0














လမ်းတွေ မကောင်းတော့ပဲ ပြန်လည် ပြုပြင်တာတွေ လုပ်သင့်နေပြီဆိုတဲ့ အကြောင်းကို ရုရှားမော်ဒယ်တစ်ယောက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေ သိစေဖို့ ပညာသားပါပါပြောပြလိုက်ပါတယ်။သူမနေထိုင်ရာ Saratov မြို့ မှာရှိတဲ့ လမ်းတွေဟာ တကယ်လည်း စုတ်ပြတ်နေပြီး ပြင်ပြင်ဖို့ လိုနေတာပါ။
မော်ဒယ်ဖက်ရှင်ဘလော်ဂါ တစ်ယောက်ဖြစ်တဲ့ Anna Moskvicheva ဟာ ချိုင့်ခွက်ဖြစ်ပြီး ရေ၀ပ်နေတဲ့ လမ်းပေါ်မှာ သွားပြီး ဓါတ်ပုံရိုက်ခဲ့တာပါ။ရေကူးဝ တ်စုံအပြင် ဘဲပုံစံ ဘောကွင်းကိုပါ ယူပြီး ကမ်းခြေ၊ရေကူးကန်မှာ တကယ်ဓါတ် ပုံသွားရိုက်သလိုမျိုး ပြင်ဆင်ခဲ့တာပါ။

သူမဓါတ်ပုံရိုက်ခဲ့တဲ့ လမ်းကေ တာ့ Sar ato မြို့က  Tverskaya လမ်းမှာပါ။နွေရာသီကမ်းခြေဆောင်း ဦးထုပ် တစ်လုံး ကိုပါ ဆောင်းထားပြီး ရေ၀ပ်နေတဲ့ ချိုင့်ကြီးမှာ Pose ပေးခဲ့တာပါ။ ဓါတ်ပုံတွေ ဟာ ရုရှားဆိုရှယ် မီဒီယာပေါ်မှာ ပျံ့ကုန်ပြီး သူမရဲ့လုပ်ရပ်အပေါ် အားပေးထော က်ခံသူတွေ အများကြီးရခဲ့ပါတယ်။

Ref; odditycentral.

Post a Comment

 
Top