0

ကလေးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကို Paedophile လို့ ခေါ်ပါတယ်။ အဆိုပါစိတ်ဓာတ်ရှိသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများလို့ သတ်မှတ်ကြပြီး ရာဇ၀တ်မှုမြောက်တဲ့ ပစ်မှုတွေကို ကျူးလွန်လေ့ရှိပါတယ်။ အခုလည်း အသက် အသက် 59 နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ Tony Griggs ဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။




Tony ဟာ လွန်ခဲ့တဲ့ အနှစ် 14 တုန်းက သူ့အသက် 45 နှစ် အရွယ်မှာ Bianca Landridge အမည်ရ 10 နှစ် သမီးလေးကို မဟားဒယား ကြံစည်ခဲ့ပါတယ်။ အခုဆိုဆို Bianca ဟာ အသက် 24 နှစ်ရှိပါပြီ။ သူမရဲ့ ထုတ်ဖော်မှုတွေ
ကြောင့် ရဲတပ်ဖွဲ့က Tony ကို ဖမ်းဆီးခဲ့ပါတယ်။

လောလောဆယ် Tony ကို ကလေးငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ကြံစည်မှု 3 ခု၊ ကလေးငယ်တစ်ဦးပေါ်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှု 1 ခုနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ Tony ဟာ Bianca အသက် 10 နှစ် အရွယ်ကတည်းက အဓမ္မကြံစည်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။


ဒါပေမယ့် Bianca ဟာ အသက် 13 နှစ် နောက်ပိုင်းမှာ အိမ်နီးချင်း Tony တို့အိမ်ကို သွားရောက်လည်ပတ်ခြင်း မပြု တော့လို့ Tony ဟာ သူ ကျူးလွန်ခဲ့တာတွေအတွက် မည်သူ့ကိုမျှ ပြန်မပြောဖို့အတွက် 5 ပေါင် ပေးခဲ့တယ်လို့ ဆိုပါတယ်။သူမ အသက် 17 နှစ်အရွယ်မှာပင် ဒီအကြောင်းကို ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။

ယခုနှစ် ဇန်န၀ါရီလမှာ ရဲတပ်ဖွဲ့က Tony ကို အမှုဖွင့်စစ်ဆေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ Feltham, Middlesex မှာ  နေထိုင်တဲ့ Bianca က ” ကလေးဘ၀တုန်းက ကလေးထိန်းတဲ့ နာနီနဲ့ ကျမက အရမ်းရင်းနီးတယ်လေ .. နောက် သူ့ ခင်ပွန်းဟောင်း Tony ရောပေါ့ .. နောက် သူတို့ ကွဲသွားကြတယ် .. ဒါပေမယ့် အဲဒီအချိန်တုန်းက Tony ကို ကိုယ့် အဖိုးလို့ သဘောထားတော့ အဆက်အသွယ်တော့ မပျက်ခဲ့ဘူး “လို့ ဆိုပါတယ်။


သူမက ဆက်လက်ပြီး ” သူတို့အိမ်မှာ ဆော့ရတာ အတော် ပျော်စရာကောင်းတယ် .. နောက်တော့ Tony က ယုတ်မာတဲ့ နည်းနဲ့ ကျမရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခဲ့ပါတယ် .. ကလေးဘ၀တုန်းကတော့ ဘာရယ်မသိခဲ့ပါဘူး … သူပေးတဲ့ ပိုက်ဆံလေး သုံးလိုက်၊ ကလေးဘာသာဘာဝ ပျော်လိုက်ပါးလိုက်နဲ့ပါ … တကယ်တော့ ကျွန်မဆီက ဖြူစင်သန့်ရှင်းခြင်း တွေကို သူက ခိုးယူသွားတာပါ “လို့ ပြောဆိုခဲ့ပါတယ်။



credit: Shwemom
source : thesun.co.uk


Post a Comment

 
Top