photo

 လွမ်းမောဖွယ် Eisriesenwelt တောင်တန်း 

photo


တိမ်ခိုးတွေ ဝေနေတဲ့ရေခဲဂူရှိရာ ကျောက်တောင် 

photo
အတွင်းသို့ဝင်ရန် လှိုဏ်ဂူဝကို မြင်ရစဉ် 

photo

 လှိုဏ်ဂူသို့တက်ရာလမ်း

photo


photo

ဂူအဝမှာ 

photo

ဂူအဝက ပြန်လှည်ကြည့်ရင် မြင်ရတဲ့ မြင်ကွင်း

photo

photo
ဝန်းကျင်တခို စိမ်းစိမ်းစို


photo



photo
 

photo


photo


 photo


photo


photo


photo


photo

ကမ္ဘာ့အကြီးဆုံး ရေခဲလှိုဏ်ဂူ

ဒီနေ့တော့ သုတအဖြာဖြာအတွက် ရေခဲလှိုဏ်ဂူကြီး တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အဲဒီ လှိုဏ်ဂူကြီး ဟာ သြစတြီးယားနိုင်ငံမှာ ရှိပြီး Salzburg မြို့ကနေ ၄၀ ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိတဲ့ Eisriesenwelt ရေခဲဂူကြီးပါ။ ထုံးကျောက်တောင်ကြီးထဲမှာ ရေခဲတွေဟာ ကျောက်ပန်းစွဲတွေ ပမာ လှပဆန်းကျယ်စွာ ဖြစ်ပေါ်နေတဲ့ သဘာဝ လှိုဏ်ဂူကြီး ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ရေခဲဂူလည်း ဖြစ် ပါတယ်။ အဲဒီဂူကြီးထဲကို သွားကြည့်ရအောင်နော်။
 
လှိုဏ်ဂူကိုရောက်ဖို့ ထုံးကျောက်တောင်ကြီးကို တက်ရောက်ရပြီး ဂူအဝကို ရောက်တဲ့ အခါ  အေးမြတဲ့ လှိုဏ်ဂူရဲ့ အအေးဓာတ်ကြောင့် တောင်တက်လာရတဲ့ ပင်ပန်းမှုတွေကို လွှင့်ပြယ်သွားစေနိုင်တယ်လို့ သိရပါတယ်။ ရှည်လျားပြီး ပုံသဏ္ဍာန် အမျိုးမျိုးသော ရေခဲ ပုံဆောင်ခဲတွေနဲ့ အခန်းငယ် ကလေးတွေ ဖြစ်ပေါ်လို့နေ ပါတယ်။ အခြားသော ရေခဲဂူများလည်း ရှိပေမဲ့လို့ ဒီ Eisriesenwelt ဂူကတော့  ၄၂ ကီလိုမီတာ ( ၂၆မိုင်ခွဲခန့်) ရှိတာမို့ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေခဲဂူဖြစ်ပါတယ်။ ရှည်လျားလှတဲ့ ဂူ ဖြစ်ပေမဲ့လို့ ဂူရဲ့ အစပိုင်း ရေခဲတွေ ဖုံးလွှမ်းနေတဲ့ နေရာလောက်ကိုဘဲ ခရီးသွားဧည့်သည်တွေကို ဝင်ရောက် ကြည့်ရှုခွင့် ပြုထားတာ ဖြစ် ပါတယ်။ ဂူရဲ့ အတွင်းဘက်မှာတော့ အင်မတန် မတ်စောက်တဲ့ လှိုဏ်ဂူအစိတ်အပိုင်းတွေ ဖြစ်တာမို့ ဝင်ခွင့်မပြုပါဘူး။

ဒီလှိုဏ်ဂူကို ၁၈၇၉ ခုနှစ်မှာ သဘာဝသိပ္ပံပညာရှင် Anton Posselt က ပထမဦးဆုံး တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာလှိုဏ်ဂူအတွင်းကို မီတာ ၂၀၀လောက်ကိုသာ စူးစမ်းလေ့လာနိုင်ခဲ့ပါတယ်။ သူ မတွေ့ရှိခင် တုန်းကတော့ ဒီရေခဲဂူကို ဒေသခံတွေလောက်သာ သိရှိခဲ့ကြပြီး သူတို့တွေဟာ ဒီလှိုဏ်ဂူပေါက်ဝဟာ ငရဲကိုသွားရောက်တဲ့ ဝင်ပေါက်ဝလို့ ယုံကြည်ခဲ့ကြပါတယ်။ ဒီလှိုဏ်ကို တူးဖော်စူးစမ်းရေး လုပ်မယ်ဆိုတဲ့ အခါမှာ ဒေသခံတွေဟာ စူးစမ်း လေ့လာခြင်း မပြုလုပ်ဖို့ ကန့်ကွက် ခဲ့ကြပါတယ်။ ၁၈၈ဝခုနှစ်မှာ Posselt ဟာ သူ့ရဲ့ စူးစမ်းရှာဖွေ တွေ့ရှိမှုတွေကို တောင်တက်အသင်း မဂ္ဂဇင်း တစ်ခုမှာ ရေးသားဖော်ပြခဲ့ပေမဲ့ ဘယ်သူကမှ သေချာ သတိမထားမိခဲ့ကြပါဘူး။ ၁၉၁၂ခုနှစ် ရောက်တဲ့ အခါ အခြားသော ပညာရှင်များက ဆက်လက် စူးစမ်းဖော်ထုတ်ခဲ့ကြပြီး ၁၉၂၀ခုနှစ်ရောက်တော့မှ အခြားသော ခရီးသွားဧည့်သည်များ ဝင်ရောက် နိုင်ခဲ့ပြီးနောက် ဒီရေခဲဂူဟာ ထင်ရှားလာခဲ့ပါတော့တယ်။


ဂူအတွင်းကို လှည့်လှည်ကြည့်ရှုချိန်ဟာ ၇၅မိနစ်ခန့် ကြာမြင့်ပြီး အမျိုးမျိုးသော လှပ ဆန်းကျယ်သော ရေခဲပုံဆောင်ခဲများ၊ ခဲနေတဲ့ ရေတံခွန်ကြီးများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Eisriesenwelt ရေခဲဂူဟာ Salzach မြစ်ကြီးစီးဆင်းရာမှ ၄င်း တောင်နံရံများကို တိုက်စားပြီး မြစ်ကြောင်း ကို ဖြတ်စီးရာမှ လှိုဏ်ဂူကြီး ဖြစ်ပေါ်စေခဲ့တာပါ။  ချောမွတ်တောက်ပြောင်နေတဲ့ နံရံ၊ ကျောက်စက် ပန်းဆွဲများ၊ ကျောက်သားတိုင် ကြီးများ၊ ရေခဲတုံးကြီးများရဲ့ အထူးထူးသော ပုံသဏ္ဍာန်များ တို့ဟာ ခရီးသွားဧည့်သည်များကို အထူးတလည် စိတ်ဝင်စားစေတဲ့ အချက်များဖြစ်ပါတယ်။

လှိုဏ်ဂူကြီးကို မေ၂ ၁ရက်နေ့ကနေ အောက်တိုပါ ၂၆ရက်နေ့ထိ နှစ်စဉ် ဖွင့်ထားပေးပြီး ဂူအတွင်း ဝင်ရောက် ကြည့်ရှုချိန်ကတော့ မနက်ကိုးနာရီကနေ ညနေ ၃နာရီခွဲ ( ဂျူလိုင်နဲ့ သြဂတ်စ်လမှာတော့ ) ညနေ ၄နာရီခွဲထိ သတ်မှတ်ပေးထားပါတယ်။ ဂူအတွင်းမှာတော့ အပူချိန်ဟာ ရေခဲမှတ်အောင် ဖြစ်တဲ့ သုညဒီဂရီ စင်တီဂရိတ် အောက်ကို အမြဲတမ်း ရှိနေတတ်တာကြောင့် သာမာန် အဝတ်အစားဖြစ်တဲ့ တီရှပ်၊ ဘောင်းဘီတို စသည်တို့နဲ့ ဝင်ရောက်ခြင်း မပြုကြဘဲ နွေးထွေးထူထဲတဲ့ အဝတ်အစားများနဲ့ ဝင်ရောက်ကြဖို့ သတိပေးထားပါတယ်။ ရေခဲဂူထဲကို ဝင်ရောက်ရတာဟာ သာမာန် ကျောက်ဂူတွေထဲကို ဝင်ရောက်ရတာမျိုးနဲ့ မတူတဲ့ ထူးဆန်းတဲ့ စိတ်ခံစားမှုမျိုးကို ပေးစွမ်းနိုင်တယ်လို့ သွားရောက်ကြသူ များက ပြောပါတယ်။ ကမ္ဘာမြေပေါ်က ဂူနဲ့မတူဘဲ အခြားသော ဂြိုလ်ပေါ်ကို ရောက်နေရသလို ခံစားရကြောင်း ပြောပြကြပါတယ်။ အခါအခွင့်သင့်ရင် ကျွန်မတို့လည်း ရေခဲဂူကြီးထဲကို အလည်သွားကြည့် ကြပါ စို့လားနော်။

 
Top