လူမှုကွန်ယက်များပေါ်တွင် ဓာတ်ပုံတင်မယ်ဆိုရင်
လူမှုကွန်ယက်များပေါ်တွင် ဓာတ်ပုံတင်မယ်ဆိုရင် သိထားရမယ့် အတိုင်းအထွာများ
A Picture is Worth a Thousand Words” အင်္ဂလိပ် ဆိုရိုးစကားတစ်ခုရှိပါတယ်။ ဆိုလိုတာကတော့ ဓာတ်ပုံတစ်ပုံဟာ စကားလုံး တစ်ထောင်ထက် ပိုမိုအဓိပ္ပါယ်ရှိတယ်လို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း သင့်ရဲ့ Brand အနေနဲ့ Professional ဆန်ပြီး သေသပ်လှပတဲ့ လူမှုကွန်ယက်တစ်ခုကို ပိုင်ဆိုင်လိုတယ် ဆိုရင်တော့ Profile Photo တွေ၊ Cover Photo တွေနဲ့ ယုတ်စွအဆုံး Post တင်တဲ့အခါ အသုံးပြုတဲ့ ဓာတ်ပုံများပါမကျန် တိကျမှန်ကန်တဲ့ အတိုင်းအထွာများ သုံးစွဲဖို့ လိုအပ်ပါလိမ့်မယ်။
အောက်မှ ဖော်ပြထားတာကတော့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက် ၂ ခု ဖြစ်တဲ့ Facebook နဲ့ Instagram တို့မှာ အသုံးပြုတဲ့ ဓာတ်ပုံများနဲ့ သက်ဆိုင်တဲ့ အတိုင်းအထွာများပဲ ဖြစ်ပါတယ်။
သင့်အနေနဲ့ ခေါင်းထဲမှာ စွဲမြဲစွာ မှတ်သားထားရမှာကတော့ သင့် Brand စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံများရဲ့ အတိုင်းအထွာနဲ့ သင့်ရဲ့ Customer များက ယင်းတို့ရဲ့ Newsfeed ပေါ်မှာ မြင်ရတဲ့ အတိုင်းအထွာ အချိုးအစားက မတူဘူးဆိုတဲ့ အချက်ပါပဲ။
ဒါကြောင့်မို့လို့ Page ပေါ်မှာ ဓာတ်ပုံတင်မယ်ဆိုရင် သင့်ရဲ့ Customer ကို ဘယ်လိုနေရာမှာ အဓိကထားပြီး မြင်တွေ့စေချင်လည်းပေါ် မူတည်ပြီး ဓာတ်ပုံအရွယ်အစားကို ပြင်ဆင်ပေးရပါလိမ့်မယ်။
သိထားသင့်တဲ့ ဓာတ်ပုံ အတိုင်းအထွာများကတော့ -
Profile Photo – 180 x 180 pixels
Cover Photo – 820 x 312 pixels (Desktop)
Cover Photo – 640 x 360 pixels (Mobile)
Event Cover Photo – 1920 x 1080 pixels
Newsfeed Photo – 470 x 174 pixels
Photo Post – 1200 x 630 pixels (ဓါတ်ပုံတင်ခြင်း)
ပုံထွက်အကောင်းဆုံး ဖြစ်စေဖို့ ဓာတ်ပုံများရဲ့ Format ကို sRGB JPG အနေနဲ့ ဖန်တီးပေးဖို့ လိုအပ်ပြီး ပုံရဲ့ အရွယ်အစားဟာ 100 KB ထက် မများဖို့ လိုအပ်ပါတယ်။ Logo တို့ Text စာသားတို့ ပါဝင်တဲ့ ပုံများဖြစ်တယ် ဆိုရင်တော့ Format ကို PNG အဖြစ် ဖန်တီးပေးခြင်းဟာ အကောင်းဆုံးပါပဲ။
Facebook ပေါ်မှာ Post လုပ်မယ့် ဓါတ်ပုံတစ်ပုံဟာ အထက်မှာ ဖော်ပြထားတဲ့အတိုင်း 1200 x 630 pixels ဖြစ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ပုံတစ်ပုံကို Post လုပ်လိုက်ပြီဆိုရင် သင့်ရဲ့ Timeline ပေါ်မှာ ပေါ်လာမှာ ဖြစ်သလို့ သင့် Brand ကို Follow (သို့) Like လုပ်ထားတဲ့ Customer များရဲ့ Newsfeed ပေါ်မှာလည်း ပေါ်လာမှာ ဖြစ်ပါတယ်။
Facebook ရဲ့ ရှုပ်ထွေးလှတဲ့ လုပ်ဆောင်ချက် Algorithm အရ သင့်တင်လိုက်တဲ့ ဓါတ်ပုံတစ်ပုံ (သို့) Post တစ်ခုဟာ သင် Brand စာမျက်နှာနဲ့ ထိတွေ့ဆက်ဆံမှုအရှိဆုံး Customer များရဲ့ Newsfeed ထဲမှာ အရင်ဆုံး ပေါ်လာမှာဖြစ်ပြီး ကျန်သူများအတွက်ကတော့ အဆိုပါ ဓါတ်ပုံရဲ့ ကျော်ကြားမှုအပေါ် မူတည်ပြီးတော့ ဆက်လက်ပြန့်နှံ့သွားမှာ ဖြစ်ပါတယ်။
Instagram ကတော့ ဓါတ်ပုံအသားပေး လူမှုကွန်ယက်ဖြစ်တာကြောင့် သင့်အသုံးပြုမယ့် ဓာတ်ပုံတစ်ပုံကို အကောင်းဆုံး အနေအထား ရရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ Instagram အတွက် သိထားသင့်တဲ့ အတိုင်းအထွာများကတော့ -
Profile Photo – 110 x 110 pixels (အဝိုင်းအတွင်း ပေါ်လာမည့်ဖြစ်တာကြောင့် သင့်ဓာတ်ပုံကို 1:1 အချိုးရှိစေဖို့ မမေ့ပါနဲ့)
Photo Post – 1080 x 1080 pixels
ဒီနေရာမှာ သိထားသင့်တဲ့ အချက်ကတော့ တင်မယ့် ဓါတ်ပုံကို ကွာလတီကောင်းအောင် အနည်းဆုံး 1080 x 1080 pixels ပုံထွက်နှုန်းနဲ့ တင်တာဖြစ်ပေမယ် Istagram က Feed ထဲမှာ မြင်ရတဲ့အခါမှာတော့ 510 x 510 pixels သာ ရှိပါလိမ့်မယ်။ သင့်ရဲ့ Page ပေါ်မှာ တန်းစီပြီပြသထားတဲ့ Thumbnail လေးတွေရဲ့ အရွယ်အစားကတော့ 161 x 161 pixels ရှိပါတယ်။
---
Hyve Media & Communications | Truly Global, Proudly Myanmar
