး တစ်လောင်း ထားလို့ရပါတယ်။ ၄ရက်အထိပဲထားလို့ရပါတယ်။


ဒီဟိုတယ်မှာတော့ Air-conကိုပဲအသုံးပြုပြီး အလောင်းတွေကို ထိန်းသိမ်းထားပါတယ်။ ဂျပန်နိုင်ငံမှာ သက်ကြီး ရွယ်အိုတွေရဲ့ သေဆုံးနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာပါတယ်။ လူ၂သောင်းခန့် နှစ်စဉ်ပိုမိုပြီးသေဆုံး လာပါတယ်။ ဒီပုံစံအတိုင်းဆက်သွားရင် ၂၀၄၀မှာ တစ်နှစ်ကို လူ၁.၇သန်းလောက်သေဆုံးဖို့ရှိနေပါတယ်။

ကာဝါစာကီမြို့သူမြို့သားတွေထဲက အချို့ကတော့ ဒီလူသေဟိုတယ်ကြီးပေးရတာကို စိတ်ပျက် နေကြပါတယ်။

ဒါပေမယ့်လည်း ဟိုတယ်ကြီးရဲ့ဖောက်သည်တွေကတော့ အလောင်းတွေကို ထားစရာရှိသွားလို့ ပျော်နေကြပါတယ်။

Post a Comment

 
Top