0

သက်တမ်း နှစ်ပေါင်း ငါးရာခန့်ရှိ မြန်မာ့အကြီးဆုံး ကျွန်းပင်ကြီးမှာ လက်ရှိ တိုင်းတာချက်အရ ရင်စို့ လုံးပတ် လေးလက်မခန့် ကြီးထွားလာ

သဘာဝအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းလျက်ရှိသော သက်တမ်းနှစ်ပေါင်းငါးရာခန့်ရှိ မြန်မာ့အကြီးဆုံးကျွန်းပင်ကြီးမှာ လက်ရှိတိုင်းတာချက်အရ ရင်စို့လုံးပတ်လေးလက်မခန့် တိုးတက်ကြီးထွားလာကြောင်း သိရှိရသည်။ အဆိုပါကျွန်းပင်ကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နန်ကျင်ကြိုးဝိုင်းအတွင်းရှိနေ ခြင်းဖြစ်ပြီး ယင်းကျွန်းပင်ကို ၁၉၉၇ ခုနှစ်ကစတင်တွေ့ရှိစဉ်က ရင်စို့လုံးပတ် ၂၆ ပေ ၄ လက်မရှိရာမှ ယခု ၁၅ ရက်တိုင်းတာမှုအရ ရင်စို့လုံးပတ် ၂၆ ပေရှစ်လက်မအထိ တိုးတက်ကြီးထွားလာကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး သစ် တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ''ကျွန်တော်တို့ သွားရောက်တိုင်းတာတဲ့အခါမှာ လေးလက်မလောက် ပိုပြီးကြီးထွားလာတာတွေ့ရပါတယ်။ ဒီကျွန်းပင်ကြီးကို အစဉ်အဆက်ထိန်းသိမ်းလာ ခြင်းဖြစ်ပါတယ်။ အခုဆိုရင် သစ်ပင်ကြီးရဲ့ခန့်မှန်းက နှစ်ပေါင်းငါးရာ လောက်ရှိပြီလို့ခန့်မှန်းထားတာတွေရှိပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ကတော့ သဘာဝအမွေအနှစ်အနေနဲ့ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ် ပါတယ်''ဟု မေ ၂၁ ရက်ကပြောသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ သစ်တောများမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သစ်တောများထက် ကောင်းမွန် နေသေးပြီး မှတ်တမ်းဝင်နိုင်သည့် ကျွန်းပင်များရှိနိုင်၊ မရှိနိုင်ကိုလည်း ဆက်လက်လေ့လာမှုများပြုလုပ်နေ ကြောင်း သိရသည်။
ဦးခင်မောင်ဝင်းက ''ဒီကျွန်းပင်ကြီးကို နိုင်ငံခြားသားတွေ၊ ပြည်တွင်းကသူတွေ လာလာပြီးတော့ လေ့လာတာတွေလည်းရှိပါတယ်။ လာတဲ့သူတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်လာကျတယ်။ ဒေသခံတွေလိုက်ပြခိုင်းတယ်ပေါ့။ ခရီးလမ်းကောင်းရင် တော်တော်ကိုလာ ရောက်ကြည့်ရှုသူတွေများလာနိုင်ပါ တယ်။ ဒါ့အပြင် တတိယအကြီးဆုံး ကျွန်းပင်ကြီးဖြစ်တဲ့ ကောလင်းမြို့နယ်က ကျွန်းပင်ဆိုရင် ကျောင်းသူ၊ ကျောင်းသားတွေ အုပ်စုလိုက်လေ့ လာမှုအဖြစ်လာတာမျိုးတွေရှိပါတယ်''ဟု ပြောသည်။ မြန်မာနိုင်ငံတွင် သဘာဝကျွန်းပင်များမှ အကြီးဆုံးမှတ်တမ်းဝင်ထားသည့်ကျွန်းပင်များတွင် ဒုတိယအကြီးဆုံးကျွန်းပင်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ လုံးပတ် ၂၅ ပေ ၄၄ လက်မကျွန်းပင်ကြီးဖြစ်ပြီး တတိယအကြီးဆုံး ကျွန်းပင်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကောလင်းမြို့နယ်၊ မုတ် ဝကြိုးဝိုင်းတွင် ရင်စို့လုံးပတ် ၂၃ ပေ ၂ဝ လက်မရှိ ကျွန်းပင်ကြီးဖြစ်ကာ အဆိုပါတတိယအကြီးဆုံးကျွန်း ပင်ကို ယခုနှစ်မတ်လအတွင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Post a Comment

 
Top