Peregrine Falcon (အမြန်ဆုံးငှက်)
ငှက်တွေထဲမှာ အမြန်ဆုံးငှက်ဖြစ်သလို တိရစ္ဆာန်တွေထဲမှာလည်း အမြန်ဆုံးအကောင်ပါ။ တစ်နာရီကို 242 မိုင် ပျံသန်းနိုင်ပါတယ်။
Mexican free-tailed bat (အမြန်ဆုံးနို့တိုက်သတ္တ၀ါ)
ငှက်ဆိုပေမယ့်လည်း နို့တိုက်သတ္တ၀ါထဲမှာပါနေတဲ့အတွက် တစ်နာရီ 99 မိုင်နှုန်း ပျံသန်းနိုင်တဲ့ ဒီ မက္ကဆီကန်လင်းနို့က အမြန်ဆုံး နို့တိုက်သတ္တ၀ါစာရင်းမှာ ထိပ်ဆုံးကပါဝင်ရခြင်းဖြစ်ပါတယ်။
Horsefly (အမြန်ဆုံး အင်းဆက်သတ္တ၀ါ)
လေပေါ်မှာ ပျံနိုင်တဲ့ကောင်တွေက ကုန်းပေါ်ကသတ္တ၀ါတွေထက် ပိုမြန်တာ မထူးဆန်းပါဘူး။ ပျံသန်းနိုင်တဲ့ Hosfly ယင်ကောင်လေးကလည်း တစ်နာရီ (90.1)မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး အင်းဆက်သတ္တ၀ါထဲမှာ အမြန်ဆုံးပါတဲ့။
Black marlin (အမြန်ဆုံးငါး
Black marlin (အမြန်ဆုံးငါး)
လေထဲမှာ ပျံသန်းနိုင်တဲ့ကောင်တွေနောက်မှာ ရေထဲမှာ ကူးခတ်နိုင်တဲ့ သတ္တ၀ါလေးတွေက ဒုတိယအမြန်ဆုံး ပါတဲ့ဗျာ ကုန်းသတ္တ၀ါတွေကတော့ ဘိတ်ချီးပေါ့။ငါးတွေထဲမှာမှ ဒီ black marlin လေးက တစ်နာရီ မိုင်(၈၀)နှုန်းနဲ့ ကူးခတ်နိုင်ပြီး ငါးတွေထဲမှာတော့ အမြန်ဆုံးငါးပါတဲ့ဗျာ။
အမြန်ဆုံးကုန်းသတ္တ၀ါ (Cheetah)
ဒီ Cheetah ကျားသစ်လေးက ကုန်းသတ္တ၀ါတွေထဲမှာ ပြေးနှုန်း အမြန်ဆုံးဖြစ်သလို၊ နို့တိုက်သတ္တ၀ါတွေထဲမှာ ဒုတိယအမြန်ဆုံးပါ။ တစ်နာရီ (68)မိုင် မှ (70)မိုင် ပြေးလွှားနိုင်ပြီး (၃)စက္ကန့်အတွင်းမှာ တစ်နာရီ 0 မိုင်မှ 60 မိုင် အမြန်နှုန်း ပြေးလွှားနိုင်ပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.