လိုအပ်သောပစ္စည်းများ
ငါးကြင်း
မျှစ်ချဉ်
ဖဲ့ဖယ်ရွက်
ရှမ်းနံနံ
ငရုတ်သီးစိမ်း
ပင်စိမ်း
ကြက်သားမှုန့်
ကြက်သွန်ဖြူ

ဆောင်ရွက်ရန်
ပထမဆုံး ငါးနဲ့မျှစ်ချဉ်ကို လိုချင်တဲ့ အနေအထား အရွယ်တော် အတုံးလေးများ တုံးထားရပါ မယ်။ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ ဖဲ့ဖယ်ရွက်၊ ကြက်သွန်ဖြူများကို ငရုတ်ဆုံနဲ့ညှက်အောင်ထောင်းထားရပါမယ်။ ချက်မယ့်အိုးထဲမှာ တုံးထားတဲ့ ငါးများနဲ့မျှစ်ချဉ်များထည့်ပြီး နနွင်း၊ ဆီစိမ်း အနည်းငယ်၊ ကြက်သားမှုန့်များထည့်ပြီး  ထောင်းထားတဲ့ ဟင်းခတ်အမွှေးအကြိုင်များပါထည့်ကာ သမအောင် နယ်ပေးရပါမယ်။ သမအောင်နယ်ပြီးချိန်မှာ ဆုံဆေးရေ အနည်းငယ်ကို လောင်းထည့်ပြီး မီးပေါ်တင်ကာ ဆယ်မိနစ်ခန့်ချက်ပြီး ပင်စိမ်းအုပ်ပြီးရင်တော့ မီးပေါ်မှ ချနိုင်ပါပြီ။ ဒီဟင်းပွဲကတော့ ကချင်ရိုးရာအတိုင်း ဟင်းခတ်ရွက် အစုံအလင် ထည့်ထားတာကြောင့် အနံ့မွှေးကြိုင်ပြီး မျှစ်ချဉ်နဲ့ ငရုတ်သီးကြောင့် ချဉ်ချဉ်စပ်စပ် အရသာရှိမယ့် ကချင်ဟင်းပွဲ တစ်မျိုးဖြစ်ပါတယ်။
 
Top