တစ်ပေနီးပါးခန့်ရှိတဲ့ မြ
ကမ္ဘာပေါ်မှာ
အကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ မြ ဟာ သွေးပြီးတဲ့ အနေအထားမှာ ၅၇၅ဝဝ ကာရက်
ရှိပြီး “နတ်ဘုရားရဲ့ လှပတဲ့ လက်ဆောင်” လို့ အမည်ရတဲ့ "သီအိုဒိုရာ" လို့
အမည်ပေးထားပါတယ်။ ဇန်နဝါရီ ၂၈ရက်နေ့က ကနေဒါနိုင်ငံ ဘရစ်တစ် ကိုလံဘီယာမှာ
ကျင်းပတဲ့ Western Star လေလံပွဲမှာ ကြမ်းခမ်းဈေး ဒေါ်လာတစ်သန်းဖြင့်
ခင်းကျင်းထားသော်လည်း လေလံပွဲ ကျင်းပသူများနဲ့ ဒီအိုဒိုကို
မြင်ဖူးကြသူများက ကြမ်းခင်းဈေးထက် အဆပေါင်းများစွာ ဈေးရလိမ့်မယ်လို့
ယုံကြည်ကြပါတယ်။ သာမာန် ကျောက်မျက်ရတနာကို လေလံတင် ရောင်းချတာမျိုး မဟုတ်ဘဲ
ကမ္ဘာ့အကြီးဆုံး မြကြီးကို ပိုင်ရှင်ဖြစ်လိုသူက ဂုဏ်သိက္ခာတစ်ရပ်အဖြစ်
တန်ဖိုးထား ပေးဝယ်တာမျိုးဖြစ်တဲ့ လေလံပွဲ လည်း ဖြစ်ပါတယ်။
မြအကြောင်း
ဗဟုသုတအနည်းငယ် ဖြည့်စွက် ပြောရမယ်ဆိုရင် ၄င်းကျောက်မျက်ရတနာကို
ကိုလံဘီယာ၊ အာဖဂန်နစ်စတန်၊ ဇင်ဘာဘွေ၊ ဘရာဇီးနဲ့ ကနေဒါတို့မှာ တူးဖော်
ရရှိနိုင်ပါတယ်။ မာခြင်းအဆင့်
၇.၅ မှ ၈ ရှိပြီး (ငွေရတု-၂၅၊ ရွှေရတု-၅၀၊ စိန်ရတု-၇၅ စသဖြင့် ရှိကြရာမှာ)
၅၅-ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်။ မြဟာ
ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး
ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ
အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ
ပါဝင်မှုနှုန်း များသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး
ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်။ လုံးဝ အပြစ်အနာကင်းတဲ့ မြကို
တွေ့ဖို့ ခဲယဉ်းတယ်လို့လည်း ဆိုကြပါတယ်။ မြကို အများအားဖြင့်
ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင်
ခေါ်ဆိုကြပါတယ်။
ကျောက်မျက်ရတနာကို
စံနှုန်းသတ်မှတ်ရာမှာ အနာအဆာကင်းစင်မှု၊ အရည်အသွေးကောင်းမွန်မှုတို့နဲ့
သတ်မှတ်ကြပြီး မြ ဆိုတဲ့ကျောက်ဟာ အနာအဆာများတဲ့ ကျောက်ဖြစ်တာမို့ ယခု မြ
ဟာလည်း ကြိုးပတ်ထားသကဲ့သို့ အနာများ ပါရှိပေမဲ့ အရွယ်အစားကြီးမားတဲ့
အနေအထားမျိုး ထွက်ရှိဖို့ ခဲယဉ်းတာကြောင့်လည်း တန်ဖိုးကြီးမားပါတယ်။
မေလဖွားတို့အတွက် အဆောင်ကျောက် ဖြစ် တဲ့ မြကျောက်ဟာ အေးချမ်းတဲ့
ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
မြကျောက်ကို ဝတ်ဆင်ထားမယ် ဆိုရင် အကျိုးပေးတတ်ပုံများကတော့
၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း
၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း
၃. စွမ်းအားကို တိုးမြင့်စေခြင်း
၎. အမြင်အာရုံကို ကောင်းမွန်စေခြင်း
၅.
အထူးသဖြင့် အမျိုးသမီးများ ဝတ်ဆင်ပါက မကောင်းသော အကြံအစည်များ
မဝင်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း
(ကျောက် အရောင်ပြောင်း သွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများ၊
အကျိုးထူးများ ပေးတတ်တယ်လို့ သိရပါတယ်။
မြကျောက်ဟာ
ဝတ်ဆင်သူကို ကောင်းကျိုးတွေပေးတတ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးမြကြီးကိုဝယ်ပြီး
လည်ပင်းမှာ ချိတ်ထားလိုက်ရရင် ကောင်းမလား စဉ်းစားမိပြီး ဒီနေ့ကစလို့
တစ်ရက်ကို တစ်ကျပ် ပိုက်ဆံစုပါတော့မယ်ရှင် :P :P
