မြန်မာနိုင်ငံမှာတော့ CB400SF ဟာ Super Four ဆိုပြီး နာမည်ကြီးပါတယ်။  Super Four လို့ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံဆိုင်ကယ်အသိုင်းအဝိုင်းမှာ မသိသူ မရှိသလောက် လူသိများလှပါတယ်။ Classic ဒီဇိုင်း ရှေ့မီးဝိုင်းကြီး ၊ စက်ဝိုင်းပုံ  ဒိုင်ခွက် နှစ်ခု၊ အင်ဂျင်အရှေ့ဘက်က Radiator အပြားကြီး၊ ၎င်းရဲ့အောက်က Exhaust Header Pipe လေးခု၊ နောက်ဘီးရဲ့ညာဘက်ခြမ်းက Exhaust Muffler ပြောင်းကြီး၊ အနောက်က Gas အိုးပါတဲ့ Shock Absorber Suspensions နှစ်ခု  ဒါတွေဟာ Super Four ရဲ့ အမှတ်အသားတွေဖြစ်ပြီး ကြည့်လိုက်တာနဲ့ ထင်သာ
မြင်သာရှိလှပါတယ်။ Super Four ဟာ Standard Seating Position ရှိတဲ့ Naked Bike ဂျပန်ပြည်တွင်းသုံး မော်တော်ဆိုင်ကယ်တစ်စီးဖြစ်ပြီး Inline 4 Cylinders ရဲ့ Performance , High Revving အရသာကို ခံစားစေနိုင်ဖို့ Displacement အနည်းဆုံးဖြင့် လက်ရှိထုတ်လုပ်နေတဲ့ မော်တော်ဆိုင်ကယ် တစ်စီးပဲဖြစ်ပါ တယ်။ 399cc, Inline 4 Cylinders, Liquid Cooled, DOHC 4 Valves per Cylinder, ဂီယာ ၆ ချက်နဲ့ Super Four ဟာ လက်ရှိ ထုတ်လုပ်လျှက်ရှိတဲ့ Inline 4 Cylinders အင်ဂျင်တပ် မော်တော်ဆိုင်ကယ်တွေထဲမှာတော့ Displacement အနည်းဆုံးပဲဖြစ်ပါတယ်။ Honda ကုမ္ပဏီမှ အရင်ကတော့ Inline 4 Cylinders, 250cc အင်ဂျင်တပ် Hornet 250 ခေါ် CB250F ကို ထုတ်ခဲ့ပါသေးတယ်။1996 ကနေ 2007 ခုနှစ်အထိပဲ ထုတ်ခဲ့ပြီး နောက်ထပ် မထုတ်တော့ပါဘူး။ Multi Cylinders, High Revving လည်ပတ်နှုန်းမြင့်လှတဲ့ အင်ဂျင်တွေကိုထုတ်လုပ်ရာ မှာ Honda က နာမည်ကြီးလှပါတယ်။

 Moto GP ပြိုင်ပွဲအတွက် Inline 6 Cylinders, 250cc, ဂီယာ 7 ချက် အင်ဂျင်တပ် RC166 ကို 1966 ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါသေးတယ်။ Dry Weight 112 kg ရှိကာ အလွန်တရာပေါ့ပါးလှပြီး 60 HP ကို 18000 RPM မှာထုတ်ပေးနိုင်ပါတယ်။ တကယ်တော့ CB series တွေကို Honda က 1965 ခုနှစ်မှာ စပြီးထုတ်လုပ်ခဲ့တာ ပါ။ CB series တွေထဲမှာ Single Cylinder, Twin Cylinders, Inline 4 Cylinders, Inline 6 Cylinders တွေအထိထုတ်လုပ်ခဲ့ပြီး Super Four 400cc series ဟာ 1988 မှ 1991 အထိထုတ်လုပ်ခဲ့တဲ့ CB-1 ခေါ် CB400F က ဆင်းသက်လာတာ လို့ပြောလို့ရပါတယ်။ Official Name အရ CB400 Super Four လို့ခေါ်တဲ့ SuperFour တွေကို 1992 ခုနှစ်မှ စတင်ပြီး ယခုထိတိုင်အောင်ထုတ်လုပ်လျှက်ရှိပါ တယ်။ စတင်ထုတ်လုပ်တဲ့အခါက Japan ပြည်တွင်းဈေးကွက်အတွက် သီးသန့် ထုတ်လုပ်ခဲ့ပေမယ့် 2008 မှစတင်ပြီး Australia နိုင်ငံနှင့် New Zealand နိုင်ငံများ သို့ LAMS ခေါ် Learner Approved Motorcycle Scheme အမောင်းသင် မော်တော်ဆိုင်ကယ် များအဖြစ် ယခုထိတိုင် တင်ပို့လျှက်ရှိပါတယ်။ Super Four ရဲ့ အဓိကအချက်အလက်များကတော့ Inline 4 Cylinders, 399cc, Liquid Cooled, Bore 55 mm × Stroke 42 mm , Compression Ratio 11.3:1, DOHC 16 Valves, 6 Speeds, Wet Multiplate Clutch, Chain Drive, Front Suspension 41mm Showa Telescope Fork, Rear Suspension Twin Remote Reservoir Showa Shock, Front tyre 120/60-ZR17, Rear tyre 160/60-ZR17, ဆီတိုင်ကီက 18 လီတာဆန့်ပြီး Fuel အပြည့်အခြေအနေမှာ 440 lbs လေးလံပါတယ်။ 


1992 မှ 2007 အထိ Constant Velocity Carburetor လေးလုံးတွဲနဲ့ဖြစ်ပြီး 2008 မှ ယခုထိ တိုင် PGM-FI နဲ့ဖြစ်ပါတယ်။ Performance တွေကတော့ 10500 RPM မှာ 53 HP ထွက်ပြီး 9500 RPM မှာ 28 ft lbs Torque အား ထုတ်ပေးနိုင်ပါတယ်။ CB400SF မှာ လူငယ်တွေစီးနိုင်ဖို့ Restriction လုပ်ထားတဲ့ Version တစ်မျိုးလည်းရှိပါ တယ်။ Ignition Timing ကို Restriction လုပ် ကန့်သက်ထားပြီး 30 HP ပဲထွက်ပါ တယ်။ ဂျပန်မှာ ကျောင်းသားလူငယ်တွေအစီးများတဲ့အတွက် မြန်မာနိုင်ငံမှာ တော့ ကျောင်းသားဘီး လို့ခေါ်ကြပါတယ်။ ဂျပန်က ပြင်ပကိုထုတ်မရောင်းတဲ့ အတွက် တခြားနိုင်ငံတွေက Grey Bike လို့ခေါ်ကြပါတယ်။ CB400SF မှာ ထူခြားတာ တစ်ခုရှိပါတယ်၊ အဲ့ဒါကတော့ VVT ခေါ် Variable Valve Timing ပါလာတာပါ။ ဒါပေမယ့် မော်တော်ကားတွေမှာပါလာတဲ့ VVT မျိုး မဟုတ်ပါဘူး။ဥပမာ Toyota ရဲ့ VVTi ဆိုတာ Variable Valve Timing with Intelligence ဖြစ်ပြီး သက်မှတ်ထားတဲ့ RPM အမြင့်ရောက်လာရင် Intake valves တွေဟာ ပထမပွင့်နေတဲ့အချိန်ထက်ပိုကြာပြီး ပွင့်ကြပါတယ်။ Valve ကို ဖွင့် ပိတ်လုပ် ထိတွေ့တဲ့ Cam Lube Area သို့မဟုတ် Cam Lube အရှည်ကို ပြောင်းလဲ ပြီး Valve တွေရဲ့ Over Lap Time ခေါ် Intake နဲ့ Exhaust Valves တွေရဲ့ အဖွင့် အပိတ်အချိန်ကို ကြာစေတာပါ။ Cam Lube Area ကျယ်တော့ Valve တံရဲ့ဖင် ကိုထိတွေ့မှုကြာစေပြီး Valve ပွင့်နေတဲ့အချိန်ကိုပိုပြီးကြာစေပါတယ်။ တချို့ ကား တွေမှာတော့ နည်းနည်းရှည်တဲ့ Cam Lube ကိုပြောင်းသုံးစေပြီး Valve တိုင် ရဲ့ဖင်ကို ပိုပြီးဖိချသလိုဖြစ်ပြီး Valve က Cylinder အတွင်းထဲထိ ပိုပွင့်တာပါ။
Honda မော်တော်ကားတွေမှာ VTEC လို့ခေါ်ကြပါတယ်။ Toyota ရဲ့ VVTi ကတော့ Intake valves တစ်မျိုးတည်းကိုပဲ ထိန်းချုပ်ပြီး နောက်ပိုင်းထွက်လာတဲ့ Dual VVTi နဲ့ Valvematic ဆိုတာကတော့ Intake ရော Exhaust valves တွေကိုပါ ထိန်းချုပ်တာကိုပြောတာပါ။ Valves တွေဟာ အကွာအဝေပုံသေပဲ အပိတ် အဖွင့် လုပ်နေတဲ့အခါမှာ Low RPM မှာ ဘာမှမသိသာပေမယ့် High RPM ကို ရောက်လာရင်တော့ အရမ်းမြန်လာတဲ့အတွက် Valves တွေရဲ့ ပုံမှန် အဖွင့် အပိတ် အကွာအဝေးတွေဟာ Exhaust ငွေ့တွေနဲ့ Intake လေတွေကို စီးဆင်းနိုင် စေဖို့ အချိန်လုံလုံလောက်လောက်မပေးနိုင်တော့ပါဘူး။ ဒါကြောင့် VVT တွေ သုံးပြီး High RPM မှာ performance တွေတက်အောင် လုပ်ကြရပါတယ်။ အကျိုး ရလဒ်ကတော့ VVT အလုပ်မလုပ်ခင် Low RPM မှာ ဆီစားသက်သာ စေပြီးVVT အလုပ်လုပ်တဲ့ High RPM မှာ HP နဲ့ Torque ပါတက်လာပြီး Performance
ကောင်းလာစေပါတယ်။Honda CB400SF မှာတော့ Hyper V tec လို့ခေါ်ပြီး သူ့အလုပ်လုပ်ပုံကတော့ ပထမစက်နှိုးပြီးမောင်းလိုက်တာနဲ့ Cylinder တစ်လုံးမှာ valves 2လုံးပဲ အရင် အလုပ်လုပ်ပါတယ်။ Intake နဲ့ Exhaust valve တစ်လုံးဆီပေါ့။ Primary valves တွေလို့ခေါ်ပါတယ်။ Cylinder 4 လုံးရှိတော့ Valve 8 လုံးပဲ စုစုပေါင်း အလုပ်လုပ်ပါတယ်။ မောင်းနေရင်းနဲ့ RPM 6300 ဒါမှမဟုတ် RPM 6750 ရောက်ရင်တော့နောက်ထပ် ငြိမ်နေတဲ့ Secondary valves တွေက အလုပ်လုပ်ပါတယ်။ အဲ့ခါ ကျတော့ Cylinder တစ်လုံးမှာ valves 4 လုံးလုံး အလုပ်လုပ်တော့ အားလုံး Valves 16 လုံးလုံးအလုပ်လုပ်ပါပြီး။ အဲ့ခါကျ အသံလည်းပြောင်းသွားသလို အရှိန်လည်း ဆောင့်တက်လာပါတယ်။ မောင်းနေရင်းနဲ့ feeling အရ ခံစား သိရှိ နိုင်ပါတယ်။ ဒါကို ဒီမှာတော့ ပစ်ကပ်ပွင့်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ Hyper V tec engaged ဖြစ်သွားတယ် V tec အလုပ်လုပ်တယ်လို့ ပြောလို့ရပါတယ်။ Secondary Valves တွေဟာ Oil Pressure နဲ့ အလုပ်လုပ်တာပါ။
ပုံမှာ အတိုင်းပဲ Oil Pressure က Valve တံရဲ့ ဖင်မှာရှိတဲ့ ပင်လေးကို တွန်းလိုက်ပြီး ပင်လေးက Valve တံဖင်နဲ့ Cam Lube ကြားဝင်ရောက်ပြီး Cam Lube ကပင်လေးကိုဖိချ ပင်က တစ်ဆင့် Valve တံဖင်ကိုဖိချပြီး Valve တွေကိုပွင့်စေပါတယ်။ အဲ့ဒါကြောင့် V tec ပါလာတဲ့ 1999 ကနေ ယခုလက်ရှိ CB400SF တွေကိုSythetic Engine Oil 10W40 သို့ 10W50 ပဲအသုံးပြုသင့်ပါတယ်။ Oil က သိပ်ပျစ်နေလို့မကောင်းပါဘူး။ V tec မပါတဲ့ 1992 to 1998 ဘီးတွေကတော့ 20W50 Oil တွေ သုံးလို့ရပါတယ်။ Secondary valves တွေက ကပ်နေလို့ပဲ ဖြစ်ဖြစ် CDI မကောင်းလို့ Signal မရလို့ပဲဖြစ်ဖြစ်V tec အလုပ်မလုပ်ရင်တော့ မပွင့်ဘူးလို့ပြောကြပါတယ်။


Honda ရဲ့ Hyper V tec System ကို ဥရောပနဲ့ အမေရိကားကို အဓိကဖြန့်ချီခဲ့တဲ့VFR800 မော်တော်ဆိုင်ကယ် မှာလည်း အသုံးပြုခဲ့ကြပါသေးတယ်။ VFR800ဟာ Touring Sport Bike အမျိုးအစားဖြစ်ပြီး Valves 16 လုံး Full Time အလုပ်မလုပ်တဲ့အတွက် Performance ကိုဦးစားပေးလှတဲ့ ဥရောပနဲ့ အမေရိကန်လူမျိုးများကတော့ မကြိုက်ကြပါဘူး။ CB400SF တွေမှာ Hyper V tec တပ်ဆင်ရခြင်းအကြောင်းရင်းကတော့ လမ်းတွေကြပ် ယဉ်တွေကြပ်လှတဲ့ Japan နိုင်ငံရဲ့လမ်းတွေမှာ Fuel Consumption ကောင်းစွာ ဆီစားသက်သာစွာနဲ့ မောင်းနှင်
နိုင်စေဖို့ပဲ ဖြစ်ပါတယ်။ Low to Mid RPM တွေမှာ Cylinder 1 လုံးမှာ Valves 2 လုံးစီ စုစုပေါင်း Valves 8 လုံးပဲအလုပ်လုပ်တဲ့အတွက် ပါဝါကိုကန့်သက်ထားသလိုဖြစ်ပြီး ဆီစားသက်သာစေပါတယ်။ အဲ့ဒါကြောင့် Super Four ရဲ့ Hyper V tec စနစ်ဟာ Performance ကိုပိုကောင်းအောင်လုပ်ပေးတာမဟုတ်ပဲ Low to Mid RPM တွေမှာ ဆီစားသက်သာစေပြီး ပါဝါကိုကန့်သက်ထားတဲ့အတွက်လည်း ယဉ်တွေရှုပ်ထွေးလှတဲ့ မြို့တွင်းလမ်းတွေမှာဘီးကိုကောင်းကောင်းထိန်းကျောင်းစေနိုင်တာပေါ့။ ဒါပေမယ့် Ducati ရဲ့ 2015 မော်ဒယ် Multistrada 1200 မှာ ပါလာတဲ့ VVT ဟာ Super Four Hyper V tec နဲ့မတူပါဘူး၊ကားတွေရဲ့ VVTiနဲ့တူပါတယ်။ Full time 16 Valves အလုပ်လုပ်ပြီး High RPM မှာ Valves တွေ ပိုပြီးပွင့်ကြပါတယ်။ Ducati ဟာ အင်ဂျင်ထဲမှာ Valves ကို ဘယ်လို VVT စနစ်မျိုးနဲ့မောင်းတယ်ဆိုတာ အသေးစိတ်မပြောပြပေမယ့် Animation Video ထဲမှာ
တော့ Valves တွေဟာ အချိန်ကြာကြာပိုပွင့်တာကိုတွေ့ရပါတယ်။ ထားပါတော့ ဒါကတော့ Ducati ရဲ့ VVT အကြောင်း ဗဟုသုတပေါ့။ အဲ့ဒါကြောင့် Hyper V tec နဲ့ ပါဝါကို ကန့်သက်ထားတဲ့ Super Four ကို Performance ကောင်းကောင်းလို ချင်တဲ့ အတွေ့အကြုံရှိပြီးသား Advance Level ဆိုင်ကယ်သမားများ ကတော့ မကြိုက်ကြပါဘူး။ 

CB400SF, 1992 ကနေ 1998 အထိ V tec ပါမလာပါဘူး။ Full time 16 valves လုံး အလုပ်လုပ်ပါတယ်။ ဒါကြောင့် အဲ့ဘီးတွေက အရမ်းပွင့်ကြတာပါ။ 0 to 60 mph ကို 5 sec နဲ့ အရောက်တင်နိုင်ပါတယ်။ V tec ပါလာတဲ့ 1999 နဲ့ နောက်ပိုင်း Super Four တွေက 0 to 60 mph ရောက်ဖို့ 5.8 sec ကြာပါတယ်။CB400SF ရဲ့ Frame No. နဲ့ မော်ဒယ်တွေကိုကြည့်မယ်ဆိုရင်တော့... CB400SF (Frame No. NC31) 1992,1993,1994 ပထမဦးဆုံး Super Four မော်ဒယ်တွေဖြစ်ကြပါတယ်။ 1992 မော်ဒယ်မှာ အရင်က CBR400RR မှာအသုံးပြုခဲ့တဲ့ Gear ဖြင့်မောင်းနှင်ပြီး Valves တွေကို အလုပ်လုပ်စေတဲ့ Gear Cam စနစ်ကို ဖြုတ်ချခဲ့ပြီး Chain Drive Valves Cams များဖြင့် အစားထိုးခဲ့ကြပါတယ်။ အသံဆူညံမှုလျော့ကျသွားပြီး Red Line RPM ကို 12500 အထိရရှိစေပါတယ်။ Carburetor တွေကို အင်ဂျင်ရဲ့ အနောက်ဖက် မှ တပ်ဆင်ထားရှိပြီး CV ခေါ် Constant Velocity Carburetor လေးလုံးတွဲကို အသုံး ပြုထားပါတယ်။ 1994 မော်ဒယ်မှစပြီး Combustion Chamber ကို တဲအမိုးပုံစံ Pent-Roof Combustion Chamber ဖြင့် အစားထိုးခဲ့ကြပြီး Performance တက်လာအောင် လုပ်ခဲ့ကြပါ တယ်။


CB400SF Version R, Special Edition (NC31)
1995,1996,1997,1998,1999 Version R မှာ ရှေ့မီးကြီးကို Fairing Cover အိမ်လေးနဲ့တည်ဆောက်ထားပြီး လေးထောင့်ပုံမီးကြီးဖြစ်ပါတယ်။ 1995 Version R ကို PGM-Fi ခေါ် Honda ရဲ့ Programmed Fuel Injection System ဖြင့်ထုတ်ခဲ့ပြီး Special Edition ဖြစ်ကာ အလွန်ရှားပါးပါတယ်။ ပုံမှန် CB400SF ရဲ့ အနောက် Sprocket က 42T ပဲဖြစ်ပေမယ့် Version R တွေမှာတော့ 45T ကိုတပ်ဆင်ထားပါတယ်။ PGM-Fi မပါတဲ့ Carburetor Version နဲ့ Version R ကိုတော့ အများအပြားတွေ့မြင်နိုင်ပါတယ်။


CB400SF Version S (NC31)
1996,1997,1998,1999 Brembo Brakes, Showa Suspensions တွေတပ်ဆင်ထားပါတယ်။ Carburetor ထဲကိုသွားတဲ့ လေလမ်းကြောင်းတွေကို အဆင့်မြင့်ထားပြီး Exhaust Muffler အတွင်းက ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲလိုက်ပါတယ်။့ု1998 မှာ Honda ရဲ့ နှစ် 50 မြောက်အထူးထုတ်အဖြစ် Version S 50th Anniversary Edition ကို ထုတ်ခဲ့ပါသေးတယ်။ စုစုပေါင်းစီးရေ 500 သာ ထုတ်လုပ်ခဲ့ပြီး အဖြူရောင် အောက်ခံနဲ့ဖြစ်ကာ ဆီတိုင်ကီ အပေါ်မှာ အနီရောင်အစင်းနဲ့ဖြစ်ပါတယ်။


 CB400SF (NC31)
1995,1996,1997,1998,1999
Version S မဟုတ်တဲ့ 1995 to 1999 ရိုးရိုး မော်ဒယ်တွေကတော့ Nissin Brakes တွေပဲတပ်ဆင်ထားပါတယ်။
CB400SF (NC39) 1999,2000,2001 Hyper V tec ပထမဦးဆုံး ပါလာပါတယ်။ ဂီယာ အားလုံး 6750 RPM မှာ V tec အလုပ်လုပ်ပါတယ်။ 1999 မှာတော့ ရှေ့လေကာ Fairing ပါလာတဲ့ Version တစ်မျိုးဖြစ်တဲ့ CB400 Super Bol d'Or ကို စတင်ထုတ်ခဲ့ပါတယ်။ ခရီးဝေးကို သက်တောင့်သက်သာ မောင်းနှင်နိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာပါ။ Bol d'Or ဆိုတာက ပြင်သစ်စကား လုံးဖြစ်ပြီး Riders ၃ ယောက်ဖြင့် 24 နာရီပြိုင်မောင်းရသော မော်တော်ဆိုင်ကယ် ပြိုင်ပွဲကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ 24 Hour Enduro Motorcycle Race ဖြစ်ပြီး Moto GP လို ပြိုင်ကွင်းထဲမှာ Super Bike များဖြင့် ပတ်မောင်းပြီး ယှဉ်ပြိုင်ရပါတယ်။ 2000 ခုနှစ်မှာစပြီး HISS ခေါ် Honda Ignition Security System ပါလာပါတယ်။ သော့တံမှာ Sensor ပါလာပြီး သူ့ရဲ့သော့မှန်မှ အလုပ်လုပ်ပါ တယ်။ Hot Wire ခေါ် Battery ကို ရှော့ရိုက် စက်နိုးပြီး ခိုးယူလို့ မရအောင် ကာ ကွယ်ထားတာပါ။


CB400SF (NC39)
Hyper V tec Spec II
2002,2003, ဂီယာအားလုံး 6300 RPM မှာ V tec အလုပ်လုပ်ပါတယ်။ 1992 မှ 2003 ခုနှစ်အထိ CB400SF တွေအားလုံး Rear Fairing အနောက်ကာဗာမှာ အရပ်အခေါ် ဖင်လုံး နဲ့ဖြစ်ပါတယ်။

CB400SF (NC39)
Hyper V tec Spec III
2004,2005,2006,2007
ဂီယာ 1 ကနေ ဂီယာ 5 အထိ 6300 RPM မှာ  ဂီယာ 6 မှာတော့ 6750 RPM မှာ V tec စတင်အလုပ်လုပ်ကြပါတယ်။ 2004 ခုနှစ်မှစတင်ကာ Exhaust Muffler အတွင်းမှာ အသံတိုးစေဖို့ Fiber Glass ဖြင့်ပြုလုပ်ထားတဲ့ အပူဒဏ်ခံနိုင်တဲ့ သိုးမွှေးအလိပ်တွေထည့်ထားပါတယ်။နောက်ဖင်ထိုင်ခုံမှာ အရပ်အခေါ်ဖင်ပြားဖြစ်သွားပြီး လက်ကိုင်တန်းလေးပါဝင်လာပါတယ်။ဆီ တိုင်ကီ ကို အနည်းငယ်ပြုပြင်ထားပြီး အနောက်မီးက LED နဲ့ဖြစ်လာပါတယ်။ 


CB400SF (NC42)
Hyper V tec Revo 2008 မှ ယခုလက်ရှိထိ PGM-Fi နဲ့ဖြစ်လာပြီး V tec အလုပ်လုပ်ပုံက Spec III နဲ့အတူတူပဲဖြစ်ပါတယ်။ Idle Air Control Valve သီးသန့်ပါရှိလာပြီး အင်ဂျင်ကို Idle speed မှာ Main Air
Control Valve ကိုမသုံးပဲ Control Valve အသေးလေးကို သီးသန့်သုံးပါတယ်။ Control Valve လေးကို Servo Motor လေးဖြင့်မောင်းနှင်ပြီး အကျိုးရလဒ်ကတော့ ဆီစားအလွန်သက်သာပြီး Idle မှာ အင်ဂျင်က အလွန် Smooth ဖြစ်တာပါ။ABS Version လည်းဝယ်လို့ရပါတယ်။ 2014 မှာတော့ ဒိုင်ခွက်အလယ် မှာ LCD Screen ကြီးပါလာပြီး Gear Position Indicator ပါလာပါတယ်။လက်ကိုင် နှစ်ဖက်အတွက် အပူပေးစနစ်ပါလာပြီး အနောက်ထိုင်ခုံက လက်ကိုင်ကလည်း ဘယ်ညာ နှစ်ခုပါလာပါတယ်။ 2015 မော်ဒယ်မှာတော့ ABS က Standard အဖြစ် ပါဝင်လာပါတယ်။ 


CB400SF ရဲ့ နောင်တော်ကြီး CB1300SF လည်းရှိပါသေးတယ်။ လက်ရှိလည်း ထုတ်လုပ်နေပါတယ်။ သူကတော့ Hyper V tec မပါပါဘူး။ 16 Valves အားလုံး Full Time အလုပ်လုပ်ပါတယ်။ အရင်က CB400SF ရဲ့ပြိုင်ဘက်တွေအဖြစ် Yamaha XJR400 နဲ့ Suzuki Bandit 400 (GSF400) တို့ရှိခဲ့ကြပြီး အားလုံး Inline 4 Cylinders, 399cc တွေဖြစ်ကြပါတယ်။ Yamaha XJR400 က 1990 ကနေ 2007 အထိထုတ်ခဲ့ပြီး ဖျက်သိမ်းခဲ့ပါတယ်။ Suzuki Bandit 400 ကတော့ 1989 ကနေ 1997 အထိပဲ ထုတ်လုပ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် CB400SF ဟာ 400cc Inline 4 Cylinders အင်ဂျင်တပ် မော်တော်ဆိုင်ကယ်တွေထဲမှာတော့ ပြိုင်ဖက်မရှိ သရဖူဆောင်းလျှက်ရှိပြီး ဂျပန်ပြည်တွင်းမှာ ရောင်းအားအကောင်းဆုံး မော်တော်ဆိုင်ကယ် တစ်စီးလည်းဖြစ်ပါတယ်။ CB400SF တွေဟာ ဂျပန်ပြည် တွင်းသုံး ဆိုင်ကယ်တွေဖြစ်တဲ့အတွက် Quality ကတော့ အခြား Exports တင်တဲ့ ဆိုင်ကယ်တွေထက် ပိုပြီး အရည်အသွေးကောင်းမွန်တာတွေ့ရပါတယ်။

Japan Domestic ပစ္စည်းဖြစ်တဲ့ အားလျော်စွာ Recondition ပြုလုပ်ပြီး တိုးတက်ခါစ Third Countries တွေကို ပြန်လည်ရောင်းချနိုင်စေဖို့ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ထားတဲ့အတွက် အကြမ်းပတမ်း ခံလှတာကိုတွေ့ရပါတယ်။ အဲ့ဒါ ကြောင့်လည်း မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာ CB400SF မော်တော်
ဆိုင်ကယ်တွေကို အများအပြား တွေ့မြင်ကြရတာဖြစ်ပါကြောင်း တင်ပြရင်း Honda ရဲ့ ပြိုင်ဘက်မရှိ CB400 Super Four အကြောင်းကို ဒီနေရာမှာပဲ နိဂုံး ချုပ်လိုက်ပါတယ်။

..................................အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ..............................
........................................Sharing knowledge is developing mankind......................................
........................................................By Lawrence Peace.......................................................

 
Top