လူ့ခန္ဓာကိုယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ စက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ မျက်စိနဲ့မြင်ရတာထက် ထူးဆန်းတာတွေ အများကြီးရှိပါတယ်။ ဦးနှောက်ကလည်း ရှုပ်ထွေးဆန်းကြယ်တဲ့ ကိုယ်အင်္ဂါတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့ အလုပ်လုပ်ပုံက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဦးနှောက်နဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၂၀) ကို ဖော်ပြလိုက်ပါတယ်။

၁။ သင် အသက်လေးဆယ်ရောက်တဲ့အချိန်ထိ ဦးနှောက်က ဆက်လက် ဖွံ့ဖြိုးနေတယ်။

၂။ ဦးနှောက်တွင်းမှာ ငါးမိနစ် ဒါမှမဟုတ် ဆယ်မိနစ်လောက်လေး အောက်ဆီဂျင် ပြတ်တောက်သွားပါက ဦးနှောက် ထာဝရပျက်စီးမှု ဖြစ်စေနိုင်တယ်။

၃။ မှတ်ဥာဏ်တိုင်းက ဦးနှောက်ဆက်သွယ်မှု အသစ်တစ်ခုကို ဖြစ်ပေါ်စေတယ်။

၎။ သာမန်ဦးနှောက်တစ်ခုဟာ လျှပ်စစ်မီးလုံးတစ်လုံးကို လင်းစေနိုင်ဖို့ လုံလောက်တဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်ပေးနိုင်တယ်။

၅။ လူတစ်ယောက်ဟာ စွမ်းအင်ခွန်အား ကြီးမားလာတဲ့အခါမှာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကလည်း ပြောင်းလဲသွားတယ်။ စာနာစိတ်တွေ ပျောက်သွားတတ်တယ်။

၆။ အရသာကို တုံ့ပြန်နိုင်တဲ့အင်္ဂါတွေဟာ ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့မှာ ပါဝင်တယ်။ အူ၊ အစာအိမ်၊ ဝှေးစေ့၊ အဆုတ်၊ ပန်ကရိယ၊ စအိုနဲ့ ဦးနှောက်တို့မှာလည်း ရှိတယ်။

၇။ အိုင်းစတိုင်းရဲ့ အလောင်းကိုခွဲစိတ်တဲ့ ရောဂါဗေဒပညာရှင်က အိုင်းစတိုင်းရဲ့ ဦးနှောက်ကို ခိုးယူခဲ့ပြီး ဖန်ဘူးထဲမှာ နှစ် ၂၀ ကြာအောင် ဆေးစိမ်ပြီး ထိန်းသိမ်းထားခဲ့တယ်။

၈။ ပျှမ်းမျှအားဖြင့် သင့်ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းက အဆီသက်သက်သာ ဖြစ်တယ်။

၉။ တစ်ချို့သိပ္ပံသီအိုရီတွေအရ၊ သင်ဟာ အစားအရမ်းလျှော့စားမယ်ဆိုရင်၊ ဦးနှောက်က သူ့ဘာသာသူ ပြန်စားပစ်လိမ့်မယ်။

၁၀။ လူတစ်ယောက် ကာမဆန္ဒ အထွတ်အထိပ်ရောက်နေတုန်းမှာ ဦးနှောက်ကို စကင်ဖတ်ကြည့်မယ်ဆိုရင်၊ ဘိန်းဖြူစွဲနေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ တူတာကို တွေ့ရလိမ့်မယ်။

၁၁။ အယ်ကိုဟောပမာဏက သင့်ကို တစ်ခုခုကို မေ့ပျောက်အောင် လုပ်တာမဟုတ်ဘူး။ ဒီလိုမေ့ရတာက သင်ဟာ မူးပြီး အိပ်လိုက်တဲ့အခါ ဦးနှောက်က မှတ်ဥာဏ်တွေကို သိမ်းဆည်း မှတ်တမ်းမတင်နိုင်တော့လို့ ဖြစ်တယ်။

၁၂။ ဦးနှောက်အေးခဲခြင်းဆိုတဲ့ စကားလုံးရဲ့ သိပ္ပံဝေါဟာရက Sphenopalatine Ganglioneuralgia ဖြစ်တယ်။

၁၃။ ဦးနှောက်ရဲ့ ဘယ်ခြမ်းနဲ့ ညာခြမ်းကြားမှာ ပိုင်းကန့်ထားတာ မရှိဘူး။  ဒါဟာ စိတ်ကူးယဉ် သက်သက်သာဖြစ်ပြီး ဦးနှောက် အစိတ်အပိုင်းနှစ်ခုလုံးက တစ်ပြိုင်နက် အလုပ်လုပ်ပါတယ်။

၁၄။ လေ့လာတွေ့ရှိမှုတစ်ခုအရ၊ စမတ်ဖုန်းကို နာရီများစွာကြာအောင် သုံးစွဲခြင်းက ဦးနှောက်မှာ အကျိတ်ဖြစ်နိုင်ချေ များစေတယ်။

၁၅။ အိပ်ရေးမ၀ခြင်းက သင့်ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေနိုင်တယ်။ သင့်ရဲ့ တုံ့ပြန်မှုတွေကို နှေးကွေးစေပြီး သင့်ရဲ့အမှားအမှန် ဆုံးဖြတ်နိုင်မှုအသိကို အနှောင့်အယှက်ဖြစ်စေတယ်။

၁၆။ ဦးနှောက်ဆဲလ်တွေဟာ အရက်ရဲ့အာနိသင်ကို တုံ့ပြန်ဖို့အတွက် အချိန် ၆ မိနစ်သာ ကြာတယ်။

၁၇။ သတင်းအချက်အလက် အသစ်တစ်ခုကို သင် သိရှိမှတ်သားလိုက်တိုင်းမှာ သင့်ဦးနှောက်ရဲ့ ဖွဲ့စည်းပုံက ပြောင်းလဲသွားပြီး ဦးနှောက်တွင်း ဆက်သွယ်မှုအသစ်တွေ ဖြစ်ပေါ်လာတယ်။

၁၈။ အစားစာတဲ့အခါ ဒါမှမဟုတ် လိင်ဆက်ဆံတဲ့အခါမှာ ဦးနှောက်က ထုတ်လွှတ်ပေးတဲ့ ဒိုပါမင်ဓာတ်ကို ဂီတနားထောင်ခြင်းနဲ့လည်း ရနိုင်တယ်။

၁၉။ ကလေးတွေက အရမ်းအိပ်လေ့ရှိတယ်။ ဘာလို့လည်းဆိုတော့ သူတို့ကိုယ်ထဲမှာ ဖြစ်ပေါ်တဲ့ ဂလူးကို့စ်ဓာတ် ၅၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပစ်လိုက်လို့ ဖြစ်တယ်။

၂၀။ သင့်ဦးနှောက်က နာကျင်မှုကို မခံစားနိုင်ဘူး။ ဦးနှောက်မှာ နာကျင်မှုကို တုံ့ပြန်ခံစားတဲ့ receptor (အာရုံကြောအဖွဲ့အထုံး) တွေ မပါရှိဘူး။




Credit: Trend Myanmar
 
Top