0

Unicode စံစနစ်ရဲ့ ဗားရှင်း 10.0 ကို Unicode Consortium က ထုတ်ဖော်လိုက်ပြီး Emoji ဖန်တွေအနေနဲ့ ‘Colbert’ emoji face, bitcoin character နဲ့ အခြား Emoji အများအပြားကို တွေ့ရတော့မှာပါ။ အားလုံးပေါင်း Emoji သစ် ၅၆ ခု ပါဝင်ပြီးတော့ Script ၄မျိုးထပ်တိုးထားတာကြောင့် အားလုံးပေါင်း Scripts ဟာ ၁၃၉ ခုရှိပါတယ်။ Unicode 10 ဟာ ‘အသုံးနည်းတဲ့ ဘာသာစကားတွေအတွက် အကောင်းဆုံး ရေးသားတဲ့ ပုံစံကို တစ်ကမ္ဘာလုံးအတွက်’ လို့လည်း ခေါင်းစဉ်တပ်ပြီးတော့ Support လုပ်ခဲ့ပါတယ်။
Unicode 10.0 ကို ဒီနေ့မှာ ထုတ်ဖော်ခဲ့တယ်လို့ Constotium က ဆိုခဲ့ပါတယ်။ မကြာခင်မှာ ဒီ Update ကို ထုတ်လုပ်ပေးတော့မှာပါ။ iOS အသုံးပြုသူတွေအနနဲ့ iOS Update နဲ့အတူ ဒီ Emoji အသစ်တွေကို ရရှိဖို့ မျှော်လင့်နိုင်မှာပါ။ ဒါပေမယ့် နောက်ဆုံးဗားရှင်းမှာ Masaram Gondi, Soyombo, Nushu နဲ့ Zanabazar ဘာသာစကားတွေတော့ မပါဝင်လာသေးပါဘူး။

တကယ်လို့သင်ဟာ bitcoin fan တစ်ယောက်ဆိုရင်တော့ Unicode 10 မှာ bitcoin နဲ့ ပါတ်သက်တဲ့ Emoji တစ်ခု ပါဝင်လာတဲ့အတွက် ဝမ်းသာရမှာပါ။ Emoji မှာ Capital ‘B’ ကို $ ပုံစံမျိုး မြင်ရမှာပါ။
အဲ့ဒီအပြင် TV အစီအစဉ်တင်ဆက်သူ Stephen Colbert ရဲ့ မျက်ခုံးတွန့်နေတဲ့ Emoji တစ်ခုလည်း ပါဝင်လာပြီး ဒီ Emoji ကိုတော့ Colbert လို့ပဲ နာမည်ပေးထားပါတယ်။

Ref: SlashGear

Post a Comment

 
Top