Facebook က Live Video များသာမက Live Audio ၀န်ဆောင်မှုကိုပါ ပြုလုပ်ပေးလိုက်ပါသည်။
သတင်းမီဒီယာများကသတင်းများကိုအသံဖြင့်တင်ဆက်နိုင်မည်ဖြစ်သကဲ့သို့ကုမ္ပဏီများကလည်းသူတို့၏ထုတ်ကုန်နဲ့ ၀န်ဆောင်မှုများကိုအသံဖြင့်ကြော်ငြာနိုင်မည်ဖြစ်ပါသည်။
Live Audio ရဲ့ အားသာချက်မှာ အင်တာနက်ဆက်သွယ်မှုမကောင်းရင်တောင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
Pages များ၊ ပရိုဖိုင်များမှLive Audio များကို ထုတ်လွှင့်နိုင်မှာဖြစ်ပါသည်။
သတင်းရေဒီယိုဖြစ်သည့် BBC World Service ဗြိတိန်၏နာမည်ကျော်ရေဒီယိုအစီအစဉ် LBC စာအုပ်ထုတ်ဝေသူ Harper Collins နှင့် စာရေးဆရာ Adam တို့၏ Live Audio များကို အရင်ဆုံးနားဆင်နိုင်အောင် Facebook က စီစဉ်နေပါသည်။
Facebookမှလာမည့်နှစ်အစောပိုင်းမှာကမ္ဘာအ၀န်းမှ Publishers များ၊ Users များအတွက် တိုးချဲ့ဝန်ဆောင်မှုပေးမည်ဟုသိရသည်။
Android Users များသည်အခြား Apps များကိုအသုံးပြုနေစဉ် သို့မဟုတ် Lock Screen မှLive Audio များကို နားဆင်နိုင်မှာဖြစ်ပြီး iOS Users များမှာFacebook App မှ အခြားအရာများကိုကြည့်နေစဉ်တွင် Live Audio များကိုနားဆင်နိုင်မည်ဖြစ်ပါသည်။
အသံတစ်ခါထုတ်လွှင့်မှုအတွက်အချိန် 4 နာရီရရှိမည်ဖြစ်ပြီး Live Audio ကိုနယ်ပယ်များစွာမှာ အသုံးပြုနိုင်ပါသည်။
ရေဒီယိုစတေရှင်များ၏အစီအစဉ်များ၊ သတင်းမီဒီယာများ၏သတင်းများ၊ Podcasts များ၊ စာရေးဆရာများ၊ အဆိုတော်များ၊ နာမည်ကျော်များ၊ Live Audio များဟာ Live Audio များကိုကောင်းစွာ အသုံးချနိုင်မှာဖြစ်ပါသည်။
Facebookသည် Live Content များကိုသူ့၏လူမှုကွန်ရက်မှာတိုးချဲ့ဝန်ဆောင်မှုပေးနေပြီး ၂၀၁၅ ခုနှစ်တွင် Live Video နှင့်ပြီးခဲ့တဲ့တစ်ပတ်က Live 360 Video များကို ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
Source:MyanmarNetguide

Post a Comment