0

 မဟူရာကြောင်နက်အကြောင်း

သတ္တ၀ါတွေထဲမှာ ကြောင်ဟာ အိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြတဲ့ မြင်နေတွေ့နေကျ သတ္တ၀ါတစ်မျိုးလည်းဖြစ်သလို ထူးခြားဆန်းပြားတဲ့ သတ္တ၀ါတစ်မျိုးလည်း ဖြစ်ပြန်ပါတယ်။ ဘာကြောင့် ထူးခြားဆန်းပြားသလဲလို့ ပြောရရင် ကြောင်ဟာ ချစ်စရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းတဲ့ပုံစံအဖြစ် ကမ္ဘာ့သမိုင်းထဲက ယဉ်ကျေးမှုအမျိုးမျိုးမှာ တွေ့ရှိနိုင်လို့ပါပဲ။ ကြောင်အမျိုးအစားတွေ အများကြီးရှိတဲ့အထဲက ကြောင်နက်ကတော့ ပိုစိတ်ဝင်စားဖွယ်ရာ ကောင်းပါလိမ့်မယ်။
မြန်မာရာဇ၀င်ထဲမှာ ကြောင်နက်နဲ့ ပတ်သက်ပြီး သမိုင်းတွေများစွာ ရှိပါတယ်။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ သူခိုးကြီး ငတက်ပြားပါပဲ။ သေဆုံးနေတဲ့ကြောင်နက်တစ်ကောင်ရဲ့ မျက်လုံး (မျက်သျှင်) ကို ရရှိပြီး ကိုယ်ပျောက်အစွမ်းတွေ၊ ပေါ့ပါးခုန်ကျော်နိုင်တဲ့ အစွမ်းတွေ ရသွားခဲ့တယ်လို့ အဆိုရှိပါတယ်။ နောက်ဆုံး သူခိုးကြီးငတက်ပြားဟာ သူ့ကြောင်နက်မျက်သျှင်ကို သူတည်ခဲ့တဲ့ `မရှိခဏ´ စေတီတော်မှာ ဌာပနာတည်ပြီး တည်ထားကိုးကွယ်ခဲ့ပါတယ်။
Black Cat
ကြောင်နက်တိုင်း အစွမ်း ရှိ၊ မရှိ ဒီနေရာမှာ တစ်ခုသိဖို့လိုလာတာက ကြောင်နက်တိုင်းဟာ အစွမ်းရှိသလားဆိုတာပါပဲ။ ကြောင်နက်နဲ့ ပတ်သက်ရင် ဖြေရ အတော် ခက်လှပါတယ်။ မျက်သျှင်ရှိတဲ့ ကြောင်နက်တွေဟာ ရေသန့်ဘူးအဖုံးလောက်ပဲရှိတဲ့ အပေါက်ဝထဲတောင် ၀င်နိုင်တယ်လို့ အဆိုရှိကြပါတယ်။ အဲဒီလိုမျိုး ကြောင်မျက်သျှင်ရှိတဲ့ ကြောင်နက်တွေဟာ တခြားကြောင်နက်တွေနဲ့ မတူတဲ့ ထူးခြားချက်တစ်ခု ရှိပါတယ်။  အဲဒီထူးခြားချက်ကတော့ ခြေထောက်ကို ကြည့်ပြီး ထူးခြားတဲ့ကြောင်နက်ဟုတ်၊ မဟုတ်၊ အစွမ်းသတ္တိရှိတဲ့ကြောင်နက် ဟုတ်၊မဟုတ်ကို ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ အဲဒီလို ထူးခြားတဲ့ ကြောင်နက်တွေ ရှိသလို ကမ္ဘာ့အနှံ့အပြားမှာလည်း ထူးခြားတဲ့ ကြောင်နက်တွေ ရှိကြပြန်ပါတယ်။

အီဂျစ်က ကြောင်နက်

ကြောင်တိုင်းဟာ ကံကောင်းတယ်လို့ဆိုပေမယ့် ကြောင်နက်တော့ မပါဘူး။ ကြောင်နက်မှာ မှော်အစွမ်းတွေရှိတယ်လို့ ယူဆကြသလို တချို့ကတော့ ကံဆိုးစေတယ်လို့ ယူဆကြပါတယ်။ အီဂျစ်မှာတော့ ကြောင်ကို ကိုးကွယ်ကြပါတယ်။ ဘတ်စတက်(တစ်ချို့က ဘတ်စတာလို့ခေါ်) ဟာ ကြောင်နတ်ဘုရားမ ဖြစ်ပါတယ်။ ကြောင်နက်ဟာ မကောင်းမှုတွေကို လွင့်ပြယ်စေနိုင်သလို ဆုတောင်းတွေပြည့်တယ်လို့လည်း ဆိုကြပါတယ်။ ညသန်းခေါင်မှာ ဆားကို ကြောင်နက်ရဲ့ ကျောကုန်းမှာတင်ပြီးပွတ်ပေးရင် မကြာခင် ချမ်းသာကြွယ်ဝလာမယ်လို့ ရှေးထုံးတမ်းအစဉ်အလာရ ဆိုပါတယ်။

black cat goddess

ရောမက ကြောင်နက်

ရောမမှာလည်း ကြောင်နက်နဲ့ ပတ်သက်ပြီး အစီအရင်တစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့ အိမ်တစ်လုံးကို ပိုင်ဆိုင်ချင်တဲ့အခါကျရင် ကြောင်နက်ရဲ့ ထိပ်နားက အမွှေးကိုယူပြီး အစီအရင်တွေ ပြုလေ့ရှိကြပါတယ်။  နောက်တစ်ခုကတော့ ပါးစပ်ပြောရာဇ၀င်တစ်ခုပါ။ ညအခါမှာ လမ်းဆုံလမ်းခွတွေမှာ သွေးစုတ်ဖုတ်ကောင်တွေဟာ ကျက်စားလေ့ ရှိကြတယ်။ အဲဒီအချိန် ကြောင်နက်တစ်ကောင်နဲ့အတူ လမ်းဆုံလမ်းခွသွားပြီး အစီအရင်တစ်ခု ပြုလုပ်လို့ လိုချင်တာ တောင်းရင်ရလိမ့်မယ်လို့ ဆိုကြပါတယ်။ ကြောင်နက်ဟာ နတ်ဆိုးရဲ့ ၀ိညာဉ်တစ်ခုဖြစ်ပြီး နတ်ဆိုးကိုခေါ်ပြီး တောင်းဆုယူခိုင်းတဲ့နည်းလမ်းမျိုးပါ။ အလျော်အစားအဖြစ် ကိုယ့်ဘက်ကလည်း ကတိတစ်ခုပေးရသေးသလို စီရင်နည်းမှာ သတိထားရမယ့်အချက်တွေလည်း ရှိပါသေးတယ်။

Black Cat 2

ဧရာမကြောင်နက်ကြီး

ကမ္ဘာမှာ ထူးခြားတဲ့ ကြောင်နက်တွေထဲ ကျားသစ်၊ သစ်နက်တို့လို အမျိုးအစားနဲ့တူတဲ့ ဖမ်တွန်ကြောင်နက်လို့ ခေါ်တဲ့ Alien Big Cats ကြောင်နက်တစ်မျိုး ရှိပါသေးတယ်။ အရွယ်အစားက ကျားသစ် အရွယ်အစားခန့် ရှိပါတယ်။ ကနေဒါ၊ ဗြိတိန်၊ သြစတြေးလျ ၊ စပိန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ ဖင်လန်၊ ဒိန်းမတ် နဲ့ ဟာဝိုင်အီ၊ အီတလီစတဲ့ နိုင်ငံတွေမှာ တွေ့ခဲ့ရတယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။ သူ့ကိုခေါ်တဲ့ နာမည်တွေ အများကြီး ရှိပါတယ်။ တချို့က ကျားသစ်နက်လို့လည်း ခေါ်ကြတယ်။ ဗြိတိန်ကတော့ ဗြိတိသျှ ဧရာမကြောင်လို့ ခေါ်ကြတယ်။ ဘာလို့ ကျားသစ်နက်လို့ ခေါ်ကြသလဲဆိုရင် ကျားသစ်နက်လို နက်မှောင်ပြီး ကျားသစ်နက်နဲ့ တူတာမို့ပါ။ ၁၉၇၇ခုနှစ်မှာ ပြင်သစ်နိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့သူတွေရဲ့ အလိုအရတော့ ကြောင်နက်တစ်ကောင်လိုပါပဲ။ ဒါပေမဲ့ အရွယ်အစားက ကြီးမားပြီး ခြေချောင်းတွေက တိုတယ်။ အစွယ်တွေကကြီးတယ်လို့ ဆိုပါတယ်။ ဗြိတိသျှကတော့ ကြောင်လို့ပဲ သတ်မှတ်ချင်ပုံ ရပါတယ်။ ၁၉၈၄ခုနှစ်မှာ လေးပေကနေ ခြောက်ပေလောက် ရှည်တဲ့ ကြောင်နက်ကြီးတစ်ကောင်ကို ထရီဗော်ဘီယာဆိုတဲ့သူဟာ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

Big Cat

အင်ဒိုက ကြက်ဘုရင်

black chicken
ရေမြေဒေသကြောင့် အရိုး၊ အသား၊ အနှစ်၊ သွေး၊ ဥကအစ အနက်ရောင်ပြောင်းနေတဲ့ ကြက်ဟာ ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာပဲ ရှိပါတယ်။ အဲဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာပဲ ဖြစ်ပါတယ်။ အင်ဒိုရဲ့ ဂျာဗားကျွန်းမှာ အများဆုံး ရှိပါတယ်။ မလေးရှားမှာလည်း တွေ့ရသလို တခြားနိုင်ငံတွေမှာ ရှိပေမယ့် အင်ဒိုက တကယ့် မိခင်ရင်းမြစ်နေရာပါ။ ကမ္ဘာပေါ်မှာ လက်ရှိ အကောင်ရေ ၃၅၀၀ ပဲ ရှိတော့တဲ့ ကြက်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။  ဈေးကလည်း သိန်းဆယ်ချီ၊ ရာချီ ပေးဝယ်ကြတယ်လို့ဆိုပါတယ်။  ကြက်လောကမှာ ဈေးအကြီးဆုံး ကြက်လို့ ဆိုရပါမယ်။ အနည်းဆုံး ဒေါ်လာ နှစ်ထောင့်ငါးရာပေးရတယ်။ ပြင်သစ်မှာဆို ဒေါ်လာ ငါးထောင်ပေးဝယ်ရပါတယ်။ အဲဒီကြက်ကို ဆယ်မာနီ တညင် ကြက် Ayam Cemani လို့ ခေါ်ကြတယ်။ ဒီကြက် အနက်ရောင်ဖြစ်နေတာက မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲသွားလို့ နက်သွားတာ ဖြစ်ပါတယ်။
Black Egg
ဒီကြက်ဟာ တစ်ခါ ဥရင် အနည်းဆုံး အလုံး ၂၀ ကနေ ၃၀ ကြား ဥပါတယ်။ ဥရဲ့ အရောင်ဟာ တခြားကြက်တွေရဲ့ အရောင်နဲ့မတူဘဲ အကုန်လုံး နက်မှောင်နေတယ်။ ဒါပေမဲ့ အတွင်းသားကတော့ ဖြူတယ်။ သူ့ရဲ့ အသား၊ အရိုးနဲ့ အရေပြားအားလုံးကလည်း အနက်ရောင်ပါ။ စူပါမားကက်တွေမှာ ရောင်းလေ့ရှိပါတယ်။ မလေးစူပါမားကက်တွေမှာတော့ ရင်းဂစ် ငွေ ၁၀.၀၀ နဲ့ ရောင်းချလေ့ရှိတယ်လို့ သိရပါတယ်။ ဒီကြက်ဘုရင် ကြက်နက်ကို ကံကောင်းခြင်းလို့ အင်ဒိုသားတွေက ယူဆကြတယ်။ တိုင်းရင်းဆေးမှာလည်း ဆေးဖက်ဝင်အမယ်အဖြစ် အသုံးပြုကြပါသေးတယ်။

Black Chicken

အိန္ဒိယက ကြက်နက်

အိန္ဒိယမှာတော့ အင်ဒိုက ကြက်နက်ကိုပဲ Kadaknath လို့ ခေါ်ကြတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် ကျန်းမာကြံ့ခိုင်စေပြီးဥာဏ်ပညာတိုးစေတာမို့ ဈေးကွက်မှာ ဈေးကြီးတဲ့ အသားတစ်မျိုးဖြစ်ပါတယ်။ ဆေးဖက်လည်း ၀င်တာမို့ ရောင်းအားတအားကောင်းပါတယ်။ မျိုးတုန်းလုနီးပါးဖြစ်နေလို့ အိန္ဒိယအစိုးရဟာ ကြက်နက်ကို ဂရုတစိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်နေပါတယ်။
black chicken india
ဒီအကောင်ကြီးတွေမှာ တကယ်ပဲ ထူးခြားတဲ့စွမ်းအင်တွေရှိနေသလားဆိုတာကိုတော့ စာဖတ်သူတို့ဖတ်ဖူးမှတ်ဖူးထားတာနဲ့ နှိုင်းယှဉ်တွေးဆကြည့်ပါဦး။ ထူးခြားတဲ့ဖြစ်ရပ်လေးတွေ မှတ်တမ်းလေးတွေသိထားရင်လည်း မျှဝေပေးဖို့တောင်းဆိုပါတယ်နော်။


credit : akhayar

Post a Comment

 
Top