ဆိုင်ကယ်တွေမှာ ဘာကြောင့် Exhausts တွေတပ်ရတာလဲ ဆိုရင် အကြောင်းအရင်းက ၄ ချက်ရှိပါတယ်...

၁...ပထမ အချက်က အင်ဂျင်ထဲက လောင်ကျွမ်းပြီးသား Combustion Gas တွေကို တစ်စုတစ်ဝေးတည်း ထွက်စေဖို့ လမ်းကြောင်းလိုအပ်ပါတယ်... ဒါမှလည်း ခင်ဗျားရဲ့ ခြေထောက် နဲ့ အနောက်က ခင်ဗျားကောင်မလေးရဲ့  ခြေထောက်ကို အပူငွေ့တွေမလောင်နိုင်မှာပါ...

၂...ဒုတိယ အချက်ကတော့ အသံဆူညံမှုကို ထိန်းချုပ်စေနိုင်တာပါ...မော်တော်ဆိုင်ကယ် Exhausts တွေသာ မတပ်ခဲ့ရင် ဆိုင်ကယ်တွေလည်းPublic တွေထဲ မောင်းနှင်လို့ရမှာ မဟုတ်ပါဘူး...

၃...တတိယ အချက်က ထူးဆန်းပါတယ်...မယုံမရှိနဲ့ဗျ...Engine ရဲ့ Outputကို Exhaust အကောင်းစားမဆိုထားနဲ့ ရိုးရိုး သံပိုက်လုံးသာတပ်ပြီးမောင်းရင် ထွက်လာတဲ့ Performance က Exhaust လုံးဝမတပ်ထားတဲ့ အင်ဂျင်ထက် အများကြီးကောင်းတယ်ဗျ...သုသေသန စမ်းသပ်ချက်အရ Thermodynamic ဖြစ်ပြီး အပူတွေက flow တစ်ခုတည်း စုပေါင်းစီးဆင်းပြီးအင်ဂျင်ရဲ့ အပူစွန့်ထုတ်မှုကို အားကောင်းစေတယ်...အဲ့ သံပိုက်လုံးကလည်းဘေးဝန်းကျင်က Air Cooling ရပြီး အပူကိုလျှော့ကျစေတယ်လေ...တကယ်လို့များ Exhaust တပ်မထားရင် အပူငွေ့တွေက ဗရမ်းဗတာ ထွက်ချင်ရာထွက်ပြီး အင်ဂျင်ကို ပြန်ပြီးအပူဟပ် Heat တက်စေပါတယ်...အင်ဂျင် Heat တက်မှတော့ Performance လည်းကျပြီပေါ့ဗျာ...

၎...ဒီအချက်ကတော့ နောက်ပိုင်းမှာ တော်တော်အလေးထားလာကြတယ်...Global Warming ကမ္ဘာကြီး ပူနွေးလာမှု ကာဗွန်ဒိုင်အောက်ဆိုက် တွေ ကြောင့်ပေါ့ဗျာ...ပြီးတော့ အင်ဂျင်က ဒါရိုက်ထွက်လာတဲ့ ကာဗွန်မိုနိုအောက်ဆိုက်ဒီကောင်က လူတွေကို အဆိပ်သင့်စေပါတယ်...ဒါတွေကိုကာကွယ်ဖို့အတွက် ဆိုင်ရာဆိုင်ရာနိုင်ငံတွေက Emission Regulations တွေတွေကိုပြဠာန်းလာကြတယ်...အဲ့ဒါကြောင့် CO တွေကို ဓာတ်ခွဲပြီး စစ်ထုတ်ပေးနိုင်တဲ့ကျောက်စစ်ဇကာ ခေါ် Catalytic Convertor တွေကို Exhausts တွေမှာတပ်ဆင်လာကြတယ်...ဒီမှာပြောချင်တာက Catalytic Convertor ဆိုတာက အပူဒဏ် ခံနိုင်အောင် Ceramics အင်္ဂတေကျောက်တွေလို အရာဝတ္တု တွေမှာ Exhaust Gas တွေစီးဆင်းနိုင်အောင် အပေါက်လေးတွေဖောက်ထားပြီး အဲ့အပေါက်လေးတွေရဲ့နံရံတွေမှာ Chemical အရ Atom ဖြိုခွင်းမှု ပေါင်းစည်းမှုတွေကို အားပေးစေတဲ့Platinum, Rhodium နဲ့ Palladium သတ္တုတွေကို Coating လုပ်ပြီး သုတ်လိမ်းထားတာပါ...အဲ့တော့ ကြည့်လိုက်ရင် Catalytic Convertor က အပေါက်လေးတွေနဲ့ ပျားအုံနဲ့တူပါတယ်...ပြီးတော့ သုတ်လိမ်းထားတဲ့သတ္တုတွေကဈေးအရမ်းကြီးပါတယ် ရွှေထက်တောင် ဈေးကြီးလို့ နောက်ပိုင်း ကားတွေမှာတောင် အဲ့သတ္တုတွေအစားရွှေကိုပဲ Coating လုပ်သုတ်လိမ်းကြပါတယ်...ရွှေဆိုတဲ့ သတ္တုကChemical Oxidation ဓာတုဗေဒ ဓာတ်ပြုမှုကို အားပေးတဲ့ သတ္တုတစ်မျိုးပါပဲ...ဒီသတ္တုတွေက သူရို့နဲ့ ထိတွေ့တဲ့ Gas တွေကို Chemical အရ ဖြိုခွင်းပေးလိုက်တာပါ...

ဥပမာ...အင်ဂျင် Output က အစိမ်းစိမ်းသက်သက်ထွက်လာတဲ့ Gas တွေဆိုရင်...

1...CO, Carbon Monoxide ဒီကောင်က အရောင်မရှိပါဘူး အဆိပ်ဓာတ်ငွေ့ဖြစ်ပြီး လူတွေကို အသက်ဆုံးရှုံးနိုင်စေပါတယ်...(ဒုတိယ ကမ္ဘာစစ်အတွင်းမှာဂျာမန်တွေက ဂျူးတွေကို ဂိုဒေါင်ကြီးတွေထဲ လှောင်ပိတ်ပြီး လေးဘက်လေးတန်က စစ်သုံး Truck ကားကြီးတွေကို စက်မောင်းပြီး Exhaust အထွက်တွေကို ပိုက်နဲ့သွယ်ပြီး ဂိုဒေါင်ထဲဝင်စေပြီး အသက်ရှူကျပ် သတ်ဖြတ် တဲ့နည်းလမ်းတစ်ခုပါ...နောက်တော့ လောင်စာဖြစ်တဲ့ ဒီဇယ်ကုန်တယ် ဆိုပြီး အဲ့နည်းလမ်းကိုမသုံးတော့ပါဘူး....)

2...Hydrocarbons, Complete Combustion မဖြစ်ပဲ ကြွင်းကျန်ရစ်တဲ့ လောင်စာဆီတွေ Unburned fuel တွေပဲဖြစ်ပါတယ်...

3...Nitrogen Oxide NO နဲ့ Nitrogen Dioxide NO2 တို့ပဲဖြစ်ပါတယ်... ဒီကောင်တွေက ရာသီဥတုတွေပျက်ပြားစေပြီး Acid မိုးတွေရွာစေပြီး လူတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်... ဒီကောင်တွေကို Catalytic Convertor ထဲဖြတ်သန်းစီးဆင်းစေပြီး Chemical အရ ဓာတ်ခွဲပြီး Carbon Dioxide CO2, Water Vapour H2O နဲ့ Nitrogen Gas တို့ကို ထွက်လာစေပါတယ်...

ရှင်းရှင်းလင်းလင်းပြောပြရရင်တော့

1...CO, Carbon Monoxide ကို Catalytic Convertor ထဲမှာ အပူကိုအသုံးပြုပြီး အောက်ဆီဂျင်နဲ့ပေါင်းစေပြီး CO2 , Carbon Dioxide အဖြစ်ထွက်လာ  စေပါတယ်...CO2 ကို သစ်ပင်တွေက စုတ်ယူပြီး အောက်ဆီဂျင်ပြန်ထုတ်
ပေးပါတယ်... CO + O2 = CO2

2...Hydrocarbons တွေကို အောက်ဆီဂျင်ထပ်ကျွေးပြီး လောင်ကျွမ်းစေကာ ရေငွေ့ H2O တွေထုတ်လွှတ်ပေး ပါတယ်...

3...Nitrogen Oxide, NO ကို Catalytic Convertor ရဲ့ နံရံတွေမှာတဲ့ သတ္တုတွေက Atom တစ်လုံးကိုဆွဲယူပြိုကွဲစေပြီး Nitrogen Gas သက်သက်နဲ့ အောက်ဆီ ဂျင် O2 သက်သက်အဖြစ် ထုတ်ပေးပါတယ်... 

NO2 = N2 + O2 နောက်ပိုင်း 3 Ways Convertor ဆိုတာ အထက်ပါ အကြောင်းများကိုပြောတာပါပဲ...ပထမ Reduction လျှော့ချပေးတယ်...ဒုတိယ Oxidation ဓာတ်ပြုဖြိုခွင်း ပေါင်းစည်းပေးတယ်...တတိယ O2 Control လုပ်ပေးတယ် ဒီကောင်က Convertor ထဲမှာ အောက်ဆီဂျင်အနည်းအများကို ခြေရာခံပေးတဲ့ O2 Sensor တပ်ထားပါတယ်...တကယ်လို့ အထဲမှာ အောက်ဆီဂျင်နည်းနေပြီး လောင်ကျွမ်းဖို့ ဓာတ်ပြုဖို့ မလုံလောက်တော့ဘူး ဆိုရင် sensor က အချက်ပြပြီး ECU ကသိရှိကာ Air to Fuel အချိုးအစားမှာ ဆီကိုနည်းနည်းပေးပြီး လေကိုများများ ဝင်စေပါတယ်...ဒါမှ ကောင်းကောင်းလောင်ကျွမ်းဓာတ်ပြုနိုင်မှာပါ...

Catalytic Convertor ဟာ အပူကောင်းကောင်းရမှ ဓာတ်ပြု အလုပ်လုပ်ပါတယ် မနက်မှာ နှိုးကြည့်ရင် ပထမတော့ မီးခိုးမည်းမည်းတွေထွက်နေပြီး နည်းနည်း ကြာတော့မှ ပျောက်သွားတာမျိုးပေါ့...အပူကောင်းကောင်းရသွားပြီး Convertorက စ အလုပ်လုပ်ပြီလေ...အဲ့ဒါကြောင့် ကားတွေမှာ ဆိုရင် Catalytic Convertor ကို အင်ဂျင်နဲ့အနီးအနားမှာပဲထားကြတယ်...အပူမြန်မြန်ရအောင်ပေါ့... ဆိုင်ကယ်တွေက သိပ်ကိစ္စမရှိဘူးလေ အင်ဂျင်နဲ့အစကတည်းနီးနေတာကိုဗျ.. စောစောကပြောခဲ့သလိုပဲ Catalytic Convertor က တန်ဖိုးကြီးရှားပါးသတ္တုတွေ နဲ့လုပ်ထားတာတော့ ခိုးယူပြီးရောင်းစားကြတာရှိတယ်...ဒေါ်လာ 300 ကနေ500 လောက်ထိရနိုင်တယ်...အထူးသဖြင့် ဘော်ဒီမြင့်တဲ့ ကားတွေဖြစ်တဲ့ SUV တွေ Truck ကားကြီးတွေ အများဆုံးအခိုးခံရတယ်...ကျွမ်းကျင်တဲ့ သူခိုး တစ်ယောက်အတွက် သံဖြတ်လွှ ကောင်းကောင်းလေးတစ်လက်နဲ့ အချိန် ၁ မိနစ်ပဲ လိုအပ်ပါတယ်...အဲ့ဒါကြောင့် ညဖက်မှာ ရဲတွေက ကားအောက်ကိုဓာတ်မီးနဲ့ ထိုးကြည့်ကြတာပါ...သူတို့ဆီမှာပြောပါတယ်... 

ဆိုတော့ကာ Maker တွေက သူရို့ရဲဆိုင်ကယ်တွေကိုလည်း အထက်ပါ EmissionRegulations နဲ့ကိုက်ညီပြီး Performance လည်းလုံလုံလောက်လောက်ပေးနိုင်တဲ့ Exhausts တွေပဲတပ်ပေးလိုက်ပါတယ်...တကယ့်ကို Performance ကောင်းတဲ့ Exhausts တွေကို Exhaust Specialist Makers တွေကပဲ လုပ်ပေးနိုင်ပါတယ်...


ဥပမာ Moto GP ပြိုင်ပွဲဝင် 
Honda ရဲ့ RC213V ရဲ့ Exhaust ကို Italy ထုတ်ဖြစ်တဲ့Termignoni က ပြုလုပ်ပေးပါတယ်...
Yamaha ရဲ့ YZR M1 မှာတပ်ထားတဲ့ Exhaust ကိုလည်း Slovenian ကုမ္ပဏီဖြစ်တဲ့ Akrapovic က ထောက်ပံ့ပေးပါ တယ်...

အဲ့ဒီ Exhausts တွေဟာ ဒေါ်လာ 10000 ကနေ 20000 အထိတန်ဖိုးရှိ ကြပါတယ်...အဲ့ဒါကြောင့် Aftermarket Performance Exhaust တစ်ခုဟာ Stock OEM Exhaust ထက်ဈေးကြီးတာတော့အမှန်ပါပဲ...

အဲ့ဒီတော့ ဘာကြောင့်မိမိဆိုင်ကယ်ကို Performance Exhaust တပ်ချင်တာလဲဆိုရင်တော့...
1...Going fast, အရင်ကထက်မြန်ချင်လို့ power ကောင်းချင်လို့ပေါ့
2...Weight အလေးချိန်လျော့ချချင်လို့...Aftermarket Exhaust တွေဟာ ပေါ့ပါး ပြီးဈေးကြီးတဲ့သတ္တုတွေဖြစ်တဲ့ Titanium, Carbon Fiber တွေနဲ့ပြုလုပ်လေ့ ရှိကြပါတယ်...
3...Save money, ငွေကြေးအကုန်အကျနည်းချင်လို့...Piston, Con Rod, Valves Fuel system အစရှိတဲ့ အရာတွေ Upgrade လုပ်တာထက်စာရင် Exhaust လေးပြောင်းလိုက်ရုံနဲ့ အကုန်အကျလည်းသက်သာမယ် အလုပ်လည်းမရှုပ် တော့ဘူးပေါ့ဗျာ...
4...Sound, ဒီအချက်က အရေးကြီးဆုံးပေါ့...ကိုယ့်ဘီးရဲ့ အသံကို သူများတွေ သတိထားမိအောင် ကိုယ်ကိုတိုင်လည်း အားရစေအောင်ပေါ့... အဲ့တော့ကာ ဘယ်လိုတပ်မလဲဆိုတာ စဉ်းစားရဦးမယ်လေ...Slip On ခေါ် Bolt On ခေါ် Muffler ပြောင်းသပ်သပ်ပဲတပ်မလား...ဒီကောင်တပ်ရင်တော့ ဘာအလုပ်မှ မရှုပ်တော့ဘူးလေ...Original ပြောင်းကိုဖြုတ် ဒီကောင်လေးတပ် လိုက်ရုံပဲပေါ့...အဲ power တော့အများကြီးတက်မလာဘူးလေ နည်းနည်းပါးပါး နဲ့ အသံလည်းကြားရတာကောင်းလာတယ်ပေါ့...

ဒါမှမဟုတ် Full system တပ်မလားပေါ့...ဒီကောင်ကတော့ အင်ဂျင်ဘလောက် တုံးကအထွက် Header pipes တွေနဲ့ အနောက်က Muffler ပြောင်းပါ ပါသွားပြီး Exhaust system အကုန်လုံးပေါ့...ဒီကောင်က လက်ဝင်ပါတယ် Carburetor နဲ့ ဘီးဆိုရင် Carb ကို Reject ပြန်လုပ်ရတယ်...EFI ဆိုရင်တော့ Aftermarket EFI Controller ဝယ်တပ်ရတယ်...ပြန်ပြီး Tune လုပ်ပေးရတယ်...သူရို့ဆီမှာတော့ Dyno test တွေရှိတော့ ဆိုင်ကိုသွားပြီး Computer နဲ့ Tune လုပ်ပေးရတယ်... ဥပမာ CBR600RR, R6 တွေဆို နာမည်ကြီး Controller က Power Commender ပေါ့...Dirt bike တွေက EJK တို့ FMF တို့ပေါ့...ဘာဖြစ်လို့လဲဆိုရင် Exhaust အထွက်ကို  ပြောင်းလိုက်တော့ အရင်ကထက် Exhaust Gas တွေက ပိုစီးဆင်းတယ်... အပူကိုလည်း အရင်ကထက်မြန်မြန် စွန့်ပေးနိုင်တာပေါ့...ပြီးတော့အရင်ကထက်လည်း အင်ဂျင်က များများ ပိုလည်နိုင်သွားတာပေါ့...RPM တက် လာတာပေါ့...အဲ့တော့ကာဟိုဘက်က ပေးရတဲ့ ပါဝါလည်းများဖို့လိုမယ်လေ Air to Fuel အချိုးအစားပေါ့ အရင်ကထက်များရတော့မှာပေါ့...နောက်မို့ဆို ဘာမှထူးမှာမဟုတ်ဘူးဗျ... အဲ့ဒါကြောင့် Carb ဆိုရင် Reject ပြန်လုပ်ပေးရ တယ်... EFI ဆိုရင်တော့ Aftermarket Controller ဝယ်တပ်ပြီး Dyno Test ဆိုင်တွေမှာ Tune  ပြန်လုပ်ပေးရတယ်...ဒါပေမယ့် တချို့ Controller တွေက Computer နဲ့ Tune လုပ်စရာမလိုပဲ Plug and Play ရုံပါပဲ...အဲ Ducati ကျတော့ သူ့ရဲ့ Software  နဲ့ Tune လုပ်လို့ရပါတယ်...

 ဥပမာ...Kawasaki ရဲ့ Z800 ကို Akrapovic ရဲ့ Aftermarket Exhaust တပ်လိုက် တယ်ဆိုပါစို့...Slip On Muffler ပဲ တပ်ရင်တော့ နဂိုကထက် မြင်းကောင်ရေ 4 HP လောက်တက်လာတယ်...နဂိုက110 HP ရှိတော့ 114 HP ဖြစ်လာတာပေါ့ နောက်ပြီး Full system တပ်လိုက်တယ်...Header Pipes တွေအကုန်လုံးနဲ့ Muffler ပါ အပါအဝင်ပေါ့... 13 HP တက်လာတယ်...စုစုပေါင်း 123 HP ဖြစ်လာတာပေါ့...CB650F ကိုလည်း Akrapovic ရဲ့ Full System တပ်လိုက်ရင်တော့ 4.5 HP တက်လာမယ်, Torque လည်း 2.1 Nm တက်လာပြီး Weight က 4.4 Kg လောက်လျော့ကျသွားပါတယ်...CB650F က အရင်က 86 HP ရှိပြီး နောက်ဆုံး90.5 HP အထိရှိလာတာပေါ့...

ဒါပေမယ့် သိထားရမှာက Cylinder တစ်လုံးထိုးတွေမှာ အများကြီးတက်လာမှာမဟုတ်ပါဘူး...CB150R ကို Akrapovic ရဲ့ Full System တပ်လိုက်တာတောင်မှ1.5 HP ပဲတက်လာတာတွေ့ရပါတယ်...ပြီးတော့ Harley Davidson လို Displacement ကြီးကြီး ဆိုင်ကယ်တွေမှာလည်း HP က သိပ်မတက်လာပါဘူး...Torque တော့ တက်လာပါတယ်...အသံလည်းအရမ်းကောင်းသွားပါတယ်...ဟုတ်ပါပြီး တကယ့်တကယ်လည်း တပ်လိုက်ရော ဘာတွေပြန်ရမလဲ ဘာတွေသတိထားရမလဲဆိုတာကြည့်ရအောင်...
1...Go faster, တကယ့်ကိုမြန်ပါတယ်...Slip on ထက်စာရင် Full System က ပိုမြန်တာပေါ့...အင်ဂျင်ရဲ့ အပူစွန့်ထုတ်မှုကို ပိုကောင်းအောင်လုပ်လိုက် တော့ အင်ဂျင်က အရင်ကထက် ပိုလည်နိုင်တယ်...Revolution ကောင်းလာတယ်ပေါ့...2 to 4 Cylinders Bikes တွေ အရမ်းသိသာပါတယ်...
2...Engine bigger, more HP မိမိဘီးရဲ့ အင်ဂျင်ဟာ အရင်လိုမတူတော့ဘူးလို့ ခံစားမိလာတယ်... ပါဝါပိုကောင်းလာတော့ အင်ဂျင်လည်းအရင်ကထက် ကြီးလာသလိုခံစားမိလာတယ်ပေါ့...
3...More Air and Fuel, ဆီကတော့ ပိုစားသွားပါတယ်...Full System မှာ သိသိသာသာ ဆီစားနှုန်းတက်လာတယ်...အင်ဂျင်က Breathing ပိုများနေပြီလေ ဆီလေ များများကျွေးရပြီပေါ့...
4...Reduced weight, အလေးချိန်တစ်ကယ်ကိုလျော့ကျသွားပါတယ်...Stock ပါလာတဲ့ Exhaust တွေဟာ Stainless Steel တွေများပါတယ်... လေးလံတဲ့ Stainless Steel တွေကို Titanium, Carbon Fiber တွေနဲ့ ပြုလုပ်
ထားတဲ့ပိုပြီးပေါ့ပါးတဲ့ Exhausts တွေနဲ့ လဲလှယ် လိုက်တော့ အလေးချိန်သိသိသာသာကြီး လျော့နည်းသွားပါတယ်...Full System တစ်ခုဟာဆိုင်ကယ်တစ်စီးလုံးရဲ့ 10% အထိ Weight ကိုလျော့ကျစေနိုင်ပါတယ်...  2 into 2 ရှိတဲ့ System ကို 2 into 1 နဲ့ လဲလိုက်တာမျိုး...4 into 2 ရှိတာကို 4 into 1 နဲ့လဲလိုက်တာမျိုးပေါ့...Harley Davidson ရဲ့ 2 into 2 system ကို2 into 1 Full System နဲ့လဲလှယ်လိုက်တဲ့အခါ weight ပါ အများကြီးလျော့ကျသွားရုံမက Torque ပါအများကြီး တက်လာတာတွေ့ရပါတယ်...
5...Sound, အသံကတော့ တကယ်ကို စိတ်ကျေနပ်စရာကောင်းပါတယ်... Z800 ရဲ့ Stock Exhaust အသံနဲ့ Akrapovic Full Exhaust အသံ က ဘာမှ မဆိုင်ပါဘူး...ပြီးတော့ R6 အတွက် Tiforce ရဲ့ Full System အသံလည်း တကယ်ကိုကောင်းပါတယ်...Dirt Bikes တွေအတွက် FMF ရဲ့ Full System ကတော့ Power နဲ့ Torque အနည်းအများကို Header Pipe (Power Bomb,Mega Bomb) တွေက ဆုံးဖြတ်ပေးပြီး အသံ အတိုးအကျယ် ကိုတော့ Muffler ပြောင်း ၂မျိုးနဲ့ ဆုံးဖြတ်ပေးပါတယ်...KTM Duke 200, 390 အတွက်Akrapovic Exhaust အသံထွက်တွေလည်း အရမ်းကောင်းပါတယ်... CB400SF အတွက် Yoshimura ရဲ့ Cyclone Mufflers တွေလည်း အသံတော်တော်ကောင်းကြတယ်...
6...No Catalytic Convertor, ဟုတ်ကဲ့ များသောအားဖြင့် Full Systems တွေမှာ Catalytic Convertor ပါမလာပါဘူး...တကယ်လို့ ကိုယ်ကမောင်းနေရင်း မီးခိုးထွက်တာမြင်လို့ ရဲက မသင်္ကာလို့စစ်ရင် Convertor မရှိဘူးဆိုရင် ယဉ်စည်းကမ်းဥပဒေတွေအရ ဖမ်းခံထိနိုင်ပါတယ်...California တို့လို Australia တို့လိုနေရာတွေမှာဆိုရင် ဒဏ်ငွေအများအပြားဆောင်ရနိုင်ပါတယ်...

ဒါဆို Markers တွေက ဘာလို့ရောင်းကြသလဲ...ဟုတ်ကဲ့...
For Competition Use Only လို့ပြောပြီးရောင်းပါတယ်...ပြိုင်ပွဲအတွက် သီးသန့်ပေါ့...ဒါပေမယ့် Catalytic Convertor တွေသက်သက်ရောင်းပါတယ် ဝယ်ထည့်ချင်လည်းထည့် မထည့်ချင်လည်းမထည့်နဲ့ပေါ့...ဘာလို့လဲဆို
Catalytic Convertor က သိတဲ့အတိုင်းပဲ Exhaust Flow ကို အနှောင့်အယှက် ဖြစ်စေပြီး Performance ကိုကျစေနိုင်ပါတယ်...ဒီအချက်က အရင်က 2 Stroke တွေကို အများကြီးသက်ရောက်စေခဲ့ပါတယ်...2 Stroke တွေဟာ Exhaust Flow ကို အရမ်းမှီခိုရပါတယ်...Exhaust Flow ကောင်းလေ ဆွဲလေပါပဲ...ဒါပေမယ့် Catalytic Convertor တွေခံလိုက်တော့ Flow ကို ကျစေပြီး အင်ဂျင်လည်း အဆွဲအရုန်းမကောင်းကြတော့တာပါ...ဒါဟာ 2004 to 2008 R start DT125RE တွေရဲ့အားနည်းချက်ပါပဲ...Catalytic Convertor ကြီးလာ တော့ အရင်က Convertor သေးသေးလေးတွေပဲ တပ်ထားတဲ့ ဒို DT125R တွေလောက် အဆွဲအရုန်း မကောင်းကြတော့တာပါ...နောက်ပြီး Exhaust Port မှာတပ်ထားနဲ့ Power Valve ကလည်းစကားပြောပါတယ်...ဒီကောင် ကောင်းကောင်း အလုပ်လုပ်မှ Power Band မှန်နိုင်မှာပါ...4 Stroke တွေမှာ လည်း Power Valve တပ်ကြပါတယ်...
ဥပမာ Suzuki ရဲ့ နောက်ပိုင်း GSXR 600, 750 တွေမှာ တပ်ထားပါတယ်...Suzuki က Suzuki Exhaust Tuning
SET လို့နာမည် ပေးထားပါတယ်...Honda ရဲ့ CBR600RR မှာလည်း Exhaust Power Valve တပ်ဆင်ထားပါတယ်...

7...Slip On ဖြစ်ဖြစ် Full System ဖြစ်ဖြစ်တပ်ပြီးတဲ့ ဆိုင်ကယ်တိုင်းဟာ ဘယ် တော့မှ Stock Exhaust ကိုပြန်မတပ်ကြတော့ပါဘူး...ဘာလို့လဲဆိုတော့ Stock Exhaust ပြန်တပ်လိုက်လို့ ထွက်လာတဲ့ Performance ကို မခံစားနိုင်ကြလို့ပါ...ပြန်ရောင်းတဲ့သူကတော့ တပ်ချင်တပ်မှာပေါ့လေ...ပြောခဲ့တဲ့ အတိုင်းပါပဲ Aftermarket Exhaust တပ်လိုက်တော့ အင်ဂျင်က ပိုပြီး စွမ်းဆောင်ရည်တက်လာတော့ Stock Exhaust ပြန်တပ်တဲ့အခါ စွမ်းဆောင်ရည်တွေက ကမှောက်ကမ တွေဖြစ်ကုန်တာပေါ့...Full System မှာ Tuned လုပ်ထားတော့ Stock ပြန်တပ်တဲ့အခါ Data , Air ,Fuel တွေက အဝင်သာ ကောင်းကြပြီး အထွက်မှာ ပိတ်နေသလို ဖြစ်နေတာပေါ့...အင်ဂျင်တောင် ထိခိုက်နိုင်ပါတယ်...
8...Aftermarket Exhausts တွေ ဝယ်တော့မယ်ဆိုရင် သေချာစဉ်းစားပါ... နှစ်ပြားတစ်ပဲ ပဲတန်တဲ့ဘီးဆိုရင်တော့ ကိစ္စမရှိဘူးလေ...China made Exhaust အသံကောင်းတာလေးဝယ်တပ်ပြီး ဗျင်းလိုက်ရုံပေါ့...ဒါပေမယ့် တန်ဖိုးကြီးတဲ့ဘီးဆိုရင်တော့ သေချာ စဉ်းစားပါ...Performance Exhaust တွေဟာ Stock OEM Exhaust ထက်ဈေးကြီးကြပါတယ်...သုံးထားတဲ့သတ္တုတွေက အစမတူဘူးလေ...Stock က Stainless Steel ပေမယ့် ဟိုက လာတာ Titanium တို့ Carbon Fiber တို့နဲ့လာတာလေ...
ဥပမာ WR250R ရဲ့ Stock Exhaust က $200, $250 မြန်မာငွေ ၂နှစ်သိန်းခွဲလောက်ရှိပေမယ့်...
Akrapovic ရဲ့ Exhaust တွေက $300 ကနေ $600 မြန်မာငွေ ၆သိန်းလောက် အထိရှိနိုင်ပါတယ်...တလောက Biker တစ်ယောက်မေးတယ်...သူရဲ့ ဘီး မှာ Power Exhaust တပ်ချင်လို့ပါတဲ့...ဘီးကို ကြည့်လိုက်တော့ WR250X ဂွေပု အရပ်အခေါ်ပေါ့,အနည်းဆုံး ၄၀ ,၅၀ လောက်တန်တဲ့ဘီး...Power Exhaust တပ်ချင်လို့ပါ အခုအသံထွက်ကို မကြိုက်ဘူး တဲ့...အဲ့ဒါနဲ့ Akrapovic, Yoshimura, FMF တို့ သုံးပါလားဆိုပြီး အကြံပေးရတယ်...
ဈေးကရောဆိုတော့ Slip On ကိုပဲ ၄ သိန်း ၅ သိန်း လောက်ရှိနိုင်တယ်လို့ ပြောလိုက်တော့ ဈေးကြီးတယ် တဲ့ ၆သောင်း တစ်သိန်းတန်လောက်မရှိ ဘူးလား တဲ့...အဲ့လိုဆိုတော့ အဲ့လောက်ပဲမှန်းထားရင် မတပ်နဲ့တော့ အကို
လို့ပြောရတယ်...ဟုတ်တယ်လေ မိမိရဲ့ဘီး အင်ဂျင်တောင် ထိခိုက်သွား နိုင်တယ်...ဒီအတိုင်းလေးက ပိုတောင်ကောင်းသေးတယ်...သူ့ရဲ့ Stock Exhaust က Performance နဲ့ Emissions တွေအတွက် အချိုးညီအောင်လုပ် ထားပြီးသားလေ...အဲ့ဒါကြောင့် သူ့ထက်ကောင်းတဲ့ Performance Parts တွေဝယ်ချင်ရင်တော့ သူက Certified ပေးထားတဲ့ Parts Makers တွေကို ပဲရွေးချယ်ရမှာ...ဥပမာ Akrapovic ဆိုရင် သူ့ရဲ့ site ထဲဝင်ကြည့်လိုက် Yamaha WR250X မော်ဒယ်ဘယ်လောက်အတွက် Exhaust ဆိုပြီး ရှိတယ်
Code No တွေနဲ့ Performence ဘယ်လောက်တက်လာလဲဆိုတာလည်း ရေးထားပြီးသား...ဒါမှ မဟုတ် Yoshimura, Two Brothers တစ်ခုခုပေါ့... ဝင်ကြည့်လိုက်ရင် တွေ့ပါလိမ့်မယ်...သက်ဆိုင်ရာ ဆိုင်ကယ် ကုမ္ပဏီ တွေ က Approved လုပ်ပြီးသား Products တွေပဲ...ဒီလို Products မျိုးပဲရွေးချယ် သင့်တယ်...မိမိဘီးက အကောင်းစားကြီးကိုဗျ...ဒါမှမဟုတ်ဘီးက ၁၀သိန်း သိန်း ၂၀ လောက်တန်တဲ့ဘီးဆိုရင် China Made ၁သိန်းတန် Exhaust လေး တပ်တာ ကိစ္စမရှိဘူးလေ...
9...နောက်တစ်ခုက ဆိုင်ရာဆိုင်ရာ Makers တွေရဲ့ site တွေထဲ သေချာဝင် ကြည့်ပါ...မိမိဘီးအတွက် ဘယ် Exhaust , Code No, Product No က ဘယ်လောက်ဆိုပြီး မှတ်ထားပါ...အဲ့ဒါကိုပဲဝယ်ပါ...အပြင်ဆိုင်မှာပေါ့
ဒါမှမဟုတ် ဆိုင်ရောက်မှ ရွေးမယ် ဆိုပြီး သွားရော...ဟိုရောက်မှ WR250R အတွက် Exhaust လေးလိုချင်လို့ပါဆိုရင်...ရပါတယ် အကို ဒီကောင်က CRF250L မှာ တပ်တာ WR မှာလည်းတပ်လို့ရတယ်ဆိုရင် သေပြီပဲလေ... ဒီကောင်က FZ မှာ တပ်တာ CBR150R မှာလည်းတပ်လို့ရတယ် ဆိုရင် ဟုတ်ကဲ့ သေပြီပဲလေ...ပြောချင်တာက Makers တွေက ထုတ်လိုက် ကတည်းက ဘယ်ဆိုင်ကယ် ဘယ်မော်ဒယ်အတွက်ဆိုပြီး သေချာစမ်းသပ် Test လုပ်ပြီးမှ ထုတ်ကြတာ...ဒီမော်ဒယ်က ကောင်ကို ဟိုမော်ဒယ်မှာ သွားတပ်လို့မရဘူးဗျ...တပ်လို့တော့ရတယ်လေ ဟိုဟာလေး နည်းနည်းပြောင်း ဟိုမူလီလေး ဒီမူလီလေး ဝါရှာလေးခံ တပ်လို့တော့ရတာပဲလေ... ဒါပေမယ့် သူ့အတွက် ထုတ်ထားတာမှ မဟုတ်တာ Exhaust Gas flow ဒီဇိုင်းမှ မတူညီကြတာ တပ်လိုက်ရင် အင်ဂျင်နာသွားနိုင်တယ်လေ... ကမ္ဘာပေါ်မှာတော့ Aftermarket Exhausts Brands တွေ 200 ကျော်လောက်ရှိကြ ပါတယ်...အဲ့ထဲကမှ ဆိုင်ကယ် Markers တွေရဲ့ Recommend အပြည့်အဝရပြီး နာမည်ကြီးကြတဲ့ Brands တွေကတော့ အောက်ပါအတိုင်းပါပဲ...နာမည်အကြီး ဆုံးကို အစဉ်လိုက်ရေထားပါတယ်...

1. Akrapovic (Slovenia) နာမည်အကြီးဆုံး အကောင်းဆုံးပါ... 
    Moto GP မှာ Yamaha အပါအဝင်   တော်တော်များများသုံးကြပါတယ်...

2...SC Project (Italy) Moto GP 2 နဲ့ Moto GP 3 မှာ သုံးကြပါတယ်...
3...Yoshimura (Japan) ဂျပန်စာရေးထားရင် ဂျပန်စက်ရုံကထုတ်တာပါ...

     Yoshimura R & D of America (USA) Made in USA လို့ရေးထားပါတယ်...
     USA မှာရှိတဲ့ စက်ရုံကထုတ်တာပါ...

4...LeoVince (Italy) TT race , Isle of Man ပြိုင်ပွဲတွေမှာသုံးကြပါတယ်...

5...Termignoni (Italy) Moto GP Honda RC 213V မှာသုံးပါတယ်...

6...FMF Racing (USA) Offroad Dirt Bikes တွေအတွက် နာမည်အကြီးဆုံးပါ...

7...Arrow (Italy)

8...Two Brothers Racing (USA)

9...Scorpion (UK)
10...IXIL (Spain)
11...HP Course (Italy)
12...Tiforce (Japan)
13...Blueflame Performance (UK) CB400SF အတွက်နာမည်ကြီးပါတယ်...
14...Graves Motorsports (USA) 

V Twin Cruisers တွေအတွက်
1...Vance & Hines (USA) Harley Davidson အတွက်နာမည်ကြီးပါ...
2...Cobra USA (USA)
3...Eagle Exhaust (Germany)
4...Cobra Exhaust (Germany)
5...Bassani (USA) 2005 မှစတင်တဲ့ ကုမ္ပဏီပါ...ဒါပေမယ့် အရည်အသွေးကြောင့် အချိန်တိုအတွင်း အောင်မြင်လာပါတယ်...Harley Davidson, Honda Goldwing အပါအဝင် ,Victory ဆိုင်ကယ်တွေအတွက် အကောင်းဆုံး Exhausts တွေထုတ်ပေးနိုင်ပါတယ်...

......................................အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ.........................................
............................................Sharing knowledge is developing mankind................................................
.............................................................By Lawrence Peace.................................................................
 
Top