ဝက်ခြံဆိုတာဟာ တကယ်တော့ အရေပြားပြဿနာတစ်မျိုးပါ။ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါ
တယ်။အဓိက အကြောင်း အရင်းက ဘက် တီးရီးယားကြောင့်ပါ။ဝက်ခြံပေါက်လို့ ပျောက်ကင်းဖို့ နည်းလမ်းမျိုးစုံကို
သုံးပေမယ့် ဘာမှထူးမလာပဲ ပျောက်မသွားလို့ စိတ်ညစ်နေပြီလား..? တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင်တောင်
သတိမထားမိပဲ လုပ်မိနေတဲ့ တစ်ချို့ အပြုအမှု၊အနေ အထိုင်တွေက ၀က်ခြံကို ပိုဆိုးစေပါတယ်။အဲ့ဒါတွေကတော့…..

(၁)၀က်ခြံကို ညှစ်တာ၊တို့တာ၊ဆိတ်တာ
လူတော်တော်များများက ၀က်ခြံပေါက်လာပြီဆိုတာနဲ့ အဲ့ဒီအဖုကို သွားပြီး လက် နဲ့တို့တာ၊ဆိတ်တာ၊ညှစ်တာတွေ
လုပ်တတ်ကြပါတယ်။တခါတလေမှာေ တာ့ ကိုယ်တိုင်တောင် မသိလိုက်ပဲ သွားပြီး ကိုင်မိ၊တို့မိနေတာတွေရှိပါတယ်။
အဲ့ဒီလို လုပ်တာတွေဟ ဘက်တီးရီးယားပိုးတွေကို ပိုဆိုးလာစေပါတယ်။လက်ေ ယာင်လိုက်ပြီး ရောင်ရမ်းသွားတာမျိုး
တွေအထိ ဖြစ်တတ်ပါတယ်။ဝက်ခြံကို မဖြစ်မနေထိကိုင်ဖို့ လိုတယ်ဆိုရင် လက်ကို အရင်ဆုံး သန့်စင်အောင် သေချာ
ဆေးကြောပြီးမှ ထိပါ၊ကိုင်ပါ။
(၂)ညစ်ပတ်နေတဲ့ ဖုန်းကြောင့်
ဝက်ခြံတွေကို လက်နဲ့ထိတာ ကိုင်တာတွေလည်း မလုပ်ပေမယ့် ဘာကြောင့် မှန်းမသိပဲ ပျောက်မသွားတဲ့ အပြင် ပိုပို
ဆိုးလာတယ်ဆိုရင်တော့ ဖုန်းကြာင့်လား ဆိုတဲ့ အချက်ကို ပြန်တွေးကြည့်ပါ။ဖုန်းပြောပြီဆိုရင် လူတိုင်းလိုလိုက ပါးကို
ကပ်ပြီး ပြောတတ်ကြပါတယ်။ဖုန်းကိုင်ရင် အမြဲအပ်ထားဖြစ်တဲ့ ပါးအခြမ်းမှာ ၀က်ခြံတွေ ဖြစ်နေတာဆိုရင်တော့ ဒီအချက်
က သေချာသလောက် ရှိပါတယ်။ဖုန်းမှာလည်း မမြင်ရတဲ့ ဘက်တီးရီးယားတွေ အများကြီး ကပ်နေပါ တယ်။အဲ့ဒီလို
အခြေအနေမှာ ၀က်ခြံပေါက်နေတဲ့ ပါးကို ညစ်ပတ်နေတဲ့ ဖုန်းနဲ့ ထိမိတယ်ဆိုရင် ၀က်ခြံတွေက ပျောက်မသွားပဲ ပိုဆိုး
လာတတ်ပါတယ်။ မျက်နှာပေါ်မှာ (အထူးသဖြင့် ပါးမှာ)၀က်ခြံပေါက်နေတဲ့ အချိန်မှာ ဖုန်းပြောရင် နားကြပ်ကို
အသုံးပြုပေးပါ။

(၃)ဆံပင်ကြောင့်
ဝက်ခြံပေါက်နေတဲ့ အချိန်မျိုးမှာဆိုရင်တော့ တတ်နိုင်သမျှ ဆံပင်ကို အပြောင် သိမ်းထားတာ အကောင်းဆုံးပါ။ဆံပင်
တွေက ၀က်ခြံပေါက်တဲ့ နေရာပေါ်သို့ ဝေ့၀ဲကျနေရင် ဆံပင်မှာ ကပ်နေတဲ့ ဖုန်မှုန့်နဲ့အညစ် အကြေးတွေက ၀က်ခြံထဲကို
အလွယ်တကူဝင်သွားပါလိမ့်မယ်။ဆံပင်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေေ ကြာင့် မျက်နှာမှာ ၀က်ခြံပေါက်ရတာမျိုး
လည်း ရှိတတ်ပါတယ်။ဒါကြောင့် ၀က်ခြံပေါက်နေတဲ့နေရာပေါ်ကို ဆံပင်တွေ မထိမိအောင် အတတ်နိုင်ဆုံးနေပါ။
(၄)မျက်နှာအရမ်းသစ်တာ(မျက်နှာဆေးတာ)
တစ်ချို့က ဘက်တီးရီးယားတွေကြောင့် ညစ်ပတ်ပြီး ၀က်ခြံပေါက်တယ်ဆိုပြီး မျက်နှာကို ခဏခဏ ဆေးတာ၊သစ်တာတွေ
လုပ်တတ်ကြပါတယ်။ဒါပေမယ့် အဲ့ ဒီအပြုအမှုဟာ ၀က်ခြံတွေကို ပိုဆိုးစေပါတယ်။အရေပြားပေါ်မှာရှိတဲ့ လိုအပ်တဲ့
အဆီတွေကို ဆေးချပစ်လိုက်သလိုဖြစ်သွားတာကြောင့် ခန္ဓာကိုယ်ကနေ အဆီတွေပို ထုတ်ပေးအောင် လုပ်လိုက်သလို
ဖြစ်သွားပါတယ်။သန့်အောင်ဆိုပြီး မျက်နှာကို ခဏခဏဆေးလေ အဆီတွေပိုထုတ်ပေးလေလေ ဖြစ်ပြီး ၀က်ခြံတွေ ပိုဆိုး
လာရတာပါ။မျက်နှာကို တစ်နေ့နှစ်ကြိမ်လောက် ဆေးရင် လုံလောက်ပါပြီ။
(၅)မျက်နှာသုတ်ပုဝါ၊ခေါင်းအုံးစွပ်တွေကို ပုံမှန်လျှော်ပါ
မျက်နှာသုတ်ပုဝါနဲ့ခေါင်းအုံးစွပ်တွေကို ပုံမှန်လျှော်ပေးပါ။ဝက်ခြံပေါက်နေတဲ့ အချိန်မျိုးမှာဆိုရင် ပိုပြီးတော့ ဂရုတစိုက်နဲ့
လျှော်ပေးပါ။ဘက်တီးရီးယား တွေ အလွယ်တကူ ကပ်ငြိနေနိုင်တာကြောင့် သန့်ရှင်းအောင် ထားနိုင်မှ တော်ရာ ကျမှာပါ။
(၆)စားသောက်မှုပုံစံ
အပေါ်က အချက်တွေအားလုံးကို မလုပ်မိပေမယ့် ၀က်ခြံတွေ ပိုပိုဆိုးလာတယ် ဆိုရင်တော့ ကိုယ့်ရဲ့ စားသောက်မှု ပုံစံ
ကို တစ်ချက် ပြန်ကြည့်ပေးပါ။လေ့လာ မှုတွေ အရ ပေါင်မုန့်၊ပါစတာ၊အာလူးကြော်၊ကွတ်ကီး၊ကိတ်နဲ့ နို့ထွက် ပစ္စည်းတွေ
ဟာ ၀က်ခြံနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။အငန်တွေ အရမ်းစားလွန်း ရင် လည်း ၀က်ခြံထွက်လာတာ၊၀က်ခြံတွေကို
ပိုဆိုးလာစေတာတွေ ဖြစ်တတ်ပါတယ်။အသားအရေ လှပဖို့ဆိုရင် Anti Oxidant ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။
အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေကို ရှောင်ကြဉ်သင့်သလို ဗက်တီးရီး ယားေ ကြာင့် ဖြစ်ရတဲ့ဝက်ခြံတွေကို နှိမ်နင်းဖို့ ဆိုရင်တော့ အရည်အေ သွးမြင့် ပစ္စည်းေ တွကို သုံးပေးဖို့ လိုပါတယ်။ ဖုန်မှုန့် နဲ့ အဆီတွေကြောင့်ပဲဖြစ်ဖြစ်၊Stress နဲ့ အိပ်ရေး ပျက်ခြင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ဝက်ခြံတွေဖြစ်လာနိုင်ပါတယ်။ဒါပေ မယ့် ဘာကြောင့်ပဲ ဖြစ်ဖြစ် ဖြေရှင်းလို့ရပါတယ်။Pond’s Institute ကနေ အသစ် ထုတ် လိုက်တဲ့ New Pond’s Acne Clear မှာဆိုရင် Thymo-T Essence ပါဝင်တာကြောင့် ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို ထိန်းချုပ်ပြီး အရေပြား ဆဲလ်တွေကနေ ရှင်းလင်းဖယ် ရှားပေးလိုက်တာကြောင့် ၀က်ခြံေ တွကို (၃)ရက်အတွင်း သက်သာပျောက် ကင်းစေပါတယ်။POND’S Acne Clear ကိုဆိုရင်တော့ ဆီပြန်သော အသားအရေပိုင်ရှင်များ အသုံးပြုရန်သင့်ေ တ်ာပါတယ်။ဈေးနှုန်း ကတော့ 100 g ကို သုံးထောင်ကျပ်ပါ။ဝက်ခြံကင်းစင်ပြီး လှပတဲ့ အသားအရေကို ပိုင်ဆိုင် နိုင်ကြပါစေ။

Post a Comment