ဘိုဆန်ဆန်အလှလေးကို ပိုင်ဆိုင်ထားသူ ဂျူးဂျူးသစ္စာဟာ မော်ဒယ်တစ်ဦးဖြစ်သလို  Rainbow Girl Band အဖွဲ့နဲ့အတူ ဂီတဘက်မှာလည်း လှုပ်ရှားနေသူ တစ်ဦးပါ။ 
ဖေ့စ်ဘွတ်မှာ Follower ပေါင်း များစွာရရှိထားသူ သူမကတော့  ဂီတလောကမှာ ရော ၊ မော်ဒယ်လောကမှာပါ ပရိသတ် စိတ်ပါဝင်စားမှု များပြားလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ 
သူမရဲ့ အလှဓာတ်ပုံလေးတွေကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာ အမြဲတမ်း တင်ဖြစ်သလို ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင်လည်း ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ပရိသတ်တွေ အတွက် သူမရဲ့ အလှဓာတ်ပုံလေးတွေကိုလည်း စုစည်း ဖော်ပြပေးလိုက်ပါတယ်။  မေလ(၃)ရက်နေ့က လည်း သူမရဲ့ သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်တွေအတွက် အွန်လိုင်းပေါ်မှာ တင်ပေးခဲ့ပါသေးတယ်။
အဲ့ဒီသီချင်းလေးကတော့ အတုအယောင်ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။အခုမှ သီချင်းစတင်ဖူးတဲ့ သူမကလည်း အမှားပါရင်ခွင့်လွှတ်ပေးဖို့ ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။
အဲ့ဒီသီချင်းကို သော်ခနဲ့အတူ တွဲဖက်သီဆိုထားတာပါ။ MTV ကို ပရိသတ်တွေ အတွက် အကောင်းဆုံး ဖြစ်အောင် ရိုက်ကူးသွားမှာပါတဲ့။
ပရိသတ်တွေကတော့ သူမရဲ့ သီချင်းလေးက နားထောင်ကောင်းလို့ ချီးကျူးနေတာကိုလည်း တွေ့ရပါသေးတယ်။

ပရိသတ်တွေ နားဆင်နိုင်အောင် ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်။






 
Top