0



ရုရှနိုင်ငံမြို့တော် စိန့်ပီတာစဘက်မှာ အမျိုးသားတစ်ဦးဟာ မိသားစုနာမည်ကို တရားဝင်းပြောင်းခဲ့တဲ့ ဇနီးကို မကျေမနပ် ဖြစ်ပြီး ဇနီးရဲ့ကားကို ဘိလပ်မြေတွေနဲ့ လောင်းထည့်ကာ လက်စားချေခဲ့ပါတယ်။ တကယ်တော့ ပြဿနာအစက သဘော ထား  ကွဲလွဲခြင်းက စတာလို့ဆိုပါတယ်။

Veniy လို့ အမည်ရတဲ့ စူပါမားကတ်တစ်ခုဟာ ပရိုးမိုးရှင်းလုပ်သည့်အနေနဲ့ လူတိုင်း ၎င်းတို့ရဲ့ မိသားစုနာမည်တွေကို စူပါမားကတ် Logo နာမည် ထပ်ပေါင်းပြောင်းလဲပါက တစ်လျှင် ရူဘယ် 5000 ပေးမယ်ဆိုပြီး မက်လုံးပေးကာ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကို ငွေမက်တဲ့ ဇနီးဖြစ်သူက သူမရဲနာမည်ကို Veniy လို့ ပြောင်းခဲ့ပါတယ်။
Veniy ဟာ အင်္ဂလိပ်လိုဆိုရင်တော့ (Loyal=သစ္စာရှိခြင်း) လို့ အဓိပ္ပါယ်ရပြီး၊ ခင်ပွန်းဖြစ်သူက မိသားစုနာမည်ကို လုံးဝ အပြောင်းမခံခဲ့ပါဘူး။ ဒါပေမယ့် ဇနီးဖြစ်သူက သူ့သဘောနဲ့သူ ပြောင်းလာခဲ့ပါတယ်။ ဒီအတွက် အမျိုးသမီးနာမည် နောက်မှာ ပါလာတဲ့ ခင်ပွန်းနာမည်ဟာ ပြုတ်သွားပြီး Loyal က အစားထိုးဝင်ရောက်သွားပါတယ်။

ဥပမာ အမျိုးသားက Ivan၊ အမျိုးသမီးက Charry ဆိုရင် ၎င်းတို့ လက်ထပ်တဲ့အခါ အမျိုးသမီးနာမည်က Charry Ivan ဖြစ်သွားပါတယ်။ ဒါပေမယ့် ကုမ္မဏီနာမည်က အစားထိုးဝင်ရောက်လာတဲ့အတွက် Carry Veniy ဖြစ်သွားတဲ့သ ဘောမို့ (သတင်းမှာ ကာယကံရှင်တွေရဲ့ နာမည်မပါပါ၊ ဥပမာအဖြစ်သာ) အမျိုးသားက လုံးဝမကျေနပ်ပါဘူး။
ဒါ့အပြင် ဇနီးဖြစ်သူဟာ ခင်ပွန်းဖြစ်သူအပေါ်ကို သစ္စာစောင့်ထိန်းခဲ့သူမဟုတ်ကြောင်း အချင်းများနေစဉ်မှာ ၀န်ခံခဲ့ပါ သေးတယ်။ ဒါကြောင့် အမျိုးသားဟာ ဇနီးသိပ်ချစ်တဲ့ကားကို ကောင်းကောင်း ဒုက္ခပေးခဲ့တာလို့ သိရပါတယ်။ အဲဒီ နောက်မှာတော့ ဇနီးသည်ကို လက်စားချေတဲ့အနေနဲ့ ဘိလပ်မြေဖျော်စက်ကို တကူးတကခေါ်ပြီး ကားထဲကို ဘိလပ်မြေ တွေ လောင်းထည့်ခဲ့ပါတယ်။ နောက် ခင်ပွန်းသည်က သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အတင်းမာဆုံး အနေအထား ဖြစ်သွားပြီလို့ ၀န်ခံခဲ့ပါတယ်။

source : metro.co.uk



Post a Comment

 
Top