0

အရွယ်မရောက်သေးသူ ကလေးမလေးတွေကို လက်ဆောင်အမျိုးမျိုးဝယ်ပေးကာ ရင်းနီးအောင်စည်းရုံးခဲ့ကာ အရွယ်အမြန်ရောက်လိုလျင် အသက်အမြန် ကြီးလိုလျှင် ၎င်းနဲ့ဆက်ဆံရမည်ဟု ဖျားယောင်းကာ ကာမကို လိမ်လည်ရယူခဲ့ပါတယ်။

Mohammed ဟာ အသက် 13 နှစ်အောက် ကလေးငယ်လေးတွေကို လိမ်ပိုင်းဆိုင်ရာ ကြံစည်မှု နှစ်မှု၊ မုဒိမ်းမှု ငါးမှု၊ ကြံစည်မှု နှစ်မှုတို့အတွက် ထောင်ဒဏ် 14နှစ်ခွဲ၊ အခြားအမှုများအတွက် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရပါတယ်။ Mohammed ဟာ လန်ဒန်မြောက်ပိုင်း Newton Way, Edmonton မှာ နေထိုင်သူ ဖြစ်ပါတယ်။


Mohammed Dauhoo လို့ အမည်ရတဲ့ အသက် 72 အရွယ် အဖိုးအိုဟာ အသက် 10 နှစ်မှ 13 နှစ်အရွယ် ကောင်မလေးတွေကို အသက်အရွယ်ကြီးပြီး အမြန်အပျိုဖော်ဝင်လိုလျင် မိမိနဲ့ လိင်ဆက်ဆံရမည်ဟု ဖျားယောင်းကာ ဖျက်ဆီးခဲ့ တယ်လို့ သိရပါတယ်။ Mohammed ဟာ ပြစ်မှုပေါင်းများစွာနဲ့ တရားစွဲဆိုခံခဲ့ရပြီး၊ ထောင်ဒဏ် 19 နှစ်ခွဲ ချမှတ်ခံထားရပါတယ်။

သတင်းအရ Mohammed ဟာ အသက် လေးနှစ်အရွယ် ကောင်မလေးတွေကိုလည်း အလွတ်မပေးခဲ့ဘူးလို့ သိရပါတယ်။ တရားသူကြီး Sally-Ann Hales က ” သင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ရင်သားနဲ့ မအင်္ဂါတို့ကို ကိုင်တွယ်ခဲ့တာကို သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုလောက်ပဲ အောင့်မေ့ခဲ့တယ် …” ဟု ပြောခဲ့ပါတယ်။
 
တရားသူကြီးက ဆက်လက်ပြီး ” အခု ရုံးတော်မှာရောက်နေတဲ့ ကောင်မလေးဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ အလွန်ငယ်ရွယ်ချိန်ပဲ … သူမဟာ မိဘနှစ်ပါး ကွဲကွာနေတဲ့အတွက် ဖခင်မေတ္တာငတ်နေသူဖြစ်တယ် … ဒါကို သင်က မစောင့်ရှောက်ပဲယုတ်မာ မိုက်ရိုင်းခဲ့တယ် “လို့ ပြောခဲ့ပါတယ်။
တရားရုံးရှိ တရားသူကြီးတွေဟာ ယုတ်မာတဲ့ ကာမဘီလူးအဖိုးအို သက်ညှာဖို့ မဖြစ်နိုင်ဘူးလို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ Mohammed ဟာ ပြစ်မှု 24 မှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီး ၎င်းတို့အထဲမှာ ကလေးသူငယ်အဓမ္မမှု သုံးခုလည်း ပါဝင်ပါတယ်။ ၎င်းအဖိုးအိုဟာ တရားရင်ဆိုင်ချိန်မှာ အာမခံပိုက်ဆံပေးသွင်းပြီး ပြင်ပမှာ နေထိုင်နေချိန်မှာတောင် အခြားကလေးငယ်တစ်ယောက်ကို ဆက်လက်ကျူးလွန်ခဲ့သည်အထိ မိုက်ရိုင်းခဲ့တယ်လို့ သိရပါတယ်။


Post a Comment

 
Top