(1) တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးပါ။
(2) မလိမ်ပါနဲ့။
(3) ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ။
(4) ချိုချိုသာသာ ဆက်ဆံပါ။
(5) ရန်ဖြစ်ပြီးတိုင်း ခွင့်လွှတ်ဖို့ ကြိုးစားပါ။
(6) တကယ်မရည်ရွယ်ပဲ ဘယ်တော့မှ လမ်းခွဲဖို့ သွားမပြောပါနဲ့။
(7) ကိုယ်တကယ်အဆင်မပြေဘဲ ကိုယ့်ချစ်သူကို အဆင်ပြေပါတယ်လို့ လိမ်မပြောပါနဲ့။
(8) ကိုယ့်မာနကို ဘေးဖယ်ထားဖို့ သင်ယူပါ။
(9) ကိုယ် မှားတယ်ဆိုရင် ချက်ချင်းတောင်းပန်ဖို့ ကြိုးစားပါ။
(10) အရင်က ကိစ္စတွေနဲ့ အခုကိစ္စတွေကို နှိုင်းမယှဉ်ပါနဲ့။
(11) အရင် ရည်းစားအကြောင်းကို ဘယ်တော့မှ ထုတ်မပြောပါနဲ့။
(12) အပေးနဲ့အယူ မျှအောင် လေ့ကျင့်ပါ။
(13) ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို အမြဲဂရုစိုက်ပါ။
(14) ကိုယ်ချစ်သူနဲ့တွေ့ရင် သူ့ကို တစ်မိနစ်လောက် အမြဲ ဖက်ထားပေးပါ။
(15) လောကမှာ ပြီးပြည့်စုံတဲ့ချစ်သူဆိုတာ မရှိပင်မယ့် ကိုယ့်အတွက် ပြီးပြည့်စုံအောင် ကြိုးစားပေးချင်တဲ့ ချစ်သူဆိုတာတော့ အမြဲရှိပါတယ်။

ဒီအချက် ၁၅ချက်လေးကိုပဲ ၁၀၀ ရာခိုင်နှုန်းလောက်
ကြိုးစားအားထုတ်မယ်ဆိုရင် သယ်ချင်းတို့လိုချင်တဲ့
ရေရှည်ခိုင်မြဲမယ့် ၁၅၀၀ အချစ်လေးကို ရရှိလာမှာပါ။
 
Top