0
 


စစ်
(၁၉၈၆ဧပြီလ သုတဗဒေသာစာစောင်စာမျက်နှာ ၁၀၄၊၁၀၅၊၁၀၆ မှအတွဲ၁၃အမှတ်၂)

အစောဆုံးစစ်လက်နက် 

သစ်သားလှံအကျိုးတစ်ခုဖြစ်သည်။၁၉၁၁ခုနှစ်ဧပြီလအင်္ဂလန်
ကျွန်းအက်ဆက်ပြည်နယ်တွင်တွေ့ခဲ။ လှံကျိုးသက်တမ်းမှာသိပ္ပံနည်း
ဖြင့်စစ်ဆေးနိုင် သည့်သက်တမ်းထက်ပင်ကျော်လွန်နေသေးသည်ဟုဆိုသည် ပညာရှင်များက ထိုလှံကျိုးကိုခရစ်မပေါ်မှီနှစ်ပေါင်း၂သိန်းခန့်မှ စစ်လက်နှက်တခုဖြစ်သည်ဟု ခန့်မှန်းကြသည်။

အရှည်ကြာဆုံးစစ်ပွဲ

ကမ္ဘာသမိုင်းတွင်ဖြစ်ပွားသောစစ်ပွဲကြီးများအနက်ကာလအရှည်ကြာ ဆုံးစစ်ပွဲများအင်္ဂလန်နှင့်ပြင်သစ်တို့ဖြစ်ပွားခဲ့ကြသောနှစ်တရာစစ်ပွဲဖြစ် သည်။ သက္ကရာဇ်၁၃၃၈မှ၁၄၅၃ ထိ ၁၁၅နှစ်တိုင်တိုင်ဖြစ်ပွားခဲ့သည်။ ထိုအတူပြတ်တောင်း ပြတ်တောင်းဖြစ်ပွားခဲ့သော ခရူးဆိတ်စစ်ပွဲမှာလည်းပထမခရူးဆိတ်စစ်ပွဲ(၁၀၉၆-၁၁၀၄)မှန၀မ ခရူးဆိတ်စစ်ပွဲ(၁၂၇၀-၁၂၉၁) အထိသက်တမ်းအားဖြင့် ၁၆၅နှစ်ကြာမြင့်ခဲ့သည်ဟု ဆိုနိုင်သည်။

အတိုဆုံးစစ်ပွဲ

ကမ္ဘာအတိုဆုံးစစ်ပွဲမှာ ဗြိတိန်နိုင်ငံနှင့် အာဖရိကတိုက်မှဇန်ဇီဘာ (ယခု တန်ဇန်နီးယားနိုင်ငံ၏ တစိတ်တဒေသ) တို့ဖြစ်ပွားသောစစ်ပွဲဖြစ်သည်။ ၁၈၉၆ခုနှစ်သြဂုတ်လ၂၇ရက်နေ့ နံက်၉နာရီ၂မိနစ်မှ ၉နာရီ၄၀မိနစ်အထိသာ ကြာသည်။ ဗြိတိသျှရေကြောင်း ဗိုလ်ချူပ်ဟယ်ရီဟိုးဝပ်ရော်ဆင် ဦးစီးသော ဗြိတိသျှရေတပ်ဖွဲ့သည်ကိုယ့် ကိုယ်ကိုဘုရင်မြှောက်ပြီး နန်းတက်နေသော ဆူလတန်ဆစ်ခါလစ်ကို နန်းတော်မှထွက်၍လက်နက်ချရန်ရာဇသံပေးသည်။ မလိုက်နာသောကြောင့်တပ်ဖွဲ့မှ၃၈မိနစ်ကြာအမြှောက်များဖြင့်ပစ်ခတ်ပြီးသောအခါမှ လက်နက်ချသည်။

အသေအပျောက်အများဆုံးစစ်ပွဲ

စစ်အတွင်းသေဆုံးကြသောလူသားတို့၏ အရေအတွက် နှင့်တိုင်းတာမည်ဆိုလျှင် ကမ္ဘာပေါ်တွင်အသေအပျောက် အများဆုံးစစ်ပွဲမှာ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အကြီးအတွင်း သေဆုံးကြရသော စစ်သည်နှင့်အရပ်သားစုစုပေါင်းမှာ ၅၄သန်း၈သိန်းခန့်ရှိမည်ဟု ခန့်မှန်းကြ သည်။ယင်းတို့အနက် ဆိုဗီယက်ပြည်ထောင်စုတစ်ခုတည်း၏အသေအပျောက်မှာ ၇သိန်း၈ သိန်းရှိသည်ဟုဆိုသည်။ လူဦးရေအချိုးအစားအရ စစ်ဒဏ်အခံရဆုံးနိုင်ငံမှာ ပိုလန်နိုင်ငံဖြစ် သည်။ စစ်အတွင်းပိုလန်လူမျိုး ၆၀၂၈၀၀၀ခန့်သေဆုံခဲ့ရာ ထိုပမာဏမှာ လူဦးရေစုစုပေါင်း၏ ၂၂.၂% ပင်ဖြစ်သည် ပထမကမ္ဘာစစ်အတွင်းတိုက်ပွဲတွင် ကျဆုံးသောဦးရေမှာ ကိုးသန်းကျော် (၉၇၀၀၀၀၀၀) ဦးသာရှိပြီ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲတွင်ကျဆုံးသောဦးရေမှာ၁၅သန်း ကျော် (၁၅၆၀၀ ၀၀၀)ဦးခန့်ရှိသည်။

အဆိုးရွားဆုံးပြည်တွင်းစစ်

သမိုင်းစဉ်တွင်လူအသေအပျောက်အများဆုံးပြည်တွင်း စစ်မှာ တရုတ်ပြည်တွင် မန်ချူးအစိုးရလက်ထက် ၁၈၅၁ခုနှစ် မှ ၁၈၆၄ခုနှစ်အထိဖြစ်ပွားခဲ့သော တိုင်ပင်သူပုန်ထသမျှဖြစ်သည်။ ထိုကာလအတွင်းသေဆုံးသူစု စုပေါင်းမှာ သန်း၂၀ မှ သန်း၃၀ ခန့် အတွင်းရှိမည်ဟုခန့်မှန်းထားကြသည်။

စရိတ်အကြီးဆုံးစစ်ပွဲ

ဒုတိယကမ္ဘာစစ်ကြီး၏ ကုန်ကြစရိတ်မှာကမ္ဘာပေါ်တွင်ဖြစ်ပြီး သမျှစစ်ပွဲအားလုံး ကုန်ကျစရိတ်စုစုပေါင်းအမေရိကန်ဒေါ်လာ ၁.၆ထရီလီယံ (သန်းပေါင်း၁၅၀၀၀ ၀၀၀) ရှိမည်ဟုသိရသည်။ ဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်ပြည်ထောင်စု၏ ကုန်ကျစရိတ်မှာ ဒေါ်လာသန်းပေါင်း ၂၈၀ ၀၀၀ ရှိပြီး အမေရိကန်ပြည် ထောင်စု၏ကုန်ကျစရိတ်မှာသန်းပေါင်း၅၃၀ ၀၀၀ ရှိသည်ဟုခန့်မှန်းသည်။

သွေးချောင်းအစီးဆုံးတိုက်ပွဲ 

သမိုင်းစဉ်တွင်စစ်သည် အသေအပျောက်အများဆုံးတိုက်ပွဲမှာ ပထမ ကမ္ဘာစစ်အတွင်း ၁၉၁၆ခုနှစ်ဇူလိုင်လ(၁)ရက်နေ့မှ နိုဝင်ဘာလ(၁၉)ရက်နေ့ အထိဖြစ်ပွားခဲ့သော “ ဆွမ်း” တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင်နှစ်ဦး နှစ်ဖက်ကျဆုံးသူ ပေါင်း(၁)သန်းကျော်(၁၀၄၃၈၉၆) ရှိသည်။ မဟာမိတ်တို့ဘက်မှ ကျဆုံးသူဦး ရေ ၆၂၃၉၀၇ ဦးရှိပြီး ဂျာမဏီ ဘက်မှကျဆုံးသူဦးရေ ၄၁၉၉၈၉ ဦးရှိသည်ဟုဆိုသည်။ အရပ်သားများအပါအ၀င်လူအသေအပျောက် အများဆုံးတိုက်ပွဲမှာ ဒုတိယကမ္ဘာစစ်အတွင်းဖြစ်ပွားခဲ့ သော “စတာလင်ဂရက်” တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် နှစ်ဦးနှစ်ဘက်ကျဆုံးသူစုစုပေါင်း တသန်း သုံးသိန်းခန့် ရှိမည်ဟုခန့်မှန်းထားသည်။ ဂျာမန်ဗိုလ်ချူပ်ကြီးဖီးမာရှယ် “ ဖရက်ဒရစ်ဖွန် ပါလပ်” က ၁၉၄၃ခုနှစ် ဖေဖေါ်ဝါရီလ ၂ရက်နေ့ တွင် လက်နက်ချခြင်းဖြင့်ထိုတိုက်ပွဲပြီးဆုံးခဲ့ သည်။

အကြီးဆုံးရေကြောင်းတိုက်ပွဲ

သမိုင်းစဉ်တွင် သင်္ဘောနှင့်လေယာဉ် အရေအတွက်အများဆုံး ပါဝင်တိုက်ခိုက်ခဲ့သောရေကြောင်း တိုက်ပွဲမှာဖိလစ်ပိုင် ကျွန်းစုအနီးဖြစ်ပွားခဲ့သည့် ဓလတီပင်လယ်ကွေ့တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်သင်္ဘော ၂၃၁စီးနှင့်လေယာဉ်၁၉၉၆ စင်းတို့ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း၁၉၄၄ ခုနှစ် အောက်တိုဘာလ၂၂ရက်နေ့မှ၂၇ ရက်ထိတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ထိုတိုက်ပွဲကြီး တွင်မဟာမိတ်စစ်သင်္ဘော ၁၆၆စီး ၊ စစ်လေယာဉ် ၁၂၈၀ စင်းတို့နှင့် ဂျပန်စစ်သင်္ဘော ၆၅စီး ၊ စစ်လေယာဉ် ၇၁၆ စင်းတို့ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ဂျပန်စစ်သင်္ဘော၂၆စင်းနှင့်အမေရိ ကန်စစ်သင်္ဘော ၆စင်းနစ်မြူပ်ခဲ့သည်။ပထမကမ္ဘာစစ်အတွင်း ၁၉၁၆ ခုနှစ်မေလ ၃၁ရက်နေ့ တွင်ဗြိတိသျှစစ်သင်္ဘော၁၅၀စီးနှင့် ဂျာမန်စစ်သင်္ဘော၁၀၁စီးတို့သည် ဂျူလင်းရေကြောင်း တိုက်ပွဲကြီးတွင်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲကြီးတွင် ဗြိတိသျှစစ်သင်္ဘော၁၄စီးနှင့် စစ် သည်၆၀၉၇ ဦးဆုံးရှုံးခဲ့ပြီး ဂျာမန်ဘက်မှစစ်သင်္ဘော၁၁စီးနှင့်စစ်သည်၁၅၄၅ဦးဆုံးရှုံးခဲ့ သည်။

အကြီးဆုံးရေကြောင်းချီစစ်ဆင်မှု

ဒုတိယကမ္ဘာစစ်အတွင်း၁၉၄၄ခုနှစ်ဇွန်လ၆ရက်နေ့ တွင်ပြင်သစ် “နော်မန်ဒီ” ကန်ရိုးတန်းတလျှောက်ထိုး စစ်ဆင်ခဲ့သောမဟာမိတ်တို့၏ ကြည်း ၊ ရေ ၊ လေ စစ်ဆင်မှုသည်သမိုင်းတွင် အကြီးဆုံးရေ ကြောင်းချီစစ်ဆင်မှုဖြစ်သည်။ ပထမသုံးရက်အတွင်းသင်္ဘော၇၄၅စီးသည် သင်္ဘောအုပ်စုအဖြစ် ဖွဲ့စည်းပြီး ကမ်းထိုးယဉ်၄၀၆၆စီး၏ အကူအညီဖြင့်စစ်သည်ပေါင်း ၁၈၅၀၀၀ ဦးနှင့်ယာဉ်ပေါင်း ၂၀၀၀၀ ကိုသယ်ယူပို့ဆောင်ပေးခဲ့သည်။ ထိုးစစ်ဆင်မှုတွင်လေထီးစစ်သည် ၁၈၀၀၀ ကိုလေ ယာဉ်၁၀၈၇စင်းမှချပေးခဲ့သည်။ တပ်မ၄၂ခုကိုလေကြောင်းမှလေယာဉ်၁၃၁၇၅ စင်းဖြင့်အကူ အညီပေးခဲ့သည်။ တလအတွင်းစစ်သည် ၁၁၆၀၀၀၀ ၊ စစ်ယာဉ်ပေါင်း၂၀၀ ၀၀၀ နှင့်လက်နက် ပစ္စည်းတန်ချိန် ၈၄၀ ၀၀၀ ကိုဥရောပကမ်းခြေသို့ အရောက်ပို့ဆောင်ပေးနိုင်ခဲ့သည်။

အကြီးဆုံးလေကြောင်းချီစစ်ဆင်မှု

အကြီးဆုံးလေကြောင်းချီစစ်ဆင်မှုများ ၁၉၄၄ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင်နယ်သာလန်နိုင်ငံ အင်ဟမ်အနီး ၊ အင်္ဂလိပ်နှင့်အမေရိကန်တပ်မ၃ခု (စစ်သည်၃၄၀၀၀)ကို လေယာဉ်အစီး၂၈၀၀ စက်မဲ့လေယာဉ်၁၆၀၀တို့ဖြင့် လေကြောင်းမှပေးပို့တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

အကြီးဆုံးဆုတ်ခွာမှု

သမိုင်းစဉ်တွင်အကြီးဆုံးဆုတ်ခွာမှုမှာ၁၉၄၀ပြည့်နှစ် မေလ ၂၇ ရက်နေ့မှ ဇွန်လ၄ရက်နေ့အတွင်းပြင်သစ်နိုင်ငံ “ဒန်းကပ်” မှ အင်္ဂလန်ကျွန်းသို့ ဗြိတိသျှနှင့်ပြင်သစ်စစ်သည်၃၃၈၂၂၆ဦးတို့ပြန်လည်ဆုတ်ခွာမှုဖြစ်သည်။ ထို သို့ဆုတ်ခွာရာတွင်အရပ်ဘက်နှင့် စစ်ဘက်ရေယာဉ်ပေါင်း၁၂၀၀တို့က သယ်ယူပို့ဆောင်ပေးခဲ့ ရသည်။

အဆိုးရွားဆုံးပိတ်ဆို့မှု

သမိုင်းစဉ်တွင်အဆိုးရွားဆုံးဝိုင်းဝန်းပိတ်ဆို့မှုမှာဒုတိယကမ္ဘာ စစ်အတွင်း ဆိုဗီယက်ပြည်ေထာင်စုရှိ လီနင်ဂရက်မြို.ကိုဂျာမန်တပ်များက ရက်ပေါင်း ၈၈ကြာ ၀ိုင်းဝန်းပိတ်ဆို့ထားမှုဖြစ်သည်။ဂျာမန်တပ်များသည်၁၉၄၁ခုနှစ် သြဂုတ်လ ၃၁ရက်နေ့မှ၁၉၄၄ခုနှစ် ဇန္န၀ါရီလ ၁၇ရက်နေ့အထိ ပိတ်ဆို့ထားရာ လီနင်ဂရက်မြို့ အတွင်းရှိစစ်သည်များနှင့်အရပ်သား စုစုပေါင်း ၁.၃သန်းမှ၁.၅သန်းအထိသေဆုံးခဲ့ကြသည်ဟုသိရသည်။

ခရီးအဝေးဆုံးသွားရောက်တိုက်ခိုက်မှု

လေကြောင်းစစ်သမိုင်းတွင် ခရီးအဝေးဆုံးသွားရောက်တိုက်ခိုက်မှုမှာ မကြာသေးမှီက ဖြစ်ပွားခဲ့သော ဖော့ကလန်စစ်ပွဲအတွင်းကဖြစ်သည်။ ထိုစစ်ပွဲတွင်ဗြိတိသျှလေတပ်မှဗော်လကန်အမျိုးအစား ဗုံးကြဲလေယာဉ်တစ်စင်းသည်အက်ဆက်ရှင်းကျွန်းမှဖော့ကလန်ကျွန်းရှိ ပို့စတင်လီမြို့သို့သွား ရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ ထိုခရီးမှာအသွားအပြန်မိုင်၈၀၀၀ကျော်ကွာဝေးသည်။
Guinness Book of World Records စာအုပ်မှ War ကိုမောင်ဝင်းဟန်က ဆီလျှော် အောင်ဘာသာပြန်ဆိုပြီး

သုတပဒေသစာစောင်အတွဲ၁၃၊ အမှတ်၂ ဧပြီလ၁၉၈၆ထုတ်စာအုပ်မှ
  Credit by သခင်ကြီး(မြန်မာသူငယ်ချင်းများနေ့ )

Post a Comment

 
Top