သရုပ်ဆောင် နေမျိုးအောင် ကတော့ အမြန်လမ်း မှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလို့ ဖမ်းဆီးဒဏ်ရိုက်ခံ လိုက်ရပါတယ်။ နေပြည်တော်-မန္တလေးအမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလို့ အမြန်လမ်းရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ ဒဏ်ငွေရိုက်ခဲ့ပါတယ်။
နေမျိုးအောင် မောင်းနှင်လာတဲ့ လင်ခရူဇာကား ဟာ မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက သတ်မှတ်ထားတဲ့ ကီလို (၁၀၀)ထက်ကျော်လွန်ပြီး ကီလို(၁၃၆)အထိ ကို မောင်းနှင်လာတာကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
“နေပြည်အ၀င်ဂိတ်မှာဖမ်းစီးရမိတာပါ။သတ်မှတ် ကီလိုထက် ပိုမောင်းလို့ဖမ်းပြီးချလံဖြတ်ပေးလိုက်ပါ တယ်။နေပြည်တော် ဇဗ္ဗူသီရိတရားရုံးမှာဘဲသွားဆောင်လို့ရတယ်လို့ပြောလိုက်တော့အဲဒီမှာဘဲဆောင်သွားတယ်လို့သိရပါတယ်”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။
နေပြည်တော်-မန္တလေးအမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် အရှိန်ပိုမောင်တဲ့ ယာဉ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ(၁)ရက်နေ့ကစပြီး ရက်ကစ၍ သာဂရ၊ ပန်းတင်၊ သီးကုန်း၊ ပြင်စည်၊ ဘောနက်ကြီး၊ မြို့ချောင်း၊ ဘောနီအမြန်လမ်းမ ကြီးရဲစခန်း စတဲ့ ခုနစ်နေရာမှာ အရှိန်နှုန်းတိုင်း ကိရိယာနဲ့ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။
သတ်မှတ် ထားတဲ့ နှုန်းထက် ပိုမောင်းတဲ့ ဘယ်ကားမဆို ဖမ်းဆီးတာ ဖြစ်ပါတယ်။ နေမျိုးအောင်ဟာ ရှမ်းပြည်ဘက်မှာ ရုပ်ရှင်ရိုက်ကူးရေး ရှိလို့ အမြန်လမ်းက သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
အမြန်လမ်းမပေါ်တွင် သတ် မှတ်မိုင်နှုန်း တစ်နာရီ မိုင် ၆၀ (ကီလို ၁၀၀) အထက် ပိုမိုမောင်းနှင်တဲ့ ယာဉ်များကို ဖမ်းဆီးစစ် ဆေးပြီး နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ယာဉ်စည်းကမ်းထိန်း သိမ်းရေးတရားရုံးမှာ ယာဉ်တစ် စီးလျှင် ဒဏ်ငွေကျပ် ၅၀,၀၀၀ ဖြင့် ဒဏ်တပ်အရေးယူဆောင် ရွက်နေသည်။
Source & Photo : 7day Cars
 
Top