၁- နေ့တိုင်းဆက်သွယ်
နေ့တိုင်း အဆက်အသွယ် မပြတ်ပါဘူး။ ဖုန်းနဲ့စကား ပြောတာ၊ မက်ဆေ့ဂ်ျ ပို့တာတွေကစပြီး အလုပ်မှာ၊ ကျောင်းမှာ သွားကြိုတဲ့ထိ နေ့စဉ် အဆက်အသွယ် မပြတ်ပါဘူး။
၂- စိတ်ဝင်စားမှု
နှစ်ဦးစလုံးမှာ စိတ်ဝင်စားမှုတွေရှိနေပြီး ဒီစိတ်ဝင်စားမှုတွေနဲ့ပက်သက်ရင် နေ့စဉ်သည်းခံမှု ရှိနေတာပါ။ ဥပမာ- တစ်ယောက်က ဘောလုံးကို စိတ်ဝင်စားပြီး ဒီအကြောင်းတွေ နေ့တိုင်းပြောနေတာကို သည်းခံနိုင်တာပါ။ နှစ်ယောက်သားဆက်ဆံရေး ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာပါ။
၃- အတူရှိ
ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် နှစ်ယောက်သား အတူရှိနိုင်မယ့် အချိန်ကိုတော့ အမြဲဖန်တီးပြီး ချန်ထားတတ်ပါတယ်။
၎- စကားလုံး
ချစ်တယ်ဆိုတဲ့ စကားကို နေ့စဉ်ပြောပါတယ်။ ဘယ်လောက်ပြောပြော မငြီးငွေ့သွားပါဘူး။
၅- ဟာသ
ပျော်နေတာကြောင့် ဟာသညဉ်ကလည်း အမြဲ ရှိနေတတ်ပါတယ်။
၆- အနာဂတ်အကြောင်း
အနာဂတ်အကြောင်းတွေ ခဏခဏ ပြောတတ်ပါတယ်။ ရှေ့ဘယ်လို အစီစဉ်တွေရှိတယ် ဆိုတာကို ရေတိုတင်မတင်ကဘဲ ရေရှည်အစီစဉ်တွေကိုပါ အမြဲ ပြောပြတတ်ပါတယ်။
၇- ထွေးပွေ့
ထွေးပွေ့တာမျိုး၊ အနမ်းပေးတာမျိုးတွေကတော့ အရမ်းပျော်နေတဲ့ ချစ်သူတွေကြား ခဏခဏရှိတဲ့ အရာဖြစ်ပါတယ်။
Photos & Source: Lifehack