0

ခရမ်းချဉ်သီးဟာ မြန်မာနိုင်ငံမှာ (12)ရာသီ မပြတ်တဲ့ သီးနှံ့တစ်မျိုးဖြစ်ပါတယ်။ ဆောင်ဦးပေါက်ရာသီမှာ ပေါများတတ်ပြီး အဲဒီလိုအချိန်မှာဆို ဈေးနှုန်းလည်း အလွန်ချိုသာတတ်ပါတယ်။ ၎င်းဟာ မချက်မပြုတ်ဘဲ လည်း စားလို့ရပြီး ချိုစိမ့်အေးမြတဲ့ အရသာကို ပေးပါတယ်။ ထို့ပြင် သုပ်စားခြင်း၊ ချက်စားခြင်း၊ ဖျော်ရည်ဖျော်သောက်ခြင်းတွေလည်း လုပ်ပေးနိုင်ပါတယ်။ အခြားနိုင်ငံများမှာတော့ ခရမ်းချဉ်သီးဟာ အရမ်းဈေး
ကြီးပေးရလေ့ရှိပြီး အထူးသဖြင့် ကိုရီးယားမိန်းမပျိုများဟာ အသားအရေ ထိန်းသိမ်းရန်အတွ ခရမ်းချဉ်သီးကို မချက်မပြုတ်ဘဲ ဒီအတိုင်း စားလေ့ရှိတယ်လို့ သိရပါတယ်။ ခရမ်းချဉ်သီးဟာ အသားအရေ လှပချောမွှတ်စေရံသာ အာနိသင်ရှိတာ မဟုတ်ပါဘူး။ တစ်ခြား အာနိသင်တွေလည်း ရှိနေပါသေးတယ်။

1. အသားအရေဖူးရောင်ခြင်းကို အကာအကွယ်ပေးတယ်။

ခရမ်းချဉ်သီးမှာ ပေါပေါများများပါတဲ့ lycopene ဓာတ်ဟာ ခန္ဓာကိုယ် ရောင်ရမ်းခြင်းနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ရောဂါကြာင့်ဖြစ်တဲ့ ကိုယ်ဖောခြင်းအတွက်လည်းသုံးနိုင်ပါတယ်။ ချက်ပြုတ်ခြင်း မပြုရသေးတဲ့ ခရမ်းချဉ်သီးက ပိုပြီးတော့ lycopene ဓာတ်ပါဝင်တာမို့အသားအရေ ရောင်ရမ်းတဲ့အခါမှာ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးခြင်းက ပိုပြီး ထိရောက်မှုရှိပါတယ်။

2. ဆံပင်ကို နက်မှောင်သန်စွမ်းစေတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်အေက ဆံပင်ကို နက်မှောင်သန်စွမ်းစေပါတယ်။ ဒါ့အပြင် ဆံပင် အရောင်မွဲခြောက်ခြောက်ဖြစ်ခြင်း၊ ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း တို့အတွက်လည်း အလွန်သင့်တော်တဲ့ အရာ
ဖြစ်ပါတယ်။ ခရမ်ချဉ်သီး အစိမ်းကို ပုံမှန်စားသုံးပေးခြင်းကြောင့် ဆံပင်ကျန်းမာရေးကို ပိုပြီး ထိရောက်စေပါတယ်။

3. အမြင်အာရုံကို ကြည်လင်စေတယ်။

ခရမ်းချဉ်သီးအစိမ်းကို နေ့စဉ်ပုံမှန်စားပေးပါက အမြင်အာရုံကို ကြည်လင်စေပါတယ်။ ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင်အေဟာ အမြင်အာရုံမှုန်ဝါးခြင်းကို သက်သာစေပါတယ်။ ဒါကြောင့် ကွန်ပျူတာသမားတွေ၊ စာဖတ်များသူတွေအတွက် အထူးသင့်တော်ပါတယ်။

4. သွေးပေါင်ချိန်ကို ကျဆင်းစေတယ်။

ခရမ်းချဉ်သီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ပေါင်းက သင့်ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏ 11.4% ကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ အဲဒီ ပိုတတ်စီယမ်ကပဲ သွေးပေါင်ချိန် မြင့်တက်မှုကို ကျဆင်းစေပြီး သင့်တော်တဲ့ သွေးချိန်ပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

5. ခရမ်းချဉ်သီးဟာ ကိုလက်စထရောဓာတ်ကို လျှော့ချပေးတယ်။

လူခန္ဓာကိုယ်ထဲမှာနဲ့ သွေးထဲမှာ ပျော်ဝင်နေလေ့ရှိတဲ့ ကိုလက်စထရောဓာတ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေပါတယ်။ ကိုလက်စထရောဓာတ်ပမာဏ များလေ ရောဂါတွေကို လက်ခံရဖို့ ပမဏများလေဖြစ်ပါတယ်။ ခရမ်းချဉ်သီးကိုစားသုံးပေးခြင်းကြောင့် ဆိုးဝါးတဲ့ ကိုလက်စထရောဓာတ်တွေကို ချေဖြတ်ပေးပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ကိုလက်စထရောဓာတ်တွေကို တိုးပွားစေပါတယ်။

6. ကောင်းကောင်းအိပ်ပျော်စေပြီး ကင်ဆာနဲ့နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတယ်။

အိပ်မပျော်တဲ့ ရောဂါရှိသူတွေအတွက်လည်း ခရမ်းချဉ်သီးဟာ သင့်တော်တဲ့ ဆေးဝါးဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ ပေါများစွာပါဝင်တဲ့ lycopene ဓာတ်ဟာ ကောင်းကောင်းအိပ်ပျော်ခြင်းကို အားပေးပြီး၊ အိပ်မပျော်ဘူးဆိုရင် ခရမ်းချဉ်သီးဖျော်ရည်သောက်သင့်ပြီး ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ဟာ ဗီတာမင်စီ20mg နဲ့ ညီမျှပါတယ်။ ထို့ပြင် ခရမ်းချဉ်သီး ပုံမှန်စားသုံးပေးသူမှာ ကင်ဆာနဲ့ နှစ်လုံးရောဂါကို ဖြစ်နိုင်ချေနည်းပါးစေပြီး အဆိုပါ ရောဂါရှိသူများအနေနဲ့လည်း သက်သာ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

credit
Myanmar Online Media
Source: allowesmentalk

Post a Comment

 
Top