ငှက်ကျားဖိုကလေးဟာ ဒဏ်ရာကြောင့် မပျံသန်းနိုင်ဖြစ်နေတဲ့ ချစ်သူဆီကို မိုင် ၅၀၀၀ ကျော်ခရီး နှစ်စဉ် ပြန်လာလေ့ရှိပါတယ်။

နှစ်စဉ် မိုင်ပေါင်း ၅၀၀၀ ကျော် ခရီးကိုဖြတ်ပြီး ချစ်သူ ငှက်ကျားဖြူမလေးဆီကို လာလေ့ရှိတဲ့ ငှက်ကျားဖိုတို့ စုံတွဲရဲ့ အဖြစ်ဟာ နာမည်ကျော်လာပါတယ်။ ငှက်ကျားဖိုဟာ ခရိုအေးရှားမှာနေထိုင်နေရတဲ့ သူ့ရဲ့ချစ်သူ ငှက်ကျားမလေးကို တွေ့ဆုံဖို့ တောင်အာဖရိကနိုင်ငံကနေ နှစ်စဉ် ခရီးနှင်လာလေ့ရှိပါတယ်။

 

ငှက်ကျားမလေးဟာ အပျော်တမ်းငှက်ဖမ်းမုဆိုးတွေရဲ့ လက်ချက်ကြောင့် လက်ချက်ကြောင့် ဒဏ်ရာရပြီး မပျံသန်းနိုင် ဖြစ်နေရသူပါ။ ဒီဒဏ်ရာကို ရခဲ့တာ ၁၉၉၃ ခုနှစ်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။ ငှက်ကျားမလေးဟာ ခရိုအေးရှားမှာ နေထိုင်သူ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဗော့ကစ်ရဲ့ အိမ်ခေါင်မိုးပေါ်က အသိုက်ထဲမှာ နေထိုင်ရပါတယ်။ ဒါအသိုက်ကိုလည်း ဗော့ကစ်က ပြုလုပ်ပေးထားတာပါ။

 

ဒီငှက်ကျားဖြူ စုံတွဲကို အဆိုပါကျောင်းဆရာ သတိထားမိခဲ့တာ ၁၄ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။ အခုတော့ ငှက်ကျားဖြူမလေး နေထိုင်တဲ့ ခရိုအေးရှားအရှေ့ပိုင်းက ဆလာဗွန်စကီးဆိုတဲ့ ရွာကလေးမှာ နေသူအားလုံး သူတို့ စုံတွဲအကြောင်း သိနေပါပြီ။
 

ငှက်ကျားဖြူလေးက အချိန်တိကျသူပါ။ နှစ်စဉ် နွေဦးရာသီရောက်ရင် ငှက်ကျားဖြူမလေးဆီရောက်လာလေ့ ရှိပါတယ်။ နှစ်စဉ်မပျက်ပါဘူး။ တစ်ခါတန်းက ငှက်ကျားဖြူမလေးဆီကို သူ့ရဲ့အဖော်မဟုတ်တဲ့ ငှက်ကျားဖို တစ်ကောင်ရောက်လာဖူးပါတယ်။
 

အဲဒီတုန်းက ငှက်ကျားမက အသိုက်ထဲကို အဝင်မခံပဲ ပြန်လည်တိုက်ခိုက်ခဲ့ တွေ့ဖူးတယ်လို့ ကျောင်းဆရာ ဗော့ကစ်က ပြောပါတယ်။ ငှက်ကျားဖိုတွေရဲ့ သက်တမ်းဟာ ရှည်ကြာလေ့ရှိပြီး ငှက်လေ့လာသူတွေရဲ့ မှတ်တမ်းအရ ငှက်ကျားတစ်ကောင်ဟာ အသက် ၃၉ နှစ်အထိ ရှိခဲ့ဖူးပါတယ်။

Source & Photos : Daily Mail
 
Top