ကောင်မလေးတစ်ယောက်နဲ့ သူမအဖေတို့ တံတားတစ်ခုကို ဖြတ်ကူးနေတုန်းကပေါ့။

အနည်းငယ် စိုးရိမ်ထိတ်လန့်နေတဲ့ အဖေက သူ့သမီးလေးကို ပြောလိုက်တယ်။
“သမီးလေး... မြစ်ထဲပြုတ်ကျမသွားအောင် အဖေ့လက်ကို ကိုင်ထား...”

သမီးလေးက “ဟင့်အင်း အဖေ။ အဖေပဲ သမီးလက်ကို ကိုင်ထားနော်။”

အဖေဖြစ်သူက နားမလည်ဟန်နဲ့ “ဘာများကွာလို့လည်း သမီးရဲ့။”

သမီးလေးက သေချာပြန်ဖြေလိုက်တယ်။
“အများကြီးကွာတာပေါ့ အဖေရဲ့။ သမီးသာ အဖေ့လက်ကိုကိုင်ထားပြီး တစ်ခုခုဖြစ်ခဲ့ရင် သမီးကအဖေ့လက်ကို လွှတ်ချင်လွှတ်လိုက်မိမှာ။ ဒါပေမယ့် အဖေကသမီးလက်ကို ကိုင်ထားရင်တော့ ဘာတွေပဲဖြစ်ဖြစ် လွှတ်မှာမဟုတ်ဘူးဆိုတာ သမီးသေချာသိလို့ပါ...”

သင်ခန်းစာ။
ကိုယ့်ကို ချစ်ခင်နှစ်သက်တဲ့သူတွေက ကိုယ့်လက်ကို ဆုပ်ကိုင်လာတာကို မျှော်လင့်နေမယ့်အစား ကိုယ်ကပဲ သူတို့ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပါနော်။

စာဖတ်သူအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ..
 
Top