သစ်ပင်မှ သစ်စေးထွက်နေပုံ
( ထိုသစ်စေးများ နှစ်သန်းပေါင်းများစွာ ကြာသည့်အခါ ယခုခေတ်လူများ အသုံးပြုသော ပယင်းကို ရရှိသည်။ )
အရောင်စုံဖြစ်ပေါ်နေသော ပယင်း
အစိမ်းရောင်ပယင်း
ခရမ်းရောင်ပယင်း
ပယင်း အသုံးအဆောင်ပစ္စည်းများ
ဆင်စွယ်နှင့် ပယင်းလက်ဝတ်ပစ္စည်းများ
သစ်မြစ်များနဲ့ ယင်ကောင်ပါ ပါဝင်နေသော ပယင်း
ဝတ်ဆင်စရာ ပယင်းရတနာ
ကျောက်မျက်ရတနာထဲမှာ
ထည့်သွင်းထားပေမဲ့ တွင်းထွက်ကျောက်မျက်မျိုး မဟုတ်ဘဲ သစ်ပင်ကနေ ဖြစ်လာတဲ့
ပယင်းရဲ့ စိတ်ဝင်စားဖွယ် အကြောင်းတွေကို ရေးချင်ပါတယ်။ လွန်ခဲ့တဲ့
နှစ်သန်းပေါင်း ၂၅သန်းကနေ သန်း ၅၀လောက်က ထင်းရှူးမျိုးနွယ်
သစ်ပင်ကြီးတွေကနေ ဖြစ်လာတဲ့ သစ်စေးတွေဟာ ကမ္ဘာမြေကြီးရဲ့ အပူချိန်နဲ့
ဖိနှိပ်မှုကနေ နှစ်သန်းပေါင်းများစွာ ကြာတဲ့အချိန်မှာ အသွင်ပြောင်းပြီး
ပယင်းအဖြစ် တွေ့ရှိလာရတာ ဖြစ်ပါတယ်။ ရှားရှားပါးပါး နှစ်သန်းပေါင်း ၃၂ဝ
သက်တမ်းရှိတဲ့ ပယင်းကိုလည်း တွေ့ရှိခဲ့ရဖူးပါတယ်။ ပယင်းဟာ ကျောက်မျက်ထဲမှာ
အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅ ) ရှိကာ သိပ်သည်းဆလည်း ၁.၀၇ သာ
ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိဘဲ ကြေကွဲ ပျက်စီးလွယ်ပါတယ်။
ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါတယ်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း၊ တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိရှိသော်လည်း ပယင်းမှာ လူ့အရေပြားနဲ့ ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါတယ်။ အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြတာ တွေ့ဖူးကြပေမဲ့ ပယင်းဟာ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်း၊ နှင်းဆီရောင်၊ အဝါ၊ ခရင်မ်ရောင်၊ အဖြူရောင်အထိ အရောင်မျိုးစုံ ရှိတတ်ပြီး ရှားရှားပါးပါး ခရမ်းပြာရောင်ထိ တွေ့ရတတ်ပါတယ်။
ရှေးခေတ်
ကျောက်ခေတ် လူသားများနဲ့ ဂရိ၊ ရောမ စတဲ့ လူမျိုးတွေဟာ ပယင်းဟာ အနာရောဂါ
ကင်းရှင်းစေနိုင်တဲ့ အစွမ်းသတ္တိနဲ့ မကောင်းဆိုးဝါး ဘေးဒဏ်များ
မကျရောက်အောင် ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် ပယင်းကို
အထွတ်အမြတ်ထား ဝတ်ဆင်ခဲ့ကြပါတယ်။ ပယင်းမှာ ဂေါက်ရောဂါ၊ လည်ချောင်းနာ၊
သွားနာ၊ အစာအိမ်နာ ရောဂါများကိုလည်း ကုစားပေးနိုင်စွမ်း ရှိတယ်လို့
ယုံကြည်ကြပါတယ်။ ရှေးရောမ
ကျွန်ခေတ်မှာ ကတည်းက ပယင်းလည်ဆွဲ ခပ်သေးသေးကို ကျန်းမာ သန်စွမ်းတဲ့
ကျွန်တစ်ယောက်ထက်ကို ဈေးပိုပေးပြီး အဆောင်အဖြစ် ဝယ်ယူအသုံးပြုကြပါတယ်။
ပယင်းကို ရေမွှေးများ ဖော်စပ်ရာမှာလည်းကောင်း၊
ဆေးဖော်စပ်ရာမှာသော်လည်းကောင်း အသုံးပြုကြပြီး ပုတီး၊ လည်ဆွဲ၊ လက်ကောက်၊
နားဆွဲ စသည့် လက်ဝတ်တန်ဆာများ၊ ပန်းပုများ အဖြစ်ပါ အသုံးပြုကြပါတယ်။
သစ်ပင်ရဲ့ အစေးကနေ ဖြစ်လာတဲ့ ပယင်းထဲမှာ ပယင်းမဖြစ်ခင် သစ်စေး အခြေအနေမှာ စေးကပ်တဲ့ သဘာဝ ရှိတဲ့ သစ်စေးထဲတွင် မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်ရဲ့ အစ အနများ၊ သစ်ရွက်များ၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ်၊ ပိတုန်းစသော အကောင်ငယ်လေးများဟာ ရုန်းထွက်မရတော့ဘဲ သစ်စေးနှင့်အတူ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲမှ ရုပ်ကြွင်းများအဖြစ် ပါဝင် နေတတ်ပါတယ်။
ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေါ့ပါးသောကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါတယ်။ အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း၊ တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိရှိသော်လည်း ပယင်းမှာ လူ့အရေပြားနဲ့ ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါတယ်။ အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြတာ တွေ့ဖူးကြပေမဲ့ ပယင်းဟာ နီညိုရောင်၊ လိမ္မော်ရောင်၊ အစိမ်း၊ နှင်းဆီရောင်၊ အဝါ၊ ခရင်မ်ရောင်၊ အဖြူရောင်အထိ အရောင်မျိုးစုံ ရှိတတ်ပြီး ရှားရှားပါးပါး ခရမ်းပြာရောင်ထိ တွေ့ရတတ်ပါတယ်။
ဘောလ်တစ် ပင်လယ်
ကမ်းခြေတစ်လျှောက်မှာ ပေါ့ပါးတဲ့ ပယင်းတွေဟာ ပင်လယ် ရေလှိုင်းများနဲ့
ကမ်းခြေကို ရောက်ရှိလာတတ်တာကြောင့် ကမ်းစပ် တစ်လျှောက်မှာသော်လည်း
ရေတိမ်ပိုင်းမှာ ရေငုပ်ပြီးသော် လည်းကောင်း အလွယ်တကူ
ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ကမ်းခြေတစ်လျှောက်မှာတော့
ပုံစံမျိုးစုံ၊ အရောင်မျိုးစုံနဲ့ ပယင်းတွေကို အများအပြား တွေ့ရတတ်ပြီး
အပြာရောင် ပယင်းကို အထူးရောင်းဝယ် ဖောက်ကားကြသော်လည်း ၄င်းအပြာရောင်
ပယင်းမှာ ဘော်လ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်က ထွက်တဲ့ ပယင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့
ကချင်ပြည်နယ် ဟူးကောင်း တောင်ကြားဒေသမှာ ပယင်း ထွက်ရှိတာကို တွေ့ရပါတယ်။
မြန်မာအပြင် ပယင်းထွက်တဲ့ အခြားသော နိုင်ငံများမှာ ပိုလန်၊ ရိုးမေးနီးယား၊
ကနေဒါနဲ့ အမေရိကန်တို့ဖြစ်ပါတယ်။ ပယင်းကို
ဂရိဘာသာဖြင့် Elektron လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပယင်းကို အဝတ်စ
တစ်ခုခုနဲ့ ပွတ်တိုက်တဲ့အခါ လျှပ်စစ်ဓာတ်ဖြစ်ပေါ်လာပြီး သေးငယ်တဲ့
အရာဝတ္ထုများကို ဆွဲငင် နိုင်စွမ်း ရှိလာပါတယ်။
သစ်ပင်ရဲ့ အစေးကနေ ဖြစ်လာတဲ့ ပယင်းထဲမှာ ပယင်းမဖြစ်ခင် သစ်စေး အခြေအနေမှာ စေးကပ်တဲ့ သဘာဝ ရှိတဲ့ သစ်စေးထဲတွင် မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင်ရဲ့ အစ အနများ၊ သစ်ရွက်များ၊ ပျား၊ လိပ်ပြာ၊ ပုရွက်ဆိတ်၊ ပိတုန်းစသော အကောင်ငယ်လေးများဟာ ရုန်းထွက်မရတော့ဘဲ သစ်စေးနှင့်အတူ နှစ်သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲမှ ရုပ်ကြွင်းများအဖြစ် ပါဝင် နေတတ်ပါတယ်။
ပယင်းကို
ဝတ်ဆင် ဆောင်ထားခြင်းအားဖြင့်အတွေးအခေါ် ဥာဏ်ရည်ဥာဏ်သွေးနှင့်
စိတ်ကူးကောင်းများ ထက်မြက်စေမည်။ စိတ်ဓာတ်ကို မြှင့်တင်ပေးသော
စွမ်းအားရှိသည်။ အတတ်ပညာနှင့် ပတ်သက်သော အောင်မြင်မှု အဆင့် ဆင့်ကို
ဖြစ်မြောက် အကျိုးပေးမည် လို့ All Channel မှာ ဖော်ပြထားတာ တွေ့ရပါတယ်။