ကျွန်တော် လက်ရှိကျင့်နေသော လက်တွေ့ နည်းလမ်းဖြစ်ပါသည်။ စိတ်ဝင်စားပါက စမ်းသပ်နိုင်ပါသည် ခင်ဗျာ။

ပထမဦးဆုံးအနေဖြင့် လက်တွေ့မကျင့်သုံးမှီ အောက်ပါ အချက်များအား လိုက်နာရန် လိုအပ်ပါသည်။

၁) ဖြေးဖြေး မှန်မှန် နှင့် မြဲမြဲ ဆောင်ရွက်ရပါမည်။

၂) မိမိကိုယ်ကို မညှာမိ မညာမိစေရန် လိုအပ်ပါသည်။

၃) ယုံကြည်မှု ရှိရပါမည်

၎) အမှန်တကယ် Weight ကျချင်စိတ် ပြင်းပြရပါမည်။


#နည်းလမ်း

- လူတစ်ဦး၏ ခန္ဓာကိုယ် အလေးချိန်တက်စေသည့် လက်သည်မှာ အစားအသောက်ပင်ဖြစ်ပါသည်။ အထူးသဖြင့် ကံ စိတ် ဥတု အဟာရ တို့တွင် လူတစ်ဦး၏ အသက်ကို အဓိက ခြိမ်းခြောက် ဒုက္ခပေး နိုင်သည်မှာ အဟာရပင်ဖြစ်ပါသည်။ အဟာရကို ထိန်းချုပ်နိုင် ရပါမည်။ ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ #အတိုင်းအရှည် ကို သိ၍ စားသောက်တတ်ရန် လိုပါသည်။

- လူတို့သည် အစားအစာ စားသောက်သည့်အခါတွင် အစာအိမ်၌ အစာပြည့်သွားသော်လည်း ဦးဏှောက်သို့ အစာပြည့်ပြီဖြစ်ကြောင်း Signal ကို ချက်ချင်းမပို့ပါ။ ထို့ကြောင့် အစာအိမ်ပြည့်တင်းပြီဖြစ်သော်လည်း ဆက်လက်၍ စားသုံးကြပါသည်။( သင်ထမင်းစားလျှင် ၂ ပန်းကန် ပုံမှန်စားလေ့ရှိသည် ဆိုပါစို့။ သင် ထမင်း ၁ ပန်းကန် စားပြီးချိန်တွင် အကြောင်းတစ်စုံတရာကြောင့် ၁၀ မိနစ်ခန့် ထမင်းစားခြင်းကို ရပ်တံ့ပြီးမှ ပြန်လည် စားကြည့်ပါ။ ထမင်းစား၍ အဆင်မပြေတော့သည်ကို ခံစားရပါမည်။ အကြောင်းမှာ ဦးဏှောက်မှ ဗိုက်ပြည့်ပြီ ဆိုသည့် Signal ကို လက်ခံရရှိသောကြောင့်ဖြစ်သည်။ စကားချပ်) အသက် ၂၀/၂၅ ခန္ဓာကိုယ် ဖွံ့ဖြိုးနေသည့် အရွယ်တွင် အဆိုပါစနစ်သည် အသုံးဝင်သော်လည်း အသုံးဝင်သော် လည်း ၂၅ နှစ်ကျော် အရွယ် ခန္ဓာကိုယ် ကြီးထွားမှု ရပ်တံ့သော အရွယ်တွင် အဝလွန်စေသည့် ပြသနာကို ဖြစ်ပေါ်စေ ပါသည်။

- အစာအိမ်ပြည့်သော်လည်း ဆာလောင်နေသေးသဖြင့် ဆက်လက်စားသုံးသည့်အကျိုးဆက်အရ အစာအိမ်မှာ ပိုပို၍ ကျယ်လာစေပါသည်။ ထို့အတူ အစာများလည်း ပိုပို၍ စားသောက်လာစေပါသည်။ အစားအသောက် ပိုမို စားသုံးသည့်အတွက် ခန္ဓာကိုယ်မှ လိုအပ်သည့် ကယ်လိုရီထက် ပိုလျှံလာသည်များကို အဆီအဖြစ် ပြောင်းလဲကာ သိမ်းဆည်းထားပါတော့သည်။ ထို့ကြောင့် ဝမ်းဗိုက်အိုး ကျယ်လာခြင်း အဆီပြင်တက် လာခြင်း ခန္ဓာကိုယ်တွင်း ကလီစာများတွင် အဆီဖုံးလာ ခြင်းများ ဖြစ်ပေါ်လာပါသည်။


- ပြသနာဖြစ်ရသည့် အကြောင်းရင်းအား သိပြီဆိုလျှင် ကျွန်တော်တို့ အလွယ်တကူ ဖြေရှင်းနိုင်ပြီ ဖြစ်ပါသည်။
အောက်ဖေါ်ပြပါ နည်းလမ်းအား တိတိကျကျ လိုက်နာ ရန် လိုအပ်ပါသည်။

၁) ထမင်းစားလျှင် ထမင်း ၅ လုပ်စာသာ စားပါ။

၂) အချိန်ဆွဲ၍ ဖြေးဖြေးစားပါ

၃) အရွက်များများ စားပေးပါ

၎) ထမင်းစားသည့် အကြိမ် လျော့ရန်မလိုပါ။ ဗိုက်ဆာလျင် ဆာသည့်အချိန် ထပ်စားနိုင်သည်

၅) တနေ့ကို နနွင်းလုံး ၅ လုံး ပုံမှန်စားပေးပါ။ ခန္ဓာကိုယ် ကလီစာ နှင့် အစာအိမ် ရောင်ရမ်းမှုအား လျော့ချ ကျစ်လစ်စေရန်ဖြစ်သည်။ ကျွန်တော်ကတော့ ဧကမ္ဘာ နနွင်း ပျားရည်လုံး အား စားသုံးပါသည်။

၆) မည်သည့် လေ့ကျင်ခန်းမှ ပြင်းပြင်းထန်ထန် မလုပ်ရပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ လုပ်နိုင်သည်။ ကိုယ်လိုချင်သည့် ခန္ဓာကိုယ် အချိုးအစားရမှသာ လေ့ကျင့်မှုစတင်ပါ။

၇) ဗိုက်မဆာပဲ ရသာတဏှာနောက်လိုက်၍ အစားအစာ စားသုံးခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။

ကိုယ်ခန္ဓာ ကျစ်လစ်လှပ၍ ကျန်းမာသန်စွမ်း ကြပါစေ။



Credit : ရဲထွန်းဦး
 
Top