မြန်မာ့မီးရထားက ပုဂ္ဂ လိကနှင့် အကျိုးတူပူးပေါင်းကာ RBE တွဲဆိုင်းဖြင့် စင်းလုံးငှားအ ပျော်စီးရထားခရီးစဉ်ကို မေလ ဒုတိယပတ်က စတင်ပြေးဆွဲပေး နေသည်။

အဆိုပါဝန်ဆောင်မှုခရီးစဉ် ကို မုံရွာမြို့ရှိ King & Queen ဟိုတယ်နှင့် မြန်မာ့မီးရထားတို့အ ကျိုးတူပူးပေါင်း၍ မန္တလေးမှ မုံရွာ မြို့သို့အသွား၊ အပြန်ပြေးဆွဲ ပေးနေခြင်းဖြစ်သည်။
 ‘‘ဒီဝန်ဆောင်မှုခရီးစဉ်ကို မနေ့က (မေလ ၁၃ ရက်)ကမှစ တာပါ။ မန္တလေးက ထွက်ပြီး မုံရွာမှာ ညအိပ်၊ နောက်ရက်ကျ မန္တလေးပြန်ပေါ့။ လမ်းမှာခရီး သည်က ရပ်ချင်တဲ့နေရာကို ညှိ နှိုင်းပြီး ရပ်ပေးတယ်’’ဟု King & Queen ဟိုတယ် အထွေထွေ မန်နေဂျာ ဦးသန့်ဇင်ထွန်းက ပြောသည်။

ယင်းခရီးစဉ်တွင် အသုံးပြု သော ရထားသည် တွဲတစ်တွဲသာပါရှိပြီး ခရီးသည် ၂၄ ဦး ဆံ့ကာလေအေးပေးစက်  တပ်ဆင်၍ နှစ်ယောက်ထိုင်ဆိုဖာခုံများနှင့် စားသောက်ရန် စားပွဲဝိုင်းများကို တည်ခင်းပေးထားသည်။
လိုက်ပါစီးနင်းသူများသည် ၀န်ဆောင်မှုပေးသည့် ဟိုတယ်တွင် တည်းခိုသူဖြစ်ရန်လို၍ မန္တလေးမှ မုံရွာသို့ အသွားခရီးစဉ်တစ်ခြမ်းကို တစ်တွဲစာ ၃၃၂,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ အပြန် ခရီးစဉ်အတွက် ကျသင့်မည့် စီးနင်းခနှုန်းထားကို မေလ ၁၄ ရက်အထိ အတိအကျညှိနှိုင်းခြင်းမရှိကြောင်း သတင်းရရှိသည်။
‘‘ကျသင့်ငွေက မြန်မာ့မီးရ ထားကို ပေးသွင်းရတာပါ။ ဟို တယ်ကတော့ ရထားပေါ်မှာ အစားအသောက်ရောင်းပြီး ၀န် ဆောင်ခရယူပါတယ်’’ဟု ဦးသန့် ဇင်ထွန်းက ပြောသည်။
လက်ရှိအချိန်ထိ ယင်း ခရီးစဉ်လိုက်ပါရန် ဆက်သွယ်ထားသည့် အဖွဲ့ ၂၀ ခန့်ရှိကာ မကြာမီမုံရွာ-ပုဂံ၊ မုံရွာ- ရွှေဘိုခရီးစဉ်များကို ထပ်တိုးပြေးဆွဲပေးရန် စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။
လိုက်ပါမည့်ခရီးသည် ၂၄ ဦးထက်ပိုပါက တွဲအပိုများ ချိတ်ဆက်ပေးရန် မြန်မာ့မီးရထားနှင့်ညှိနှိုင်းထားသည်ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။
‘‘ပုံမှန်ပြေးဆွဲရတာမျိုးတော့ မဟုတ်ဘူး။ ဟိုတယ်ဘက်က လို အပ်လို့ငှားရမ်းချင်တဲ့အခါ ရုံးချုပ် ကို ပြေးဆွဲမယ့် ခရီးစဉ်လမ်း ကြောင်းတင်ပြရတယ်။ ရုံးချုပ်က ခွင့်ပြုရင်လိုက်ပါပေးတဲ့ သဘော ပါ။ ခရီးစဉ်တစ်ကြောင်းထွက်ချင် တယ်ဆိုရင် ကြိုပြီးတင်ပြထားရ တယ်’’ဟု မြန်မာ့မီးရထားမှ အ ဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
မြန်မာ့မီးရထားသည် ယခင်က ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းသည့် ခရီးစဉ်အချို့ကို ပြေးဆွဲဖူးသော်လည်း ယခုကဲ့သို့ ၀န်ဆောင်မှုအပိုင်းပါဝင်သည့် ပြေးဆွဲခြင်းလုပ်ငန်းသည် ပထမဆုံး ဟု ဆိုနိုင်ကြောင်း ၎င်းက ပြော သည်။
 
Top