မိန်းကလေးတစ်ယောက်ဟာ အနီရောင် ကို ၀တ်လိုက်ရင် ပို ဆွဲဆောင် မှုရှိ သွားစေတယ်ဆိုတာကို လူတိုင်းလိုလို သိကြပါတယ်။ဒါပေမယ့်ဘာဖြစ်လို့ အနီရောင်က ပိုဆွဲဆောင်မှုရှိသွားစေတာလဲလို့ မေးရင်တော့ သိတဲ့ သူရှားပါ တယ်။မိန်းကလေးတစ်ယောက် အနီရောင် ၀တ်လိုက်တာနဲ့ယောက်ျားတွေ လည်ပြန်ငေးရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းရှိပါတယ်။အဲ့ဒါကတော့…..
အနီရောင် ၀တ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ယော က်ျားတွေ မလွန်ဆန်နိုင်ရတဲ့ အကြောင်းကို အဖြေရှာဖို့ The City University of New York မှာ လေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ ဒါဟာ ယုံတမ်းစကားမဟုတ်ပဲ တကယ်ပဲ ဆိုတာကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ ပါတယ်။
ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Steven G Youn ဆိုသူက ပြောရာမှာ ရခဲ့တဲ့ သက်သေအထောက်အထားတွေအရ အရောင်ရဲ့ ပြင်ပအသွင်အပြင်ဟာ  ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်စေနိုင်ပါတယ်။အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင် ရာ(sexual) စိတ်လှုပ်ရှားမှုဟာ  ပါး၊လည်ပင်းနဲ့ရင်ဘတ်တို့ နီမြန်းခြင်း (ရှက်ေ သွးဖြာခြင်း)နဲ့ဆက်စပ်မှုရှိပါတယ်။အမျိုးသမီးတွေဟာ အနီဝတ်လိုက်တဲ့ အချိန်ဟာ တခြားအရောင်တွေကို ၀တ်ထားတဲ့ အချိန်ထက် သူတို့ဟာ ပိုဆွဲေ ဆာင် မှုရှိသွားတယ်လို့ထင်ကြ ပါတယ်။
ဆန့််ကျင်ဘက်လိင် အမျိုးသားတွေက မိန်းကလေးတွေဝတ်ထားတဲ့ အနီရောင် အပေါ်  sensitive ဖြစ်ကြပါတယ်။တခြားအရောင်တွေနဲ့ယှဉ်ရင် မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ အနီရောင်ကို ၀တ်ထားချိန် နောက်ခံ (backgrounds)တစ်ခုအဖြစ် မြင်လိုက်ရင် ပိုဆွဲဆောင်မှုရှိတယ်လို့ သူတို့က မြင်ကြတာပါ။
ဘယ်လောက်အထိ အနီရောင်က အမျိုးသားတွေရဲ့ စိတ် ကို လွှမ်းမိုးနို င်သလဲဆိုရင်၊အနီရောင် အ၀တ်ကို ၀တ်ထားမှ မဟုတ်ပဲ အနီရောင် ပစ္စည်းတစ်ခုခု ဥပမာ- ဖုန်းအနီ၊laptop အနီကို ကိုင်ထားတဲ့ မိန်းကလေးဟာ တခြားအရောင် ပစ္စည်းတစ်ခုခုကို ကိုင်ထားတဲ့ မိန်းကလေးထက် ပိုဆွဲဆောင် မှုရှိတယ်လို့ ထင်ကြပါတယ်။
သုတေသနရလဒ်အရဆိုရင် အနီရောင် ဟာ မိန်းကလေးတွေအတွက် မှော် လက်နက်တစ်ခုလို့ တောင် ပြောလို့ရပါတယ်။မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို မြှင့်ပေးနိုင်တဲ့အရာလို့မြင်နေကြပါတယ်။ဒါပေမယ့် ပင်ကိုယ်က သိပ်ဆွဲဆောင်မှုမရှိတဲ့ မျက်နှာပိုင်ရှင်ဆိုရင်တော့ ထင်သလောက်တော့ မထိရောက် ဘူးလို့ သိရပါတယ်။


Ref;metro
 
Top