0

ပရိသတ်တွေကြား ဘယ်သူပိုကောင်းလဲဆိုတဲ့ မေးခွန်းတွေနဲ့ အငြင်းပွားမှုတွေရှိခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား၂ဦးဖြစ်တဲ့ မက်ဆီနဲ့ရော်နယ်ဒိုဟာ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှု ရှိသူတွေဆိုတာာ ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ ဒီတစ်ကြိမ်မှာလဲ သူတို့၂ဦးဟာ အပြန်အလှန် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိကြောင်း ထပ်မံပြသခဲ့ပြန်ပါတယ်။
Qo6ts4htwpog0ghuqals
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တစ်ပတ်က Fox Sport မီဒီယာတွေနဲ့ အင်တာဗျူးမှာ မက်ဆီရဲ့ကစားပုံကို နှစ်သက်ကြောင်း၊ မက်ဆီရဲ့ကစားဟန်မှာ စိတ်လှုပ်ရှားစရာကောင်းပြီး ဖျော်ဖြေမှုတွေ ပေးစွမ်းနိုင်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါ့ကြောင့်မက်ဆီကလဲ ပြီးခဲ့တဲ့ရက်ပိုင်းက ရော်နယ်ဒိုဟာ ဘောလုံးလောကရဲ့ စံပြထိုက်တဲ့ ကစားသမားတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ကြောင်း၊ ရော်နယ်ဒိုမှာ အမြဲတမ်းတိုးတက်ဖို့ ကြိုးစားနေသူဖြစ်ကြောင်း ဒါ့ကြောင့်လဲ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ပြန်လည်ချီးကျူး သွားခဲ့ပါတယ်။
Pzponbnlixerzwlhys7r
ဆက်လက်ပြီး မက်ဆီက သူတို့၂ဦးလုံးဟာ အသင်းအတွက် အကောင်းဆုံး ကြိုစားနေသူတွေဖြစ်ပြီး အပြန်အလှန် လေးစားမှုရှိကြောင်း မီဒီယာတွေ အပြင်မှာ ချဲ့ထွင်ပြောဆို နေတာတွေကလဲ သူတို့၂ယောက်လုံးအတွက် အရေးမပါကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒီတော့ပရိသတ်တွေလဲ ဘယ်သူပိုကောင်းတယ် ဆိုတာကိုမေ့ထားပြီး သိပ်မကျန်ရှိတော့တဲ့ သူတို့၂ဦးရဲ့ လက်ကျန် ကစားသမားဘ၀တွေကို တူတူအားပေးရင်း သူတို့၂ဦးကို နှုတ်ဆက်ကြရအောင်လား။

Post a Comment

 
Top