လွှဲပြောင်းပေးပို့နိုင်တဲ့ ပေါင်းကူးဒေတာစနစ် အစီအစဉ်တစ်ခုကို Ooredoo က စတင်ပြုလုပ်လိုက်ပါတယ်။
အဆိုပါ လစဉ်သုံး ဒေတာလက်ဆောင်တွေဟာ ရက် ၃၀ အတွင်း အသုံးမပြုလိုက်ရတဲ့ ဒေတာများ ဆုံးရှုံးမှာ မဟုတ်ဘဲ နောက်ထပ် ပေါင်းကူးဒေတာအစီအစဉ်ကို ၀ယ်ယူခြင်း (သို့) ဆွေမျိုးမိတ်ဆွေတွေထံက ပေါင်းကူးဒေတာလက်ဆောင်ကိုရယူပြီး လက်ကျန်ဒေတာတွေကို နောက်လအတွင်း ဆက်လက် အသုံးပြုနိုင်မယ်လို့သိရပါတယ်။
ဈေးနှုန်းအနေနဲ့ ၈၀၀ မီဂါဗိုက်အတွက် ၉၉၉ ကျပ်ဖြစ်ပြီး ၈၀၀ မီဂါဗိုက်မှ စတင်ကာ ၁၃၀ ဂီဂါဗိုက်အထိ အမျိုးအစားရှစ်မျိုး အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။
အဆိုပါ “ပေါင်းကူးဒေတာလက်ဆောင်” အစီအစဉ်ကို လက်ဆောင်ပေးလိုပါက *442# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း My Ooredoo App မှသော်လည်းကောင်း ဆောင်ရွက်နိုင်မယ်လို့သိရပါတယ်။

 
Top