0

တစ်ခါတစ်လေမှာ သူငယ်ချင်းတွေရဲ့ မှတ်ပုံတင်နံပါတ်ရှေ့နဲ့ ကိုယ့်နံပါတ် မတူဘူးဆိုတာ သတိထားမိကြမယ်ထင်ပါတယ်။ တကယ်တော့ မှတ်ပုံတင်ရဲ့ ရှေ့နံပါတ်တွေဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တွေပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ပြီးတော့လည်း မှတ်ပုံတင်ရှေ့နံပါတ်ကို ကြည့်ပြီး ဘယ်တိုင်းဒေသကြီး၊ ပြည်နယ်မှာ မွေးတယ် (ဒါမှမဟုတ်) မှတ်ပုံတင်ပြလုပ်ခဲ့တယ်ဆိုတာ အလွယ်တကူမှတ်သားနိုင်ပါတယ်။ ဂဏန်းနောက်က အက္ခရာကတော့ မြို့နယ်ကို ကိုယ်စားပြုပါတယ်။ ဥပမာ – ၁၂/ကမရ (နိုင်) **** ဆိုရင် – ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်လို့ အသေအချာပြောနိုင်ပါတယ်။  ကဲ . . ဒါဆို ဗဟုသုတအနေနဲ့ ကြည့်ရအောင်ဗျာ။
  • ၁ ဆိုရင် ကချင်ပြည်နယ်
    ၂ ဆိုရင် ကယားပြည်နယ်
    ၃ ဆိုရင် ကရင်ပြည်နယ်
    ၄ ဆိုရင် ချင်းပြည်နယ်
    ၅ ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီး
    ၆ ဆိုရင် တနင်္သာရီတိုင်းဒေသကြီး
    ၇ ဆိုရင် ပဲခူးတိုင်းဒေသကြီး
    ၈ ဆိုရင် မကွေးတိုင်းဒေသကြီး
    ၉ ဆိုရင် မန္တလေးတိုင်း/နေပြည်တော်တိုင်းဒေသကြီး
    ၁ဝ ဆိုရင် မွန်ပြည်နယ်
    ၁၁ ဆိုရင် ရခိုင်ပြည်နယ်
    ၁၂ ဆိုရင် ရန်ကုန်တိုင်းဒေသကြီး
    ၁၃ ဆိုရင် ရှမ်းပြည်နယ်
    ၁၄ ဆိုရင် ဧရာဝတီတိုင်းဒေသကြီး
“ချင် ယား ရင် ချင်း စစ် ရီ ခူး ကွေး လေး မွန် ခိုင် ကုန် ရှမ်း စုံ ဧရာ တိုင်းနဲ့ပြည်နယ် ၁၄ပါ” လို့ စာချိုးနဲ့ အလွယ်တကူမှတ်သားလို့ရပါတယ်။ ဒါတွေကတော့ မှတ်ပုံတင်ကို ကြည့်ပြီး ဘယ်နယ်ကလဲလို့ အလွယ်တကူပိုင်းခြားလို့ ရနိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ကဲ . . စာဖတ်ပရိတ်သတ်ကြီးရော မှတ်ပုံတင်ရှေ့နံပါတ်ကို ကြည့်ပြီး ဘယ်ကလဲလို့ ဥာဏ်စမ်းကြရအောင်။

Post a Comment

 
Top