0


လတ်တလောတစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကတော့ YouTube, Facebook, Twitter တို့အပါအဝင် တခြားအွန်လိုင်းဝန်ဆောင်မှုတွေကို တစ်ဖန်ပြန်ပြီး အလင်းပြလိုက်သလိုပါပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Financial Times သတင်းစာကြီးကနေ ထုတ်ဖော်ခဲ့မှုတစ်ရပ်အရ YouTube ရဲ့ ဒုဥက္ကဌဖြစ်သူ Kent Walker ဟာ YouTube အနေနဲ့ အွန်လိုင်းကနေ အကြမ်းဖက်လှုံဆော်မှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်မှာ ကုမ္ပဏီအနေနဲ့ အကြမ်းဖက်မှုတွေပါဝင်တဲ့ Content တွေကို အလိုအလျောက် ခွဲခြားစိတ်ဖြာပေးနိုင်မယ့် နည်းပညာကို ပိုမိုအသုံးပြုမှာ ဖြစ်ပြီး “ကျွန်တော်တို့အနေနဲ့ ‘content classifiers’ လို့ခေါ်တဲ့ Content တွေကို ပိုမိုလျှင်မြန်ထိရောက်စွာ ဖယ်ရှား အတည်ပြုပေးနိုင်မယ့် နည်းပညာအတွက် Machine Learning Research တွေကို ပိုမိုလုပ်ဆောင်ဖို့ အင်ဂျင်နီယာရင်မြစ်တွေကို ဖြည့်တင်းနေပါတယ်” လို့ Walker ကဆိုပါတယ်။
နောက်တစ်ဆင့်မှာတော့ လူသားတွေရဲ့ အရေအတွက်နဲ့ အရည်အချင်းတွေကို မြှင့်တင်မယ့်အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ Trusted Flagger လို့အမည်ပေးထားတဲ့ ပရိုဂရမ်အတွက် YouTube ဟာ NGO နဲ့ အဖွဲ့အစည်းပေါင်း ၆၃ခုမှာ အလုပ်လုပ်ခဲ့တဲ့ ပညာရှင် အယောက် ၅၀ ကို ခေါ်ယူခဲ့ပါတယ်။
“စက်တွေအနေနဲ့ ပြသနာရှိနေတဲ့ ဗီဒီယိုတွေကို Identify လုပ်ဖို့ ကူညီနိုင်မှာ ဖြစ်ပြီး လူသားကျွမ်းကျင်ပညာရှင်တွေက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်မှာပါ” လို့ Walker  ဆိုပါတယ်။
တတိယမြောက်အဆင့်မှာတော့ YouTube ပေါ်ကနေ အမုန်းစကားတွေ ပြောတဲ့ သူတွေအပေါ်တားမြစ်မယ့်အဆင့်ဖြစ်ပါတယ်။
လူမှုကွန်ယက်တွေဟာ Online အကြမ်းဖက်မှုတွေ၊ အမုန်းစကားတွေကို ထိထိရောက်ရောက်တိုက်စစ်ဆင်ဖို့ ပြုလုပ်နေပြီး ၂၀၁၇ ခုနှစ် နောက်ဆုံး ၆လမှာ Twitter အနေနဲ့ အကောင့်ပေါင်း ၄သိန်းနီးပါးကို အကြမ်းဖက်မှုကို အားပေးမြောက်ပြုတာကြောင့် ဆိုင်းငံ့သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်တုန်းကလည်း Facebook ဟာ လူမှုကွန်ယက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အမုန်းစကားတွေကို AI နည်းပညာနဲ့ အမြန်ဆုံးဖော်ထုတ် အရေးယူဖို့ ပြုလုပ်နေပါတယ်။
“အစွန်းရောက်တွေနဲ့ အကြမ်းဖက်တွေကို ရှာဖွေဖော်ထုတ် အရေးယူဖို့ဟာ ကျွန်တော်တို့ လုံခြုံရေးအတွက်တင်မဟုတ်ပဲ ကျွန်တော်တို့ တန်ဖိုးအတွက်လည်း ဖြစ်ပါတယ်။ ဒီလိုလူတွေဟာ ကျွန်တော်တို့ Society ကြီးကို အလကားဖြစ်အောင်လုပ်နေပါတယ်။ ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ Walker က နောက်ဆုံးအနေနဲ့ အန္တရာယ်များတဲ့ Content တွေကို ထိထိရောက်ရောက် တိုက်ထုတ်နိုင်ဖို့ ပြောကြားခဲ့ပါတယ်။


Ref: Digital Trends, Washington Post

Post a Comment

 
Top