DT200WR ကို 1991 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်
ကတော့ ပြိုင်ဘီးသီးသန့် YZ 2 stroke တွေရဲ့တစ်ဆင့်နိမ့် တောတွင်းလမ်း
ကြမ်း လမ်းမပေါ်တွေနဲ့ တစ်ခါတစ်ရံ အပျော်တမ်းလမ်းကြမ်းပြိုင်ပွဲတွေမှာ
အသုံးပြုနိုင်စေဖို့ပဲဖြစ်ပါတယ်။ Street Legal Dual Purpose လည်းဖြစ်ရမယ်
ရုံးပိတ်ရက် အပျော်တမ်း လမ်းကြမ်းပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်နိုင်ရမယ် စသဖြင့်
ရည်ရွယ်ချက်တွေနဲ့ Performance ကောင်းကောင်းပေးနိုင်ပြီး ပေါ့ပါးတဲ့ Dirt Bike အဖြစ်
ဈေးကွက်လက်ဦးမှုရယူချင်တာလည်းပါပါတယ်။ 1988 မှာ စတင်ထုတ်လုပ်ခဲ့တဲ့
Frame No. 3ET, DT200R ရဲ့ Frame ကိုအခြေခံပြီး DT200WR ကိုတည်ဆောက်ခဲ့တာပါ။
WR ဆိုတာက Wide Ratio ကိုရည်ညွှန်းပါ တယ်၊ Gear Wide Ratio ပေါ့။ ဂီယာ တစ်ခုနဲ့တစ်ခု
နည်းနည်း လှမ်းတာကိုပြောတာပါ၊ ဥပမာ ဂီယာ နံပါတ် ၃ ထည့်ပြီး လီဗာနည်းနည်းကြာကြာဆွဲပြီးမှ နံပါတ် ၄ ထည့်ရတာပေါ့။ WR နာမည်ကိုပေးရခြင်းက အရင် 200cc
မော်ဒယ်ဖြစ်တဲ့ DT200R နဲ့မတူပဲကွဲပြားစေချင်လို့မဟုတ်ပါဘူး။ Motorcross ပြိုင်ဘီး
သီးသန့် YZ တွေနဲ့ မတူ ကွဲပြားခြားနားစေချင်လို့ပါ။ DT200WR ရဲ့ Wide Ratio ဂီယာ ၆
ချက်ဟာ 3ET DT200R နဲ့အတော်လေးကိုဆင်တူပါတယ်။ Primary Reduction
နဲ့ နံပါတ် ၁ ပဲ အနည်းငယ်ခြားနားကြပြီး ၂, ၃, ၄, ၅, ၆ တွေကတော့ Ratio တွေ
တူညီမှုရှိကြပါတယ်။

1974 ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တဲ့ YZ series တွေကတော့ တကယ့်ကို ပြိုင်ဘီး
သီးသန့်တွေပေါ့။ လျှပ်စစ်နဲ့ပတ်သတ်လို့ Battery တောင်ပါမလာတဲ့ YZ 2 stroke
ဘီးတွေမှာ ရှေ့ နောက်မီး အချက်ပြမီး နောက်ကြည့်မှန် ဟွန်း Speedo
Meter ဒိုင်ခွက် Side stand (ဒေါင့်) တွေ တစ်ခုမှပါမလာပဲ 2 T Oil တောင် Premix
စပ်ပေးရပါတယ်။ နောက်ပြီး ဂီယာတွေလည်း Closed Ratio ဖြစ်ပြီး
၅ ချက်ပဲပါပါတယ်၊ ၁ နဲ့မောင်း ၂ထိုး ခဏလေးအတွင်းမှာပဲ ၃ထိုး စသဖြင့်
ဂီယာတွေက အရမ်းနီးကပ်ကြပြီး Special တည်ဆောက်ထားတဲ့ အနိမ့်အမြင့်
ကုန်းတွေနဲ့ လမ်းကြမ်းပြိုင်ပွဲလမ်းကြောင်းတွေအတွက်ပဲ အဓိကရည်ရွယ်ပါ
တယ်။ WR series တွေကတော့ Street Legal ဖြစ်ကြပြီး Public လမ်းမတွေ
တောလမ်း Trials ၊ရွာလမ်း Country Sides တွေမှာလည်း မောင်းလို့ရအောင်
Compression Ratio ကို အနည်းငယ်နှိမ့်၊ Wider Gear Ratio ထည့်ထားကြတာ
ဖြစ်ပါတယ်။ အဲ့ဒါကြောင့် DT200WR မှာ WR ဆိုတဲ့ အသုံးအနှုန်းဟာ DT200R
နဲ့ကွဲပြားစေချင်လို့မဟုတ်ပဲ YZ တွေနဲ့ကွဲပြားစေချင်လို့ပဲဖြစ်ပါတယ်။ 2 stroke
DT200WR ဟာ ယခု လက်ရှိထုတ်လုပ်နေတဲ့ 4 stroke, WR250F, WR450F,
WR250R, WR250X တို့ရဲ့ ပထမဦးဆုံး မော်ဒယ်လို့ပြောလို့ရပါတယ်။

DT200WR , 1st Generation
1991, 3XP1, Frame No. 3XP-000101 to 3XP-030000 (ခန့်မှန်း)
1991 ခုနှစ်မှာ ပထမမျိုးဆက် DT200WR ကို စတင်ထုတ်ခဲ့ပြီး Model Code
ကတော့ 3XP1 ဖြစ်ပါတယ်။ 1988 မှစတင်ထုတ်ခဲ့တဲ့ 3ET, DT200R ရဲ့ Semi
Double Cradle Frame ကိုပဲအခြေခံတည်ဆောက်ထားပါတယ်။ သံမဏိ ပုခက်
တစ်ဝက်တစ်ပျက် ပုံစံဖြစ်ပြီး နောက်ဘီးနဲ့ဆက်သွယ်ထားတဲ့ Swingarm ကို
တော့ ပေါ့ပါးပြီးခိုင်ခံ့တဲ့ Aluminum နဲ့ပြုလုပ်ထားပါတယ်။ နောက် Swingarm
ဟာ အရင် DT125 တွေလို Cast Iron မဟုတ်တော့ပါဘူး။ DT200WR, 1st Gen မှာ
သိသာကွဲပြားစေတဲ့အချက်တွေကတော့ ဖရိမ်နံပါတ် 3XP-000101 ကနေ
3XP-030000 အထိဖြစ်ကြပြီး နောက် Swingarm က Chain Puller ခေါ် ချိန်းဆွဲ
လေးက အရင် DT200R မှာပါတဲ့ ခရုပတ်ပုံ ချိန်းဆွဲလေးပဲဖြစ်ပါတယ်။ ကာဗာ
စတစ်ကာပုံကတော့ ဘေးကာဗာပေါ်မှာ အောက်ခြမ်းကိုကပ်ထားတဲ့ပုံစံပါ။
DT200WR, 2nd Generation
1992, 3XP2, Frame No. 3XP-030101 to 3XP-049000
1993, 3XP3, Frame No. 3XP-049101 to 3XP-059000
1994, 3XP4, Frame No. 3XP-059101 to 3XP-062999 (ခန့်မှန်း)
1992 မှ 1994 အထိ ဒုတိယမျိုးဆက်ကိုထုတ်လုပ်ခဲ့ပြီး သိသာကွဲပြားစေတဲ့
အချက်တွေကတော့ Frame No. တွေနဲ့ Swingarm Chain Puller လေးပဲဖြစ်ပါ
တယ်။ 2nd Gen ရဲ့ Chain Puller ပုံစံကတော့ ယခုလက်ရှိတွေ့ရတဲ့ 4 Stroke WR
တွေရဲ့ ချိန်းဆွဲ အတိုင်း မြောင်းထဲမှာ Slide လုပ်ပြီးရွေ့ရတဲ့ Chain Puller ပုံစံမျိုး
ပဲဖြစ်ပါတယ်။ နောက်ပြီး ကာဗာစတစ်ကာပုံစံလည်းပြောင်းသွားပါတယ်။ ဘေး
ကာဗာမှာ စတစ်ကာကပ်ပုံက အပြည့်နီးပါးနေရာယူထားပါတယ်။ အရောင်တွေအနေနဲ့
အပြာနုရောင်နဲ့ပန်းနုရောင်များကိုသာအဓိကထုတ်လုပ်ခဲ့ပါတယ်။ DT200WR ရဲ့ အင်ဂျင်ပိုင်း
ဆိုင်ရာ အချက်အလက်တွေကတော့ 1st Gen ရော 2nd Gen ပါ အကုန်အတူတူပဲဖြစ်ပါတယ်။
Engine.....................199.7cc , Bore 66.8mm × Stroke 57.0mm
Forward Inclined Single Cylinder, Water Cooling
Compression Ratio...6.3:1
Ignition....................CDI
Carburetor...............Mikuni TM30SS
Lubrication...............Yamaha Autolube
2T Oil Capacity.........1.2 Litre
Start........................Kick Starter
Transmission............Constant Mesh 6 Speed
Frame......................Semi Double Cradle
Fuel Capacity............10.6 Litres
Transmission Oil.......Yamaha Transmission Oil 10W30 or
Motor Oil SE 10W40
Transmission Oil Capacity....0.75 Litre
Radiator Capacity......1.41 Litres
Tire..........................Front 80/100-21,Rear 100/100-18
Wet Weight...............250 lbs
Seat Height...............39 Inches
Ground Clearance......14.4 Inches
Performance..............35HP @ 9000 RPM
27N-m @ 7500 RPM
3ET, DT200R နဲ့မတူတာတွေကတော့ DT200R မှာ 195cc ရှိပြီး DT200WR မှာ
တော့ 199.7cc ( 200 ပြည့်လုခင်) အထိရှိတာကိုတွေ့ရမှာပါ။ အင်ဂျင်တုံးပေါ်
မှာ 199cm³ လို့ရေးထားပေမယ့် အတိအကျကတော့ 199.7cm³ အထိရှိပါတယ်။
ပြီးတော့ Cylinder မှာလည်း Exhaust Ports အပိုပါတာတွေ့ရပါတယ်။ ဒါတွေက 35 HP အထိ Performance တက်လာစေတဲ့အကြောင်းတွေပါ။ နောက်တစ်ခုက DT200WR ရဲ့ Cylinder ကို Reboring ပြန်ထိုးလို့မရပါဘူး။ အလွန်မာကျောတဲ့ သတ္တု Alloy တစ်မျိုးကို Cylinder နံရံအတွင်းဖက်မှာ Coating လုပ် သုတ်လိမ်း ထားပါတယ်။ Reboring ပြန်ထိုးလို့ရတဲ့ DT200R ရဲ့ Cast Iron Sleeve ထက်ပိုပြီး မာကျောကာ အကြမ်းခံ တာရှည်ခံပါတယ်။
2T Oil ကို ဘူးနဲ့သက်သက်ထည့်ပေးရပြီး Autolube System ဖြင့် Pump တစ်ခုနဲ့ အင်ဂျင် Crankcase အတွင်း ဘက်ကိုပတ်ဖြန်းပေးပါတယ်။2T Pump ကတော့ Plunger Type (ရေပြွတ်ပုံစံ) ပန့်ဖြစ်တာကြောင့် ဘီးသက်တမ်းတစ်လျှောက်အထိ တာရှည်ခံပါတယ်။ ရေပြွတ်ပုံစံ အလုပ်လုပ်တာကြောင့် အဝမှာ ဆီချေးတွေမတော်တဆပိတ်ခဲ့ရင်တောင် Plunger ကဆောင့်ထိုးတဲ့အားကြောင့် ပွင့်ထွက်ကုန်မှာဖြစ်ပြီး ပန့်ပိတ်မှာလည်းမပူရတော့ပါဘူး။ အထူးသတိပြုရမယ့်အချက်ကတော့ 2T Pump ကို မိမိကိုယ်တိုင်ချိန်ညှိမှုမပြုလုပ်ရပဲ Yamaha Service Centre မှာပဲ Professional တွေနဲ့ပြုလုပ်ရမယ်လို့ Yamaha က မှာထား ပါတယ်။ တက်နိုင်သလောက် Factory Setting ပဲထားရမှာဖြစ်ပြီး မတော်တဆ Setting ကိုပြောင်းမိတယ်ဆိုရင်တော့ Pump Cover ကိုဖွင့်ပါ၊ Guide Pin လေး ကို အမှတ်အသား Marker တည့်တည့်ရောက်အောင်ပြန်ချိန်ပါ။ များသောအားဖြင့် V ပုံစံ မြားဦးလေးနဲ့ပြ ထားပါတယ်။ လီဗာကြိုးနဲ့ဆက်ထားတဲ့ Puller Plate ကိုလည်းဆွဲထုတ်လိုက်ပြန် ထည့်လိုက် ကစားကြည့်ပါ၊စပရင်အားနဲ့ပြန်ကန်ထွက်လာပါတယ်၊ အဲ့ဒီ Free Play အကွာအဝေးလေးကတော့ 0.24mm ကနေ 0.30mm အတွင်းရှိရမှာပါ။
အကွာအဝေးလေးက အတွင်းက Plunger Stroke ကို အဆုံးအဖြတ်ပေးပါတယ်။ တကယ်လို့အပြင်က 2T လီဗာကြိုးကိုတင်းလိုက်မယ်ဆိုရင် အကွာအဝေးကတို သွားပြီး Plunger Stroke Length
လည်းအဲ့ဒီသက်မှတ်လိုက်တဲ့ အကွာအဝေး အတိုလေးမှာပဲ အသွားအပြန်ကစားရပြီး 2T Oil ကို
နည်းနည်းပဲပို့ပေးတော့မှာ ပါ။ လီဗာကြိုးကိုလျှော့လိုက်ရင်တော့အကွာအဝေးကရှည်သွားပြီး Plunger Stroke Length လည်းရှည်သွားကာ 2T တွေကိုအများကြီးပို့ပေးနေမှာပါ။ Factory Setting က Idle သို့ Slow RPM မှာ 50:1 ဆီ ၅၀ 2T ၁ ဖြန်းပေးနေ မှာ ဖြစ်ပြီး Highest RPM မှာတော့ 20:1 ဆီ ၂၀ 2T ၁ ဖြန်းပေးနေမှာပါ။ လီဗာ ဆွဲ တာဟာ Plunger Stroke Length တိုတာရှည်တာကိုပြုလုပ်ပေးပြီး အင်ဂျင် RPM ကတော့ Plunger အသွားအပြန် နှေးတာမြန်တာကို ပြုလုပ်ပေးပါတယ်။ ပုံမှန်အားဖြင့်တော့ ဆီတိုင်ကီ ၂လုံးစာမောင်းပြီးချိန်မှာ 2T က 1 လီတာ လောက်ကုန်ပါတယ်။
Carburetor ကတော့ Mikuni TM30SS Flat Slide ကာဗြူရေတာ ဖြစ်ပြီး DT125
တွေလို အပေါ်ကလီဗာကြိုးနဲ့ဒါရိုက်ဆက်ထားတဲ့နေရာက အဝိုင်းမဟုတ်ပဲ အပြားလေး
နဲ့ဖြစ်ပါတယ်။ Flat Slide ကာဗြူရေတာများဟာ Performance ဦးစားထားပြီး ရိုးရိုး Pin Type
အဝိုင်းပုံစံ ကာဗြူရေတာများထက် Performance လည်းပိုကောင်းသလို ဆီလည်းပိုစားပါတယ်။ DT200R ရဲ့ ကာဗြူရေတာကတော့ Mikuni TM28SS ဖြစ်ပြီး DT200WR ရဲ့ TM30SS
ကာဗြူရေတာထက်ပိုပြီးသေးငယ်ပါတယ်။ Coolant Capacity ကတော့ 1.41 လီတာထည့်ပေးရပါတယ်။ ရိုးရိုး Coolant ရခဲ့ရင်တော့ pH 7 ရေသန့်နဲ့ 50% (တစ်ဝက်တိတိ) စပ်ပြီးထည့်
ပေးရမှာဖြစ်ပြီး Coolant မှာ "Do not mix with water" လို့ရေးထားရင်တော့ ရေရောစရာမလိုပဲ Coolant ချည်းပဲ 1.41 လီတာအထိထည့်ပေးရမှာပါ။
ရှေ့ Suspension Fork များဟာ DT200R ရဲ့ ရိုးရိုး Suspension Fork များနဲ့မတူပဲ
High Performance Telescope Inverted Fork ( ဖောက်ပြောင်းပြန်) များဖြစ်ကြ ပါတယ်။
အထက်အောက် Free Play 11.8 Inches အထိ ကစားနိုင်ပြီး 41mm Diameter အချင်းရှိကြ
ပါတယ်။ နောက် Suspension ကတော့ Gas Pressurized Monocross Linked Type Suspension
ဖြစ်ပြီး အထက်အောက် 5.08 Inches အထိ ကစားနိုင်ပါတယ်။ Gas အိုးထဲမှာ Damping Gas
တွေကို 142 psi အထိသိုလှောင်ထားပါတယ်။ Seat Height ကတော့ 39 Inches ရှိပြီး 35 Inches
ရှိတဲ့ DT200R ထက် ၄ လက်မပိုမြင့်တဲ့အတွက် အရပ် ၅ပေ ၉လက်မနဲ့အထက် ရှိ
သူများသာပိုပြီးအဆင်ပြေကြမှာပါ။ Ground Clearance က 14.4 Inches ရှိတဲ့
အတွက်ကြောင့် တကယ့် Off Road အစစ်တွေမှာလည်းမောင်းနှင်နိုင်မှာပါ။
ဘားဘူးခေါ် Yamaha Power Valve System မှ Servo Motor လေးက Signal ကို
CDI ကရယူပြီး ပါဝါကို Condenser ကနေရယူပြီးအလုပ်လုပ်ပါတယ်။ ရှေ့မီး
ကြီးက ပါတယ်ဆိုလောက်သာတပ်ဆင်ထားပြီး လင်းအားသိပ်မကောင်းတဲ့
အတွက် ညဖက်တွေမှာတော့ ခရီးအဝေးကြီးမောင်းတာမျိုးမလုပ်သင့်ပါဘူး။
ဆီအပြည့် 2T အပြည့် ရှေ့နောက်မီး နောက်ကြည့်မှန် စတာတွေအပြည့်အစုံပါ
ပြီးအခြေအနေမှာ ပေါင် 250 ပဲရှိတဲ့အတွက် ထွက်တဲ့မြင်းကောင်ရေ 35 HP နဲ့
တွက်ကြည့်ရင်တော့ Power နဲ့ Weight အချိုး ညီမျှလွန်းတဲ့ဘီးလို့ပြောနိုင်ပါ
တယ်။

ကဲ...ဂလောက်ဆိုရင်တော့ DT200WR အကြောင်း အတော်ပြည့်စုံပြီလို့ထင်ပါ
တယ်။ DT200WR ကို 1991 မှ 1994 အထိ စုစုပေါင်း အစီးရေ ၆၂၀၀၀ ကျော်
ထုတ်လုပ်ခဲ့ကြပြီး အဓိက ဈေးကွက်တွေအဖြစ် ဂျပန် နဲ့ USA ကိုသာတင်ပို့
ရောင်းချခဲ့ပြီး Canada နဲ့ Europe ကိုလုံးဝတင်ပို့ခြင်းမရှိခဲ့ပါဘူး။ DT200WR ကို
Frame No. 3XP တစ်မျိုးတည်းသာ ဂျပန်နဲ့ USA ကိုတင်ပို့ခဲ့တာပါ။ DT125 တွေ
ကတော့မတူပါဘူး၊ ဥပမာ Frame No. 4BL တွေကို Europe ကိုတင်ပို့ပြီး
Frame No. 3FW တွေကိုတော့ ဂျပန်မှာပဲဖြန့်ခဲ့သလိုပေါ့။
DT200WR ရဲ့နောက်ထပ် မော်ဒယ်တစ်မျိုးရှိပါသေးတယ်။ WR200R ပါ။
Competition Use ပြိုင်ပွဲဝင် အသုံးပြုဖို့အပြင် တောလမ်း Trials တွေမှာလည်း
မောင်းနှင်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ဘီးပါ။ နောက်တော့ဆက်တာပေါ့...
အခုတော့ စာလည်းရှည်နေပြီ တော်လောက်ပါပြီလေ... :-D
..................................အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ..................................
........................................Sharing knowledge is developing mankind.........................................
......................................................... By Lawrence Peace.........................................................
 
Top